Wednesday, March 19, 2014

မဟာဓမ္မာစရိယ ဆရာတော် အညတြ ဘိက္ခု မှ ဒေါ်အောင်ဆန်းစုကြည်သို့ အိတ်ဖွင့်ပေးစာ

၂၀၁၅ ခုနှစ်မှာ NLD ပါတီခေါင်းဆောင်
 ဒေါ်အောင်ဆန်းစုကြည်က သမ္မတဖြစ်
ချင်တယ်လို့ ပြောလိုက်ပါပြီ။ အရင်
အခြေအနေအတိုင်းဆို သူမ သမ္မတဖြစ်မှာ
ကို အားလုံးကလိုလားနေကြတာပါ။
 ဒီအထဲမှာ ရဟန်းသံဃာတွေလဲ ပါဝင်
ခဲ့ပါတယ်။ ဒါပေမယ့် အခုအခြေ
အနေတွေက ပြောင်းလဲသွား ပါပြီ။ သူမ သမ္မတဖြစ်မယ် မဖြစ်ဘူးဆိုတာကိုတော့ သံဃာတော်တစ်ပါးအနေနဲ့ ဘာမှမပြောတတ် ပါဘူး။ ဒါပေမယ့် အခုအချိန်မှာ သံဃာတော်တွေ ဘာကိုတွေးနေမလဲဆိုတာတော့ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ကို သိစေချင်ပါတယ်။

အမှန်တကယ် သံဃာတော်တွေ တွေးနေတာကတော့ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်း စုကြည်မဲနိုင်လို့ အာဏာရပြီး သမ္မတဖြစ်လာခဲ့ရင် သံဃာတွေနဲ့ ဗုဒ္ဓဘာသာရဲ့အခြေအနေ ဘယ်လို ရှိမလဲဆိုတာပါပဲ။ တကယ်ဆို ဒီအတွေးကို စတွေးဖြစ်ခဲ့ကြတာလည်း မကြာသေးပါဘူး။ အရင်တုန်း ကတော့ သံဃာတွေက ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ကို အကြွင်းမဲ့ထောက်ခံသူတွေပါ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အတွက် သံဃာတော်တွေ အသက်ပေးခဲ့ကြတယ်ဆိုတာရွှေဝါရောင် တော်လှန်ရေးက သာဓကပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သံဃာတော်တွေနဲ့ ဒေါ်အောင်ဆန်း စုကြည်ဦးဆောင်တဲ့ NLD ပါတီဟာ ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်မှန်း မသိဖြစ်လာနေပါပြီ။ ဒါတွေ ဖြစ်တာ ဘယ်သူ့ကြောင့်ပါလဲ။ ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒေါ်အောင်ဆန်းစုကြည်ကြောင့်ပါ။

ဆရာတော် ဦးဝိစိတ္တာဘိဝံသ(၀ီရသူ)က ခွပ်ဒေါင်းကနေ မွတ်ဒေါင်းဖြစ်သွားပြီးလို့ တရား ဟောလိုက်တဲ့အချိန်မှာ အစ္စလာမ်နဲ့ မွတ်ဆလင်တွေ လွှမ်းမိုးနေတဲ့ မိမိတို့ပါတီကို မပြုပြင်ဘဲ NLD ပါတီဝင်တွေဟာ ဦးဝီရသူကို ရန်သူကြီးတစ်ယောက်လို အဆက်မပြတ် တိုက်ခိုက်တော့တာ ပါပဲ။ ဒီတိုက်ခိုက်မှုဟာ နောက်ပိုင်းကြတော့ သံဃာတော်အားလုံးကို တိုက်ခိုက်တဲ့ပုံစံမျိုးအသွင် ဆောင်ပြီး NLD ပါတီဝင်တွေက သံဃာတော်တွေရဲ့ ဂုဏ်ကျေးဇူးမဲ့ကို ဗုဒ္ဓဘာသာတစ်ယောက်နဲ့ မတူလောက်အောင်ကို သံဃာတော်တွေအပေါ်ကို တိုက်ခိုက်လာခဲ့ပါတယ်။ ဒီအချိန်မှာ သံဃာထု ဘက်က မနေနိုင်တော့လို့ ပြည်တွင်းပြည်ပမှာရှိတဲ့ သံဃာတော်တွေပါ NLD နဲ့ တိုက်တဲ့တိုက်ပွဲမှာ ပါဝင်လာခဲ့ကြတာပါ။

