Friday, December 27, 2013

မင်္ဂလာတောင်ညွန့် NLD ပါတီဝင်များ ဒေါ်ဖြူဖြူသင်း နှင့် အဆင်မပြေဖြစ်

မင်္ဂလာတောင်ညွန့်မြို့နယ် NLD ပါတီဝင်များမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းကို ဆန္ဒပြရန် စီစဉ်နေကြောင်း သတင်းရရှိပါတယ်။ HIV ရောဂါသည်များကို ကူညီသည့် သာမန် လူတစ်ဦးမှ ရုတ်တရက် လွှတ်တော်အမတ်ြ ဖစ်လာတဲ့ ဒေါ်ဖြူဖြူသင်းဟာ နိုင်ငံရေး နားမလည်၊ ဥပဒေများကို နားမလည်၊ NLD ရဲ့ လုပ်ရိုးလုပ်စဉ်များကို နားမလည်ပဲ မင်္ဂလာတောင်ညွန့် NLD ရုံးအတွင်း လုပ်ချင်သလို လုပ်နေကြောင်း ကို NLD ပါတီဝင် တစ်ဦး၏ ဇနီးတစ်ဦးမှ အခုလို ပြောပြပါတယ်။
“အစ်မ အမျိုးသားတို့က ဟိုးအရင် NLD စ ဖွဲ့ကတည်းက လုပ်ခဲ့ကြတာ.. အခု မဖြူဖြူသင်းက လွှတ်တော် အမတ် ဖြစ်လာတော့ လူကြီးကိုလည်း လူကြီးမှန်းမသိဘူး… ဘယ်သူနဲ့မှ လည်း မေး တာ.. တိုင်ပင် တာ မရှိဘူး… ရုံးထဲမှာ လုပ်ချင်တာတွေ လျှောက်လုပ်တယ်… ညီလာခံကျင်း ပရေး ကော်မတီ ဝင်တွေကိုလည်း သူနဲ့အဆင်ပြေတဲ့လူတွေ အစားထိုးဖို့လုပ်နေတယ်… နိုင်ငံရေး အတွေ့အကြုံလည်းမရှိ.. ဥပဒေ လည်း နားမလည်တော့ ပြောရဆိုရအရမ်းခက်တယ်…” လို ဆိုပါ တယ်။
ဒေါ်ဖြူဖြူသင်းဟာ ၎င်း ဦးဆောင်လုပ်နေတဲ့ HIV/AIDS လုပ်ငန်းကိုလည်း တစ်ဦးတည်းပိုင် လုပ် ချင်နေပြီး တရားဝင်လူမှုရေးအသင်းအဖြစ်လည်း မှတ်ပုံမတင်နိုင်ကြောင်း၊ ပြည်သူကို ကူညီ နေ သည့် အတွက် မည်သူ့မျှ ဂရုစိုက်ရန်မလိုကြောင်း ပြောသဖြင့် မင်္ဂလာတောင်ညွန့် NLD မှ ဥပဒေ  ရေးရာကျွမ်းကျင်သူမျာက တင်းမာလျှက်ရှိကြောင်းကို အဆိုပါ အမျိုးသမီးမှပဲ အခုလို ဆက်ပြောပါတယ်။
“လူကြီးတွေက ပြောတယ်… အခုဟာက ပါတီက တရားဝင်ပါတီလေ.. ဒါကြောင့် လူမှုရေးအသင်း ကို မှတ်ပုံတင်ဖို့ ပြောတယ်… တခြား ပြိုင်ဖက် ပါတီတွေကလည်း ပြောကြတယ်ဆိုတာ့.. ပါတီ သိက္ခာကျတယ်… အမေစုက တရားဥပဒေ စိုးမိုးရေး အလေးထားပြီး မင်္ဂလာတောင်ညွန့် NLD က ဥပဒေကို ဂရုမစိုက်ဘူး လို့ ပြောကြတယ်.. ပြောတော့လည်း ကိုယ်မှန်ရင် ဘယ်သူ့မှ ဂရုစိုက် စရာ မလိုဘူး.. အသင်းက NLD နဲ့ မဆိုင်ဘူး ကိုယ့်ဘာကိုယ်လုပ်တာ.. လို့.. မဖြူဖြူသင်း က ပြန်ပြော တယ်..”  လို့ ဆိုပါတယ်။
ဒေါ်ဖြူဖြူသင်း ရဲ့ အာဏာ သုံးမှု၊ ဥပဒေ မလေးစား ပါတီသိက္ခာကျစေတဲ့အပြင် ပါတီရဲ့ စည်း ရုံးရေး လုပ်ငန်းများကိုလည်း တဖြည်းဖြည်းထိခိုက်လာတာကြောင့် ရန်ကုန်တိုင်း NLD သို့ တိုင် ကြား ထားပြီးဖြစ်ကြောင်း သိရပါတယ်။ အောက်တိုဘာ ၁ ရက်နေ့က ပါတီဌာနချုပ် အစည်းအဝေး မှာ တိုင်ကြားထားပြီး တိုင်း/ဗဟို ထိတင်ပြကာ မီဒီယာများပါ ဖိတ်ပြီး ရှင်းလင်းမယ်လို့ သိရပါတယ်။ ပုသိမ်ညွန့်ရက်ကွက်ပါတီဝင်များက အင်တာနက်ပေါ် ရေးသားတင်ဖို့ ပြင်ဆင်နေကြောင်း သိရပြီး ရုံးရှေ့တွင် ဆန္ဒပြပွဲပြုလုပ်ဖို့လည်း စီစဉ်ထားကြောင်း သိရပါတယ်။
ဒေါ်ဖြူဖြူသင်းဟာ အသက် ၄၁ နှစ်ရှိပြီး ၁၉၉၇ ခုနှစ်မှ NLD ပါတီသို့ ဝင်ရောက်ခဲ့ကာ ၂၀၀၂ ခုနှစ် တွင် HIV ကာကွယ်တားဆီးရေး နှင့် ပြုစုစောင့်ရှောက်ရေး သင်တန်းတက်ရောက်ခဲ့ကာ AIDS  ရောဂါသည်များကို ကူညီစောင့်ရှောက်သည့် အဖွဲ့တစ်ခု ဖွဲ့စည်းကာ လူမှုရေးအသင်းအဖွဲ့ အဖြစ် တရားဝင် မှတ်ပုံတင်ထားခြင်းမရှိပဲ လုပ်ဆောင်လျှက်ရှိပါတယ်။ ၂၀၁၂ ကြားဖြတ်ရွေးကောက် ပွဲ တွင် မင်္ဂလာတောင်ညွန့်မှ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး အနိုင်ရရှိကာ လွှတ်တော် အမတ်အဖြစ် တာဝန် ထမ်းဆောင် နေပြီး လွှတ်တော် တွင်း တစုံတရာ ဝင်ရောက်ဆွေးနွေးခြင်း မျိုးတော့ မရှိသေးပေ။

No comments:

Post a Comment