Saturday, January 18, 2014

မြန်မာအမျိုးသမီးဘောလုံးအသင်း တစ်ဦးလျှင် ဆုကြေးငွေကျပ်သိန်း ၁၅ဝ ခန့်ရရှိ

မြန်မာ့လက်ရွေးစင်အမျိုးသမီး ဘောလုံး
အသင်းသည် ပြီးခဲ့သည့် (၂၇)ကြိမ်မြောက် အရှေ့တောင် အာရှအားကစားပြိုင်ပွဲတွင် တတိယ ဆုရရှိခဲ့ပြီး ပရိသတ်အကြိုက် ကစားပြနိုင်ခဲ့မှုကြောင့် နယ်ပယ် အသီးသီးမှ ဂုဏ်ပြုဆုချီးမြှင့်ငွေကျပ်သိန်းပေါင်း
 လေးထောင်ကျော် ရရှိခဲ့ပြီး အသင်း သားတစ်ဦးလျှင် ရွှေဆွဲကြိုးတစ်ကုံးစီနှင့် ဆုကြေးငွေ ကျပ်သိန်း ၁၃ဝ ဝန်းကျင်မှ 

၁၅ဝ ဝန်းကျင်အထိရရှိခဲ့ကြကြောင်း သိရသည်။
ဆုကြေးငွေများကို ဇန်နဝါရီ ၁၅ ရက်မှ စတင်ကာ တစ်ဦးချင်းပေးအပ်ခဲ့ပြီးဖြစ်သည်ဟုဆိုသည်။
မြန်မာအမျိုးသမီးအသင်းသည် ယခုလ ၁၃ ရက်မှစတင်ကာအာရှဖလားအမျိုးသမီးဘောလုံး ပြိုင် ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် လေ့ကျင့်မှုများစတင်ပြုလုပ်နေ ကြောင်းသိရသည်။

No comments:

Post a Comment