ဒီတိုက်ပွဲကို အရှိန်မြှင့်တင်ပေးလိုက်တာကတော့ “အမျိုးစောင့်ဥပဒေကိစ္စပါ”။ မှော်ဘီ သံဃာ့အစည်းအဝေးမှာ ဦးဝီရသူက “အမျိုးစောင့်ဥပဒေ” တင်သွင်းတယ်လို့ မီဒီယာတွေမှာ ဖော်ပြပြီ။ အမျိုးသမီးတွေရဲ့ ထင်မြင်ချက်(Opinion)ကို မီဒီယာတွေက မေးမြန်းကြတဲ့အခါ ဒေါ်ဇီးကွက်၊ ဒေါ်ဇင်မာအောင်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့က တညီတညွတ်တည်း ကန့်ကွက်ခဲ့ ကြသည်။ “လူ့အခွင့်အရေးချိုးဖောက်တယ်” လို့ ပြောခဲ့ကြတာပါ။ ဒီတစ်ခါမှာတော့ နှစ်ဖက်(Online) တိုက်ခိုက်မှုတွေ ပိုမိုပြင်းထန်လာခဲ့သည်။ NLD က ခွန်ဒီယမ်ခေါ် မေဇင်အေးရဲ့ ဗုဒ္ဓဘာသာအပေါ် တိုက်ခိုက်မှုတွေက ဗုဒ္ဓဘာသာအတွက် လက်ခံနိုင်စရာအဆင့်ကို ကျော်လွန်ခဲ့ပါတယ်။

တစ်ချိန်ထဲမှာပဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ မေဇင်အေးတို့ နှစ်ယောက်အတူ တွဲရိုက်ထားတဲ့ ပုံတွေ အင်တာနက်မှာ ပျံ့နှံ့လာတဲ့အခါမှာတော့ NLD က ဗုဒ္ဓဘာသာနဲ့ သံဃာတော်တွေကို ရှုတ်ချ အပုတ်ချတဲ့နေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကပါ အလိုတူအလိုပါ လုပ်ခဲ့တယ်လို့ သံဃာတော် တွေက ယုံကြည်လာကြပါတယ်။ အဲဒီမှာပဲ သံဃာတော်တွေက သူတို့ဗုဒ္ဓဘာသာရဲ့အနာဂတ်ကို စတင်စဉ်းစားလာခဲ့ကြတာပါ။ အကယ်၍ ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရင် သံဃာတော်တွေနဲ့ဗုဒ္ဓဘာသာအတွက်ဘယ်လောက်အာမခံချက်ရှိနိုင်မလဲဆိုတာကိုဒေါ်အောင်ဆန်း စုကြည်ကို မေးချင်တာပါ။ အဲဒီလို ဘာလို့မေးရတာလဲဆိုရင်…။ ယနေ့အချိန်ထိ ဒေါ်အောင်ဆန်း စုကြည်က သံဃာတော်တွေနဲ့ဗုဒ္ဓဘာသာကို အကာအကွယ်ပေးတဲ့စကား လုံးဝ မပြောသေးပါဘူး။ ဒါပေမယ့် မွတ်ဆလင်နဲ့အစ္စလာမ်ကို အကာအကွယ်ပေးတဲ့စကားကိုသွယ်ဝိုက်ပြီး ပြောဆိုနေ တယ်လို့ သံတော်တွေက ယူဆနေကြတာပါ။

