Friday, January 31, 2014

ဗြိတိန်နိုင်ငံ မြန်မာ့ ပြည်တွင်းရေး စွက်ဖက်ရာရောက် ဟု ဆို

ရန်ကုန်၊ ဇန်န၀ါရီ ၃၁
ပုဒ်မ ၅၉(စ)ပြင်ဆင်ရန် ပြောကြားခဲ့သော

 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ ပြောကြား
ချက်မှာ ပြည်တွင်းရေးဝင်ရောက်
စွက်ဖက်ရာ ရောက်နေသဖြင့် လက်မ
ခံနိုင်ကြောင်း အမျိုးဘာသာသာ သနာကာကွယ်စောင့်ရှောက်ရေးအဖွဲ
့က ပြောကြားလိုက်သည်။
မြန်မာနိုင်ငံသို့ ရောက်ရှိနေသော


 ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဟူဂိုဆွိုင်းက ဇန်န၀ါရီလ ၃၀ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်း ပွဲ၌ သမ္မတရာထူးနှင့် စပ်လျဉ်းသည့် ပုဒ်မ ၅၉(စ)ကို အလေးအနက်ထား ပြင်ဆင်ရန်နှင့် ၂၀၁၅ ရွေးကောက်ပွဲတွင် ဒီမိုကရေစီနည်းလမ်းတကျ ဂုဏ်သိ က္ခာ ရှိစွာ ယှဉ်ပြိုင်သွားကြ ရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ လွှတ်တော်ကိုယ်စား လှယ် များ ကိုတိုက်တွန်းပြော ကြားလိုက်သည်။
အထက်ပါ ပြောကြားချက်သည် ပုဒ်မ ၅၉(စ)နှင့်ပတ်သက်ပြီး ကြီးမားစွာ သဘောထားကွဲ လွဲနေသော ပြည် သူများအကြား သဘာထားများ ပို၍ ကွဲလွဲစေရန် သွေးထိုးပေးသည့် သဘော သက်ရောက်နေသည် ဟု ပြည်သူများက ပြောဆိုသည်။
"ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခင်ပွန်းက ဗြိတိန်နိုင်ငံသား၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား(၂)ယောက် လုံးက ဗြိတိန်နိုင်ငံသားတွေ။ ဗြိတိန်နိုင်ငံအနေနဲ့ ဒီအခြေအနေမှာ စကားပြောတာဆိုတာ ဆင်ခြင် သင့်တယ်။ သူတို့က ဒီလို ဖိအားပေးလေ မြန်မာပြည်သူတွေက ပုဒ်မ ၅၉(စ)ကို ဆန့်ကျင်လေ ဖြစ် လာ မှာပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ ဒေါ်စုသားတွေက သူ့နိုင်ငံသားတွေ ဖြစ်နေတော့ သူတို့ရဲ့ သဘောထားဟာ ရီမုတ်ကွန်ထရိုး ကိုလိုနီခံ အုပ်ချုပ်ချင်လို့ ပြောနေတာ လို့ပဲ သဘောပေါက် တယ်။ ဒေါ်စုသာ သမ္မတ ဖြစ်လာရင် သူတို့ လူယုံ သမ္မတဖြစ်လာတာနဲ့ အတူတူပဲ။ ဒေါ်စုကို ဒီလို ပညာတွေ သင်ပေးခဲ့တာ ဗြိတိန်တက္ကသိုလ်တွေ။ ဒေါ်စု ကြီးပြင်းခဲ့တာ ဗြိတိန်နိုင်ငံ။ ဒီတော့ ဒေါ်စု တစ်မိသားစုလုံးက ဗြိတိန်ကို သစ္စာခံထားတာ လို့ ပြောနိုင်တယ်။ ပြည်ပသစ္စာခံတစ်ယောက် သမ္မတဖြစ်ရင် အဲဒီနိုင်ငံ ဘာဖြစ်သွားမလဲ စဉ်းစားသာကြည့်" ဟု ၂၀၁၀ ရွေးကောက်ပွဲ ၀င် နိုင် ငံပါတီတစ်ခု၏ ခေါင်းဆောင်တစ်ဦးက ပြောဆိုသည်။
