Friday, December 27, 2013

"" မှားပြီးရင်း မှားနေတော့မှာလား""




ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲရေး
 ညီလာခံကနေ NLD ပါတီ ကိုယ်စား
လှယ်တွေ နှုတ်ထွက်ခဲ့ တာ ကျနော့်
အမြင်ပြောရရင် ပထမ ခြေလှမ်း 
စမှားခဲ့တာပါဘဲ။ တကယ်လို့သာ
 နှုတ်မထွက်ခဲ့ဘူးဆိုရင် NLD လိုလားသော အချက်အလက်တွေတင်သွင်းခွင့်၊
NLD မလိုလားသော အချက်အ လက်တွေ   ထောက်ပြ ကန့်ကွက်ခွင့်ရခဲ့မှာသေချာတယ်။ နှုတ်ထွက်ခဲ့တဲ့အတွက် ဒီအခွင့်အရေးဆုံး ရှုံး ခဲ့ရ တယ်။ နှုတ်ထွက်တဲ့အတွက် ဘာအကျိုးအမြတ်မှမရခဲ့ဘူး။၂၀၁၀ ရွေးကောက်ပွဲမှာ ၂၀၀၈  ဖွဲ့စည်း ပုံကို မကျေနပ်လို့ ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့ပြီးမှ ကြားဖြတ်ရွေးကောက်ပွဲ မှ ရွေးကောက် ပွဲဝင်ပြိုင်ခဲ့တယ်။ ဒါဟာ ဒုတိယအကြိမ်ခြေလှမ်းထပ်မှားခြင်းပါ ဘဲ။၂၀၁၀   ရွေးကောက်ပွဲသာ ၀င်ပြိုင်ခဲ့ရင် အမတ်ဦးရေ ဒီထက်များနိုင်တယ်။ အစိုးရ ဖွဲ့ချင်လည်း ဖွဲ့နိုင်မယ်။ အစိုးရမဖွဲ့နိုင်လဲ အတိုက်အခံအင်အားတောင့်မယ်။ ဒီအခါ လိုအပ်တဲ့ ဥပဒေတွေ တင်သွင်းနိုင်မယ်။ မလိုအပ်တဲ့ ဥပဒေတွေ ပယ်ဖျက်ခွင့် ပြင်ဆင်ခွင့်တွေ တင်သွင်းနိုင် မယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲ မ၀င်ခဲ့တဲ့ အတွက် ဒီအခွင့်အရေး ဆုံးရှံ့းခဲ့ရ တယ်။အကျိုးအမြတ်အနေနှင့်ကတော့ ကြံ့ခိုင်ရေးပါတီ အမတ် များများရသွားတယ်။
၂၀၁၅ မှာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို NLD ပါတီ လိုလားချက်အတိုင်း ပြင်မပေး ရင် ရွေးကောက် ပွဲမ၀င်ဘဲ သပိတ်ထပ်မှောက်ရင် တတိယအကြိမ် ခြေလှမ်းမှားမယ်။ ဒီတခါမှားတဲ့ ခြေလှမ်း က ရှေ့ ကိုမရောက်နိုင်ဘဲ NLD လဲ ပြိုကွဲ ပျောက်ပျက်သွားနိုင်တယ်။ ဘာလဲဆိုတော့ ၂၀၁၅ မှာ တက်လာ တဲ့ အစိုးရကို ယခင်လို စစ်အစိုးရဆိုပြီး ပုတ်ခတ်စွပ်စွဲမရတော့တဲ့ အပြင် ပြည်သူ ကရွေး ချယ် တင်မြှောက်လိုက်တဲ့ အစိုးရမို့ နိုင်ငံတကာကလည်း ဒီလောက်ဖိအားပေးတော့မှာ မဟုတ်တဲ့အ တွက်  NLD အနေဖြင့် ဘေးရောက်သွားမယ်။
ဒါကြောင့် ကျနော် အကြံပြုချင်ပါတယ် NLD ပါတီအနေဖြင့် ဒီမိုကရေစီ ခရီးလမ်းကို ကန့်လန့်မ တိုက်တော့ဘဲ ပြည်သူနှင့်အတူ ငြိမ်းချမ်းစွာ ရွေးကောက်ပွဲဝင်ပြီး အမတ်အင်အားတောင့် တင်း လာတဲ့ အချိန်မှ ဒီမိုကရေစီနည်းလမ်းအတိုင်း ဥပဒေတွေ ပြင်ဆင်ချင်တာ၊ ပြင်ပြီး အတည်ပြု ချင်တွေ အတည်ပြုနိုင်အောင် တင်သွင်းပါ။ မိမိလိုချင်တာမရသေးတာတစ်ခုအ တွက်နှင့်  ပြည် သူကိုချနင်းပြီး ပွဲဆူအောင်မလုပ်ဘို့ပါဘဲ။ ကျနော်တို့ တွေ ဆင်းရဲတွင်းနက်နေတာ ဒီလို မတည်ငြိမ် တဲ့ ကာလများစွာကိုဖြတ်သန်းနေခဲ့ရလို့ဘဲ။ ခုမှ ပေါက်ဖွားရှင်သန်ဖူးပွင့်လာတဲ့ ဒီမိုကရေစီ သစ်ပင် ကို ရိုက်ချိုးပြီး နိုင်ငံအာဏာကို စစ်အာဏာရှင် လက်ထဲကိုတွန်းထိုးမပို့ကြဘို့ တိုက်တွန်း အပ်ပါ သည်။

No comments:

Post a Comment