ဒီအယူအဆဟာ Time မဂ္ဂဇင်းက ဦးဝီရသူအပါအ၀င် သံဃာတော်တွေနဲ့ မြန်မာဗုဒ္ဓ ဘာသာတွေကို The Face of Buddish Terror ဆိုတဲ့ မျက်နှာဖုံးဆောင်းပါး ပါလာချိန်မှာပိုပြီးတော့ ခိုင်မာစေခဲ့ပါတယ်။ ဒီ The Face of Buddish Terror ဆောင်းပါးနဲ့ပတ်သက်ပြီးသမ္မတရုံးအပါအ၀င် မြန်မာမီဒီယာအများစုက Time မဂ္ဂဇင်းကို ကန့်ကွက်နေချိန်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်အမည်ခံထားပါလျက် ဗုဒ္ဓဘာသာအတွက် မည်သည့်ကာကွယ်ပြောဆိုမှုတစ်ခုမှမလုပ် ခဲ့တာတွေအပြင် NLD ပါတီဝင်တွေက ထိုင်းမဂ္ဂဇင်းကို ကန့်ကွက်တဲ့ Campain ကိုတောင် ရှုတ်ချ ခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာဘက်ကနေ အကာအကွယ်ပေးဖို့ ပျက်ကွက်ခဲ့တာဟာ ဒေါ်အောင်ဆန်း စုကြည်နဲ့ NLD ပါတီဝင်တွေကို အစ္စလာမ်တွေရဲ့ လွှမ်းမိုးမှုကြောင့်လို့ ယူဆနေကြတာပါ။

ရှင်းရှင်းပြောရလျှင် အာဏာတောင်မရသေးဘူး သံဃာကို အာခံချင်နေပြီ။ အာဏာသာ ရရင် သံဃာတွေကို ဟာလာလုပ်ပစ်မလားတောင် မသိဘူးလို့ ပြောနေကြပါပြီ။ ဒါက ဘာကိုပြနေ သလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တွေအပေါ် အစ္စလာမ်တွေရဲ့ လွှမ်းမိုးမှုရှိနေတာကို ပြတာပါပဲ။ ဒါတွေဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD က ရဟန်းသံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာ အပေါ် လျစ်လျူရှုနေတာကို ပြနေတယ်လို့သံဃာတော်တွေက ခံစားနေရပါတယ်။ ဒါ့ပြင် ဒေါ်အောင် စုကြည်ဟာ OIC နဲ့ အဆက်အသွယ်ရှိနေပါတယ်။ OIC ရုံးခွဲ မြန်မာနိုင်ငံမှာ ဖွင့်လှစ်ခွင့် သမ္မတ ဦးသိန်းစိန်လက်ထက်မှာ မရခဲ့ပါဘူး။ ဒါပေမယ့် ၂၀၁၅ ခုနှစ်မှာ OIC ရုံးခွဲဖွင့်လှစ်ခွင့်ကို ဒေါ်အောင် ဆန်းစုကြည်က ကျိန်းသေပေါက် ပေးလိမ့်မယ်လို့ ထင်နေပါတယ်။

