Friday, December 27, 2013

KIA ဖမ်းဆီးခံ ရှမ်းပြည်သူများ ပြန်လွတ်မလာပါက ထပ်မံဆန္ဒထုတ်ဖော် သွားမည်ဟု ရှမ်းနီ ခေါင်းဆောင်များကပြော

KIA ၏ တပ်သားသစ် စုဆောင်းဖမ်းဆီးခြင်းခံရသော မံစီမြို့နယ် မံဖွရွာက ရှမ်းတိုင်းရင်းသား အများ စုမှာ ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးဘဲ KIA အင်ဘာပါတပ်စခန်းမှာ သင်တန်း တက်နေ ရတယ်။" လို့ မံဖွရွာ ဒေသခံတစ်ဦးက ပြောဆိုသည်။KIA ဖမ်းဆီးသော ရှမ်းရွာ သားအား လုံး ပြန်လွတ်လာပြီဟု မီဒီယာများနှင့် မြစ်ကြီးနားမြို့ ငြိမ်းချမ်းရေး အကျိုးဆောင် PCG အဖွဲ့ က ပြော ဆိုထားပြီး ပြန်လွတ်မြောက်လာသူအချို့မှာလည်း ငွေကြေး အမြောက် အများပေးဆောင် ကာ ရွေးထားရကြောင်း ဒေသခံများက ပြောဆိုပါတယ်။
တုံပလွေရွာသား လေးယောက်ပြန်လွတ်လာဖို့သိန်း၂၀ ပေးရတယ်၊ နောက်သူတို့အမျိုးသမီးတွေက လည်း မပေါ့မပါးတွေနဲ့ပါ ၊ သူတို့ကတော့ မပြောရဲကြဘူးလို့ အဆိုပါ တုံပလွေရွာနှင့် နီးစပ်သော ဒေ သခံ တချို့ က ပြောဆိုပါသည်။
မံစီမြို့နယ်အတွင်း ဒီဇင်ဘာလ ၄ ၇က်မှစ၍ ဒေသခံ ရှမ်းရွာသားများကို KIA က ဆက်တိုက်ဆို သလို ဖမ်းဆီး ခဲ့မှုများကြောင့် ဒီဇင်ဘာ ၂၀ ရက်နေ့တွင် မြစ်ကြီးနားမြို့၌ ထောင်သောင်းချီသော ရှမ်းမျိုးနွယ်စု များက လူထုအခမ်းအနားနဲ့ ဆန္ဒဖေါ်ထုတ်မှုများ ပြုလုပ်ခဲ့ပြီး KIA ဖမ်းဆီးခံ ရှမ်းပြည် သူများ အားလုံး ပြန်လွတ်မလာပါကထပ်မံဆန္ဒထုတ်ဖော်သွားမည်ဖြစ်ကြောင်းရှမ်းနီခေါင်းဆောင်  များ က ပြော ဆိုနေကြတာလည်း ဖြစ်ပါတယ်။

No comments:

Post a Comment