Saturday, December 28, 2013

အိမ်ကျယ် မီဒီယာများ နှင့် ဗုဒ္ဓဘာသာ နေမျိုးဝေ တွေ့ကြလေသော်...

အတွဲ ၁ အမှတ် ၃၉ ၁၂.၁၂.၂၀၁၃
 ကြာသာပတေးနေ့ ထုတ် ပြည်သူဆန္ဒ
 ဂျာနယ်မှ
"အမျိုးဘာသာ သာသနာကို ရှေတန်း
တင်လွန်းအားကြီးနေတဲ့အပေါ် ပါတီများရဲ့ 
သဘောထားအမြင်"
ဦးနေမျိုးဝေ နှင့် ပြည်သူဆန္ဒ ဂျာနယ်တို့
 ဆက်သွယ်မေးမြန်းချက် အားမှုရင်း
အတိုင်း တင်ပြလိုက်ပါသည်။
မေး- “ အမျိုးဘာသာ သာသနာကို
 ရှေတန်းတင်လွန်းအားကြီးနေတဲ့
အပေါ်မှာအကိုအနေနဲ့ဘယ်လိုများ မှတ်ချက်လေးများပေးချင်ပါသလဲ။
နေမျိုးဝေ- " -ီး ပဲ၊ အနားမှာရှိရင်
ေ-ာက် ခွက်ဖြတ်ရို က်ပြစ်လိုက်တယ်"။
မေး- “ဟဲလို ကြားရလားခင်ဗျာ 
ကျွန်တော်မေးနေ တဲ့ မေးခွန်းကိုဖြေဖို့အဆင်မပြေဘူးလားခင်ဗျာ”။
နေမျိုးဝေ - " အေး.………နင်ကိုပြောနေတာပဲ "။
မေး- “ ဦးနေမျိုးဝေ... ကျွန်တော်ကို ဆဲနေတာလားခင်ဗျစောစောကမေးတဲ့မေးခွန်းအပေါ်မှာ ဘာကြောင့်ဆဲတယ်ဆိုတာကျွန်တော်နားမလည်ဘူး ခင်ဗျာ။”
နေမျိုးဝေ - "နင်ဘာလို့ အဲဒီလိုစကားမျိုးတန်းမေးတာလဲ၊ဘာဖြစ်လို့ အမျိုးဘာသာ သာသနာ ကို ရှေတန်းတင်လွန်းအားကြီးတယ်လို့မေးရတာလဲ နင်ငါကိုမေးရမှာ အဲဒါမဟုတ်ဘူးလေ"။
မေး- “ ဒီမေးခွန်းကို အစ်ကိုတစ်ယောက်တည်းမေးတာမဟုတ်ဘူးခင်ဗျာ။ကျွန်တော်ပါတီတွေ အားလုံး ကိုမေးတာ ဘယ်ပါတီမဆို အားလုံးဖြေကြတာအဆင်ပြေတယ်လေ။ အကိုကအဲဒီလို ဆဲပြီးဖြေတာအဆင်မပြေဘူးဗျာ။”
နေမျိုးဝေ - “ ငါပြောမယ်…………အမျိုးဘာသာသာသနာကိုရှေတန်းတင်လွန်းအားကြီးတယ် ဆိုတာ နင်အမြင်လား နိုင်ငံရေးသမားတွေမြင်လား။”
မေး- “ အကို ဒီမေးခွန်းကို မဖြေချင်ဘူးဆိုရင်ရှောင်သွားလို့ရတယ်၊အလိမ္မာသုံးပြီး ပယ်ချလို့ ရတယ်။ အကိုပြောတာ ကျွန်တော်ဘာမှမကြားရဘူးဗျာ။ ဒါပေမဲ့ စောစောကလို့ ရိုင်းရိုင်းစိုင်းစိုင်း မပြောသင့်ဘူးလို့မြင်တယ်။”
နေမျိုးဝေ - “ အဲဒီတော့ ငါဘာလုပ်ပေးရမလဲပြော။”
မေး-“ စောစောကပြောတာ ရိုင်းတယ်ဗျာ၊-ီးပဲ စောက်ခွက်ဖြတ်ရိုက်ချင်တာတို့တော့ မပြောသင့် ဘူး။”
နေမျိုးဝေ - “ အဲဒီတော့ ငါဘာလုပ်ပေးရမလဲ။”
မေး- “ ဘာမှလုပ်ပေးစရာ မလိုဘူး သိအောင်ပြောပြတာ။”
