Tuesday, January 14, 2014

အကြမ်းဖက်မှုနောက်ကွယ်မှ ပါတ်သက်သူများ နှိမ်နှင်းရန် နိုင်ငံတကာနှင့် ပူးပေါင်းမည်.

ပြည်တွင်း အကြမ်းဖက် ပဋိပက္ခ များ၊ ဖြစ်ပေါ်ရန် နောက်ကွယ် မှ ငွေကြေးထောက်ပံ့နေသည်ဟု
ဆိုသော အဖွဲ့အစည်းများကို အမေရိကန်နှင့် ပူးပေါင်းဖော် ထုတ်ရန် စီစဉ်နေပြီဖြစ်ကြောင်း
 နိုင်ငံဖြတ်ကျော် မှုခင်းဌာနမှ အဆင့်မြင့် ရဲအရာရှိတစ်ဦးက ရန်ကုန်တိုင်းမ်နေ့စဉ် သတင်း စာသို့ ထုတ်ဖော်ပြောကြား လိုက်သည်.....
ယင်းကိစ္စများကို ပူးပေါင်းဆောင်ရွက်ရန် ဇန်နဝါရီလ ၉ ရက်က နေပြည်တော်ရှိ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဌာနချုပ်တွင် အမေရိကန်နိုင်ငံ USIP မှ Ms Collette L. Rausch ဦးဆောင်သော အမေရိ ကန်နိုင်ငံမှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ ရဲချုပ်ဇော်ဝင်းတို့ တွေ့ဆုံဆွေးနွေး ခဲ့ကြကြောင်း သိရသည်......
အဆိုပါ အဆင့်မြင့် ရဲအရာရှိကြီးက ပြည်တွင်း၊ ပြည်ပက အကြမ်းဖက်သမားတွေကို ငွေကြေးထောက်  ပံ့ပေးနေတဲ့ အဖွဲ့အစည်းတွေကို မြန်မာနဲ့ အမေရိကန် ပူးပေါင်းဖော်ထုတ်သွားမယ်၊ ဒါ့အပြင် ငွေကြေးခဝါချတဲ့ ကိစ္စတွေကိုပါ ပူးပေါင်းဆောင်ရွက်သွားမှာပါ..... ကျွန်တော်တို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အနေနဲ့ အမေရိကန်နဲ့ ပူးပေါင်းဆောင်ရွက်ထားတဲ့ ကိစ္စတွေလည်း အများကြီးပါပဲ..... သင်တန်းပေးမယ့် ကိစ္စတွေလည်း ပါတယ် ဟု ပြောသည်.....
အကြမ်းဖက်သမားများကို ငွေကြေးထောက်ပံ့ပေးသည့် အဖွဲ့အစည်းများသည် လျှို့ဝှက်စွာ လှုပ်ရှားဆောင်ရွက်နေကြကြောင်း၊ ၎င်းကိစ္စကို ပြည်ပနိုင်ငံများနှင့် ပူးပေါင်းဆောင်ရွက်မှသာ အကြမ်းဖက်လုပ်ရပ်များ ပပျောက်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်တွင် တာဝန်ကျနေသည့် တပ်မတော်သားတစ်ဦးက ပြောသည်.....
ရခိုင်မှာဆို အကြမ်းဖက် ဆူပူမှုတွေ အချိန်မရွေးထဖြစ်နိုင်သေးတယ်..... ကံသေ၊ ကံမ ပြောလို့မရဘူး..... အဓိက ကတော့ အစွန်းရောက်တွေပေါ့..... သူတို့မလုပ်ရဲတာ ဘာမှမရှိဘူး...... သူတို့ကို ငွေကြေး လျှို့ဝှက် ထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေ နိုင်ငံတစ်ချို့မှာ ရှိတယ်..... အဲ့ဒါတွေ ပူးပေါင်းဖော်ထုတ်မှ အကြမ်းဖက်မှုတွေ ပပျောက်မှာပါ..... ကျွန်တော်တို့ မြန်မာနိုင်ငံထဲမှာလည်း ရှိမှာပဲလေ..... အကြမ်းဖက်မှုတွေမှာ ပါဝင်ဖို့ အားပေး ကူညီတဲ့သူမှန်သမျှကို ပူးပေါင်းဖော်ထုတ်ရမယ် ဟု ပြောသည်....... မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို အီးယူနိုင်ငံမှ ရဲတပ်ဖွဲ့ အရာရှိတချို့က အကြမ်းဖက်တိုက်ဖျက်မှုနှင့် ပါတ်သက်သည့် သင်တန်းများလည်း ပေးထားပြီးဖြစ်ကြောင်း သိရတယ်......

Credit to ကျော်မြတ်ဇံ (ရန်ကုန်တိုင်းမ်)

No comments:

Post a Comment