Final Communique of the OIC contact Group of Myanmar Muslim Rohingya Minorty ဆိုတဲ့ OIC နောက်ဆုံးကြေညာချက်အပိုင်ရေ(g)မှာ(Muslim Opinion Leaders and NGOs should convey their views to their counterparts in Myanmar, first and fore-most to Ms, Aung San Su Kyi, Chairperson of the National League for Democracy)လို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ OIC ပတ်သက်မှုကို အတိအလင်းဖော်ပြထားပါတယ်။ OIC ဆိုတာ မြန်မာ လူမျိုးတွေအတွက် လုံးဝမဟုတ်ပါဘူး။ ဘင်္ဂါလီနဲ့ အစ္စလာမ်အကျိုးစီးပွားသက်သက်မျှသာပါ။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို နိုင်ငံတကာအဆင့်နဲ့အညီဖြစ်အောင် ပြင်မယ်လို့ပြော နေတာတွေဟာ သူအကာအကွယ်ပေးနေတဲ့ ဘင်္ဂါလီတွေကိုယ်တိုင်ကတော့ နိုင်ငံတကာအဆင့်နဲ့ ညီအောင် နေနိုင်စွမ်းမရှိဘဲနဲ့ ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှုဥပဒေကိုတော့ နိုင်ငံတကာအဆင့်နဲ့ညီ အောင်ပြင်မယ်ဆိုတော့ သေချာပါတယ်။ ဒီပြင်ဆင်မှုဟာ ဗုဒ္ဓဘာသာအတွက်လည်း မဟုတ်ဘူး။ မြန်မြာ့ပည်သူတွေအတွက်လည်း မဟုတ်ဘူး။ ဘင်္ဂါလီတွေအတွက်သက်သက်၊ အစ္စလာမ်တွေ အတွက် သက်သက်ပဲ။ အာဏာမရသေးတဲ့ အခုလိုအချိန်မျိုးမှာတောင် ဒီဥပဒေကို ပြင်မယ် တကဲကဲလုပ်နေရင် အာဏာသာရသွားလို့ကတော့ ကျိန်းသေပေါက် ပြင်မယ်ဆိုတာ မြေကြီးလက် ခတ်လွဲမလား။ ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီရဲ့ အဓိကနေရာမှာ အစ္စလာမ်ဘာသာ ၀င်တွေ နေရာယူထားပြီးရုံတင်မကဘဲ ယခုဆိုရင် လွှတ်တော်ထဲမှာ အစ္စလာမ်ဘာသာဝင် အမတ် သုံးဦးရှိပါတယ်။ အကယ်၍ NLD ပါတီကသာ ရွေးကောက်ပွဲမှာ အနိုင်ရသွားရင် အစ္စလာမ် ဘာသာဝင် လွှတ်တော်အမတ် အယောက် ၃၀ လောက် ဖြစ်သွားလိမ့်မယ်လို့ သံဃာတော်တွေက တွက်ထားပါတယ်။ အဲဒီလို တကယ်ဖြစ်ခဲ့ရင် သူတို့အစ္စလာမ်ဘာသာဝင်တွေဟာ ၀န်ကြီးဝန်လေး အမတ်နေရာတွေရလာပြီး ဒေါ်အောင်ဆန်းစုကြည်အားကိုးနဲ့ သခင်အားရ ကျွန်ပါးဝပြီး ဥပဒေ ဘောင်အတွင်းကတစ်မျိုး ဥပဒေပြင်ပကတစ်ဖုံ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာကို ဒုက္ခပေး လိမ့်မယ်လို့ ယူဆနေကြပါပြီ။ ဒီအယူအဆဟာ အကြောင်းမဲ့ (Groundless)မဟုတ်ဘူးဆိုတာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD တို့က ပိုပြီး သိပါလိမ့်မယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဟာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့အန္တရာယ် လို့သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာဝင်ပြည်သူတွေက မြင်လာရင်တော့ သူတို့ “ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပါတီဝင်တွေကို မဲမပေးနိုင်အောင်၊ မဲမရအောင် သံဃာတော်တွေမက ပြည်သူတွေကပါ လှုပ်ရှားလာပါလိမ့်မယ်”။ ဘာကြောင့်လဲ ဆိုတော့ မြန်မာနိုင်ငံမှာ ခေါင်းဆောင်သမ္မတလုပ်ချင်တဲ့သူဟာ ဘယ်သူပဲဖြစ်ဖြစ် သံဃာတော် တွေနဲ့ ဗုဒ္ဓဘာသာရဲ့အကျိုးစီးပွား တစ်နည်းအားဖြင့် အမျိုးဘာသာ သာသနာရဲ့အကျိုးစီးပွားကို အာမခံချက်ပေးနိုင်မယ့်သူ ဖြစ်ရပါတယ်။ အမျိုးဘာသာ သာသနာအတွက် အာမခံချက်မပေးနိုင်တဲ့ အဘယ်ပုဂ္ဂိုလ်မှ မြန်မာနိုင်ငံမှာ ခေါင်းဆောင်(သမ္မတ) မဖြစ်သင့်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရင် သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ အနာဂတ် ဘယ်လို ဖြစ်မယ်ထင်ပါသလဲ…။ ကောင်းတဲ့အနာဂတ်လား မကောင်းတဲ့အနာဂတ်လား…။ တကယ်ဆို သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာပြည်သူတွေလိုချင်တာက ဒီမိုကရေစီဖြစ်ထွန်းပြီး ဗုဒ္ဓဘာသာပြန့် ပွားတဲ့ ဗုဒ္ဓဘာသာ ဒီမိုကရေစီနိုင်ငံတော်ကြီးပါ။ ဒါပေမယ့် ဒီမိုကရေစီခေါင်းဆောင်က အစ္စလာမ် ဘာသာကို မျက်နှာသာပေးတဲ့အခါမှာ ဗုဒ္ဓဘာသာပြည်သူတွေက အစ္စလာမ်လွှမ်းမိုးမယ့် ဒီမိုကရေစီ နိုင်ငံကို သွားရမယ့်အစား ဗုဒ္ဓဘာသာလွှမ်းမိုးတဲ့ အာဏာရှင်နိုင်ငံကို ပြန်သွားမယ်လို့တောင် ပြော နေကြပါပြီ။