"ကျွန်တော်တို့က ဒေါ်စုကို မမုန်းပါဘူး။ ဗိုလ်ချုပ်အောင်ဆန်း သမီးဖြစ်တဲ့အတွက် တန်ဖိုးထား ပါတယ်။ အချုပ်အခြာအာဏာနဲ့ ပတ်သက်လာရင်တော့ ရေရှည် စဉ်းစားကြည့်သင့်တယ်။ ဒါကြောင့် ကျွန်တော်တို့ ပါတီက ၅၉(စ)ကို မပြင်ဖို့ ရပ်တည်ခဲ့တာပဲ" ဟု မကြာသေးခင်က လူသိ ထင်ရှား သတင်းထုတ်ပြန်ခဲ့သော နိုင်ငံရေးပါတီတစ်ခုက ပြောဆိုသည်။
"ကိုယ့် နိုင်ငံရဲ့ သမ္မတ အိမ်တော်မြက်ခင်းပေါ်မှာ ကိုယ့် တိုင်းရင်းသား မဟုတ်၊ကိုယ့် နိုင်ငံသား မဟုတ်တဲ့  နိုင်ငံခြားသား .....တစ်ခြားနိုင်ငံသား...သောက် မြေးတော် သားတော် ချွေးမတော်လေးတွေ ပျော်ပျော် ကြီး ဆော့နေမယ့် မြင်ကွင်းကို မျက်စိ နောက် လို့ ၊ အာရုံ ကို မလာလို့၊ သမ္မတအိမ်တော် မြက်ခင်းထဲမှာ မျက်လုံးပြာပြာ နှာခေါင်းချွန်ချွန် လေးတွေ
ကစားခွင့်ပေးလိုက်ရင် နောက် တစ်ဆက် မည်းမည်းသည်းသည်း ဘင်္ဂါလီ အာပေတူး လေးတွေ လာ ကစားနေမှာ စိုးလို့  ၅၉(စ)ကို မပြင်စေချင်တာ" ဟု လူမှုကွန်ယက်အသုံးပြုသူ ကိုရဲမိုးက ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ဗြိတိန်နိုင်ငံသို့ သွားရောက်စဉ် ပါလီမန်၌ မိန့်ခွန်း ပြောကြား ခဲ့ပြီး ဗြိတိန် အစိုးရက ဒေါ်အောင်ဆန်းစုကြည်အား ဂုဏ်ထူးဆောင်နိုင်ငံသားသဖွယ် သတ်မှတ် ထားကြောင်း သိရှိရသည်။

ဗြိတိန်နိုင်ငံ သံရုံးသည် မကြာသေးမီကပင် မြန်မာ့တပ်မတော်အရာရှိများအား သင်တန်းများပေး အပ် ခဲ့ပြီး သင်တန်းဆင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့သည်။ ဗြိတိန်နိုင်ငံသည်
ဒေါ်အောင်ဆန်းစုကြည်အား နှစ်ပေါင်း ၂၀ ကျော် ထောက်ခံရပ်တည်ခဲ့သော နိုင်ငံဖြစ်ပြီး ယခု လာရောက်သည့် နိုင်ငံခြားရေးဝန်ကြီးသည် ဒေါ်အောင်ဆန်းစုကြည်နှင့် နာရီပေါင်းများစွာ တွေ့ ဆုံဆွေးနွေးခဲ့ကြောင်း NLD ပြန်ကြားရေးတာဝန်ခံများ၏ အွန်လိုင်းဖော်ပြချက် သတင်းများအရ သိရှိရသည်။

P-19900232

No comments:

Post a Comment