Wednesday, February 19, 2014

ထာဝရ မှန်ကန်မယ့် သစ္စာတရား

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ် ဆိုတာ မှန်ကန်တဲ့ သစ္စာ တရားဖြစ်တယ်။
သမိုင်းကြောင်းနဲ့ ပတ်သက်ပြီး သွယ်ဝိုက် နည်းနဲ့ပဲ ကြည့်ကြည့် ၊ ဘယ်လိုပဲ ကြည့်ကြည့် အချုပ်အခြာ အာဏာပိုင် စိုးတဲ့ နိုင်ငံတိုင်းဟာ နိုင်ငံ အင်အားရှိမှ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူတွေပဲ အေးချမ်းစွာ 
တိုင်းပြည် တည်ဆောက် နိုင်မှာ ဖြစ်တယ်။
ကျွန်တော်တို့ တပ်မတော်ထဲ ၀င်စဉ်က ပြောရရင် ကျွန်တော်တို့ ဗိုလ်ဖြစ်ကာစက နယ်စပ်ဒေသ တွေမှာ တိုင်းပြည်ကို ဖျာစုတ် ကလေးသုံးချပ်နဲ့ ကာခဲ့ရတယ် ဆိုတာ အမှန်ပဲ။ တပ်မ(၃)မနဲ့ တိုက်နေရတယ်။ အရှေ့မြောက် ဒေသမှာ 'ဗကပ' က ခြိမ်းခြောက်နေတယ် ။ အဲဒီအချိန်မှာ ၀မ်ပုံအထွက်မှာ ပြည်သူတွေက ကူညီကြတယ်။ ကျိုင်းတုံ ဒေသ မိုင်းပန် ၊ မိုင်းလား ၊ မိုင်းယွန်း ဒေသတို့ကို တပ်မ (၈၈)က သိမ်းယူခဲ့တယ်။ 'ဗကပ' ကလည်း မြန်မာပြည် တစ်ခုလုံးကို သိမ်းယူဖို့ ကြိုးစား ခဲ့တယ်။ 'ဗကပ' က အာဏာနီ တည်ထောင်ဖို့ လုပ်ဆောင်တဲ့ အချိန်မှာ တပ်မတော်ရဲ့ ခေါင်းဆောင်က အတွေးအခေါ် ကောင်းကောင်းနဲ့ ရဲဘော်ရဲဘက် တွေကလည်း အသက် သွေးချွေးတွေနဲ့ တိုင်းပြည်ကို ထိန်းသိမ်း ခဲ့ရတယ်။

တပ်မ(၄၄) ၊ တပ်မ(၆၆) ဖွဲ့ပြီးတဲ့ အချိန်မှာ တိုက်ပွဲတွေ လက်မလည်ဘူး။ ၁၉၈၇ မှာ တိုက်ပွဲတွေ ဖြစ်ပြီး ၁၉၈၈ မှာ မိုင်းယမ်း ၊ မဲသဝေါ တိုက်ပွဲ ဖြစ်ခဲ့တယ်။ ဒီလို တိုက်ပွဲတွေ ဖြစ်တဲ့အတွက် တိုင်းပြည်ကို အေးချမ်းစွာ မတည်ဆောက် နိုင်ခဲ့ဘူး။ ကိုယ့်သမိုင်း ကိုယ်သိတဲ့ လူမျိုး တစ်ယောက်ဟာ တပ်မတော်ကို ဘယ်တော့မှ မစော်ကားဘူး။ မင်းအဆက်ဆက်မှာ နိုင်ငံတော် တည်ဆောက်ခဲ့တာ တပ်မတော် အခန်းကဏ္ဍ အများကြီး ပါဝင်ခဲ့တယ်။ အမျိုးသားရေး ဟာ နိုင်ငံရေးပဲ ၊ အမျိုးသားရေး စိတ်ဓာတ်ရှိမှ ၊ မျိုးချစ် စိတ်ဓာတ်ရှိမှ နိုင်ငံခိုင်မာ နိုင်မယ်။ အမျိုးသားရေး ခိုင်မာအောင် လုပ်တာလည်း စစ်တိုက်တာပဲ။ ကျွန်တော်တို့ စစ်တိုက်နေတာ အမျိုးသားရေး တာဝန် ထမ်းဆောင် နေတာပဲ။ တိုင်းပြည် အေးချမ်းဖို့ ၊ ကိုယ့်နိုင်ငံ ခြံစည်းရိုးကို လူတွေနဲ့ ကာကြည့်လိုက် ၊ အခြားလူတွေ မ၀င်နိုင် အောင်လို့ ဒီလိုကာတာ တိုင်းပြည် လုံခြုံရေးပဲ ဖြစ်တယ်။

တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမယ်။ လုံခြုံမှလည်း တိုင်းပြည် အင်အားရှိမယ်။ တပ်မတော် အကြောင်းကို သိတဲ့ လူတွေက သိမှာပေါ့။ မြို့ထဲမှာ ရှိတဲ့သူတွေက ဘယ်သိမှာလဲ ။ ကျွန်တော် ပြောချင်တာကတော့ မင်္ဂလာဒုံ ဘက်ကို တစ်ခေါက်လောက် သွားကြည့် စေချင်တယ်။ အဲဒီမှာ တစ်ဖက်ကန်း ချိုင်းထောက်တွေနဲ့ စုံနေအောင် တွေ့ရပါမယ်။ တပ်မတော် သားတွေဟာ နိုင်ငံတော် တည်ဆောက်ရင်း နဲ့ သူတို့ အကျိုးကို စွန့်လွှတ် လိုက်ရတာ ဖြစ်တယ်။ သွားကြည့် လိုက်ရင် သိမှာပါ။ သူတို့(တပ်မတော်) မရှိဘဲ တိုင်းပြည် အေးချမ်းနိုင် ပါ့မလား ... ။


 မြန်မာရွှေမြေ

No comments:

Post a Comment