ယခုအချိန်မှာ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာပြည်သူတွေအတွက်တော့ စုပ်လဲဆူး စားလဲရူး (Between the Devil and the Deep Blue Sea) ဖြစ်နေပါပြီ။ အားငယ်စရာတော့ မလို ပါဘူး။အဆုံးအဖြတ်ပေးမှာက ဗုဒ္ဓဘာသာပြည်သူတွေပါ။ ရဟန်းသံဃာတော်တွေကတော့ တိုက်ရိုက် ရွေးချယ်လို့မရပါဘူး။ ပြည်သူတွေမှာသာ တိုက်ရိုက်ရွေးချယ်ခွင့်ရှိတာပါ။ ဒါ့ကြောင့် မိမိတို့ပြည်သူ တွေအနေနဲ့ အရွေးချယ် မမှားဖို့လိုပါတယ်။ ပြည်သူတွေ ရွေးချယ်မှားရင် ပြည်သူတွေတင် ဒုက္ခခံစား ရမှာမဟုတ်ပါဘူး။ ပြည်သူတွေ ကိုးကိုယ်နေတဲ့ သံဃာတော်တွေပါ ဒီဆိုးကျိုးကို ခံစားရမှာပါ။ ဒါ့ကြောင့် ပြည်သူတွေရဲ့ ရွေးချယ်မှုက အရေးကြီးတယ်ဆိုတာ ပြည်သူတွေကိုယ်တိုင် သိထားဖို့ လိုပါတယ်။ အဓိက ကတော့ သံဃာတော်တွေနဲ့ ဗုဒ္ဓဘာသာရဲ့ (တစ်နည်းအားဖြင့်) အမျိုး၊ ဘာသာ၊ သာသနာရဲ့ အကျိုးစီးပွားကို အာမခံနိုင်မည့် ခေါင်းဆောင်(သမ္မတ)ကိုသာ ရွေးချယ်ပါလို့ အလေး အနက်တိုက်တွန်းလိုက်ပါရစေ။

အချုပ်အားဖြင့် ပြောရရင် ….

- ၂၀၁၅ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်လို့ OIC ရုံးခွဲ ဖွင့်ခွင့်ပြုမယ်ဆိုရင်

- ၁၉၈၂ ခုနှစ် နိုင်ငံသားဖြစ်မှု ဥပဒေကို ပြင်ခဲ့မယ်ဆိုရင်

- NLD ပါတီတွင်းမှာရှိတဲ့ မွတ်ဆလင် အစ္စလာမ်တွေကို မဖယ်ထုတ်ခဲ့ဘူးဆိုရင်

- NLD ပါတီကို မွတ်ဆလင်၊ အစ္စလာမ်တွေက ဆက်လက်လွှမ်းမိုးနေမယ်ဆိုရင်

- ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က ဘင်္ဂါလီ၊ မွတ်ဆလင်၊ အစ္စလာမ်ဘာသာကို ဆက် လက်အကာအကွယ်ပေးနေမယ်ဆိုရင်

- ဒေါ်အောင်ဆန်းစုကြည်နှင့် NLD က သံဃာတော်များနှင့် ဗုဒ္ဓဘာသာကို အကာအကွယ် ပေးဖို့ ပျက်ကွက်နေမယ်ဆိုရင်

၂၀၁၅ နောက်ပိုင်း သံဃာတော်များရဲ့ ဘ၀နဲ့ ဗုဒ္ဓဘာသာရဲ့ အနာဂတ်ကတော့ လှပလိမ့် မယ်ဟု မထင်။


ထေရဝါဒတို့တိုင်းပြည်
From: အညတြ ဘိက္ခု
(မဟာဓမ္မာစရိယ)

www.mmdailystar.com

No comments:

Post a Comment