Saturday, December 28, 2013

အာဏာရှင် ကြီး ရဲ့ ချက်ချင်းပြင်

လူကြီး(၁)။ ။မောင်ရင် အဲ့သည့်ကား
ကို ချက်ခြင်းပြင်!. . .
ဝပ်ရှော့ဆရာ။ ။ဘယ်အပိုင်းက 
ပျက်နေတာလဲဆရာအခုလဲကားက သွားနေတာပဲဥစ္စာ..ဘက်ထရီလား
ရှော့ဘားလားမော်တာလား
အလိုင်းမင်းလား....ဝါယာရိန်းလား
အင်ဂျင်လား...လားလားလား???. . .
လူကြီး(၁)။ ။အဲ့ဒါတော့ ငါလဲမသိဘူးကွ
ဘာပဲပြောပြော
အဲ့လိုသွားနေတာကို ငါမကြိုက်ဘူးကွာ.........ချက်ခြင်းပြင်ကွာ ချက်ခြင်းပြင် ဒါပဲ. . .
လူကြီး(၂)။ ။ကြာပါတယ်ကွာ.........တစ်စင်းလုံး မူလီတလုံးမကျန် အစကနေပြန်ဖြုတ်
ပြန်ဆင်ကြမယ်. . .
လူကြီး(၁)။ ။အဲ့လိုလုပ်လို့ မရဘူးလေဗျာ.......ပြင်ရုံဆိုရပါပြီ......တစစီပြန်ဖြုတ်ပြီးရင် ခင်ဗျားကြီး က ပြန်ဆင်တတ်လို့လား......မရဘူးဗျာ.....ပြင်ရုံပဲပြင် ချက်ခြင်းပြင်. . .
လူကြီး(၂)။ ။မရဘူးကွာ ချက်ခြင်းဖြုတ်တစစီဖြုတ်
. . .
လူကြီး(၁)။ ။ချက်ခြင်းပြင်
လူကြီး(၂)။ ။ချက်ခြင်းဖြုတ်
လူကြီး(၁)။ ။ချက်ခြင်းပြင်
လူကြီး(၂)။ ။ချက်ခြင်းဖြုတ်
လူကြီး(၁)။ ။ချက်ခြင်းပြင်
လူကြီး(၂)။ ။ချက်ခြင်းဖြုတ်
. . .
ဝပ်ရှော့ဆရာ။ ။ကဲကဲ .....တော်ကြပါတော့ တော်ကြပါတော့......ခင်ဗျားတို့အရင် ညှိလိုက်ဦး
သေချာတော့မှ ကျုပ်ကိုလာပြော.....ပြင်ရမလား ဖြုတ်ရမလား
ဘယ်အပိုင်းကို ဘာလုပ်ရမယ်ဆိုတာကို......သေချာပြော ဟုတ်ပြီလား
ဒီမှာ အလုပ်ဆက်လုပ်လိုက်ဦးမယ်.......ကားက သံချေးတွေခွာရဦးမယ်ဗျာ
ကြွ ကြွ
(ဘယ်အာဏာရှင်သေလို့ ဝင်စားတဲ့လူတွေလဲ မသိပါဘူးဗျာ)
ကိုဆေး

No comments:

Post a Comment