နေမျိုးဝေ -“ တစ်ခါတည်းငါပြောမယ် မီဒီယာ ကိုယ်အရည်အချင်းရှိတယ်ဆိုရင် ကိုယ်ဖာ  သာဆောင်းပါးရေးပါ ကိုယ်ပိုင်အရည်အချင်းရှိတယ်ဆိုရင်နိုင်ငံရေးသမားတွေကို တိုက်  ခိုက် မရေး ပါနဲ့။”
မေး-“ နိုင်ငံရေးသမားတွေကိုတိုက်တာမဟုတ်ဘူး။အခုတစ်လောမှာ ဖြစ်နေတာကိုပဲ ပြောနေတာဗျ။”
နေမျိုးဝေ - “ သမီးကိုဦးလေးပြောမယ် အခုပြောနေတာက သမီးဘာသာပြောတာလား၊ သမီး တိုက်ကလူတွေပြောတာလား၊မီဒီယာမှာစည်းရှိတယ်လေ၊စည်းလေးတော့ထားပေါ့၊ရှေတန်းတင် လွန်အားကြီးတယ်ဆိုတာက ကောက်ချက်ချပြီးသားကြီးဖြစ်နေတယ်။ဒီလိုကောက်ချက်ချပြီးသားကြီး မေးတာကျတော့အဆင်မပြေဘူးလို့ မြင်တယ်။ အခုလိုမျိုးလျှောက်ပြီးမေးတာမျိုးကျတော့ မကောင်းဘူး။”
မေး-“ လျှောက်ပြီးမေးတယ်ဆိုတဲ့ စကားလုံးမျိုးကို မသုံးသင့်ဘူးနော် အခုတလောဖြစ်နေ တာကိုပြောတာ၊ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ဆိုတဲ့၂၀၀၈ ဖွဲစည်းပုံအခြေခံဥပဒေမှာပါ တာ အလကားဖြစ်သွားပြီလို့ဆိုလိုတာလား ခင်ဗျာ။ ကျွန်တော်လည်း ဗုဒ္ဓဘာသာတစ်ယောက်ပါ။”
နေမျိုးဝေ -“ နားထောင်ဦး………နားထောင်ဦး ငါပြောတာ နင်ကကိုရမ် ကျမ်းကိုဖတ်ပြီးပြီလား။”
မေး- “ ကျွန်တော်ကို ကိုရမ်ကျမ်းတစ်ခုတည်းနဲ့ ချီပြီးမပြောပါနဲ့။”
နေမျိုးဝေ -“ အေးနင်တို့က အဲဒီကျမ်းတည်းမှာပါတဲ့ဟာကိုကျတော့ ဘာလို့မပြောတာလဲ။ အဲဒါ ဆို လေ့လာလေ။ တော်ပြီ……ဆိုင်ကယ်မောင်းတော့၊ နင်တို့ဖာသာဆောင်းပါးရေးတာ ငါတို့နဲ့ ရန်ဖြစ်မယ်။ အဲဒီလိုမျိုး အိုပီနီယမ်ထည့်ပြီး သတင်းမေးတာလျှောက်ပြီးမလုပ်ပါနဲ့။ အခုဘုန်းကြီးနှစ် ပါး ပြဿနာတက်နေကြတယ်။ အဲဒါကိုဘယ်လိုမြင်လည်း မေးလို့ရတဲ့ဟာကို အဲဒီလိုမျိုးအိုပီနီ ယမ် ထည့်ပြီးမေးတာကျတော့ နင်တို့က ငါထက်တတ်တယ်ဆိုရင် နင်တို့ဘာသာရှေက သွား ရှေ ကနေ လုပ်သွား ငါကိုလာပြီးမေးမနေနဲ့။ ငါပြောတာရှင်းရှင်းလေး။”
မေး- “ အကိုမဖြေချင်ရင် ရှောင်သွားဗျာ အဲလိုမျိုးတော့မဆဲနဲ့ဗျာ။”
နေမျိုးဝေ - “ နင်တို့တတ်ရင် နင်တို့ရေးလေ၊ ငါတို့ကိုလာပြီးမမေးနဲ့။”
မေး- “ ဟုတ်ပြီ……မမေးဘူးဗျာ နေမျိုးဝေတစ်ယောက်တည်း ဒီလောကကြီးကိုဖန်ဆင်းတာ မ ဟုတ်ဘူး။”
နေမျိုးဝေ -“ ပြဿနာမရှိဘူး၊ ငါလည်း အာလာရှင်မြတ်တစ်ယောက်တည်းနဲ့ ဒီလောကကြီး တစ်ခုလုံးကို ဖန်ဆင်းတာမဟုတ်ဘူး ငါ့လည်းဘာသာမဲ့ပဲ။”
( ဇူးဇူးမွန် )

No comments:

Post a Comment