Tuesday, December 24, 2013

မြန်မာအမျိုးသမီးဘောလုံးအသင်း တတိယရသော်လည်းမြန်မာတစ်မျိုးသားလုံးက သူတို့နှလုံးသားထဲမှ ရွှေဆုများပေးခဲ့

မန္တ လေး မန္တလာသီရိဘော
လုံးပြိုင် ပွဲအတွင်း 'မြန်မာ
 မြန်မာ'ဟူ သည့် အသံကြီး
က လျှံထွက်လာ သည်။
 မြန်မာအမျိုးသမီး
 ဘောလုံးအသင်းက 
မလေးရှား အသင်းကို 
 ခြောက်ဂိုး ဂိုးမရှိ ဖြင့်
နိုင်ပြီး တတိယကြေး
တံဆိပ် ဆုကို ရရှိခဲ့ပြီဖြစ်
သည်။အကယ်၍သာ 
ဒီဇင်ဘာ ၁၈ရက်ကယှဉ်ပြိုင် ခဲ့သော အ ကြိုဗိုလ်လုပွဲတွင် ထိုင်းအသင်း ကိုအနိုင်ရခဲ့ပါမူ ယခုထက်ပင် ပို၍ ဝမ်းသာကြရ မည်ဖြစ် သည်။ မြန်မာအမျိုးသမီးဘောလုံးအ သင်းသည် ကြေးတံဆိပ်ဆုသာ ဆွတ်ခူးခဲ့သော်လည်း အနိုင်
မခံအရှုံးမပေးစိတ်ဓာတ်ဖြင့်  အရည်အချင်းရှိရှိအားကစား စိတ်ဓာတ်အပြည့်ကစားပြသွား နိုင်သောကြောင့် မြန်မာတစ် မျိုးသားလုံး၏နှလုံးသားထဲက ရွှေတံဆိပ်ဆုကို သူတို့ရရှိပိုင် ဆိုင်သွား ကြ ပြီဖြစ်သည်။
''အမျိုးသမီးဘောလုံးပြိုင် ပွဲဆီးမီးဖိုင်နယ်ပွဲမှာဆိုရင် တစ် နိုင်ငံလုံးရဲ့ မျှော်လင့်ချက်တွေကို ထမ်းပိုး ထားတဲ့ သမီးငယ်တွေ ဟာ အမိနိုင်ငံရဲ့ သမီးကောင်း ရတနာများပီပီ တတ်နိုင်သမျှ ဆိုတာထက် သာ လွန်တဲ့ကြိုး စားအားထုတ်မှုနဲ့ မြန်မာနိုင်ငံ သားတွေရဲ့ အနိုင်မခံ အရှုံးမ ပေးတဲ့စိတ်ဓာတ်၊ အိမ်ရှင် နိုင်ငံ ရဲ့ သန့်ရှင်းမျှတတဲ့ အားကစား စိတ်ဓာတ်၊ အသင်းလိုက် စည်း လုံးညီညွတ်မှု၊ မခိုမ ကပ် တမ်း ကြိုးစားအားထုတ်မှုတို့ကို စံန မူနာအတုယူဖွယ်ရာ လက်တွေ့ ပြသခဲ့ကြတဲ့ အတွက် မြန် မာနိုင်ငံနဲ့ မြန်မာပြည်သူများကိုယ်စားချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ မြန်မာ့လက်ရွေးစင်အမျိုးသမီး   ဘောလုံးအသင်းမှာ ရွှေတံဆိပ် ဆုအားမရရှိခဲ့သော်လဲ ပြည်သူ များမှပေးတဲ့ ချန်ပီယံဆုအားရ ရှိခဲ့ပြီဖြစ်ပါတယ်''ဟု နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ယနေ့ ပေးပို့သည့်သဝဏ်လွှာ တွင် ဖော် ပြ ထားသည်။
တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာဒေါ် ညိုညိုသင်းက ''မြန်မာအမျိုး သမီး အသင်း ကို ဒီ့ထက်ပိုပြီး ချီးကျူးပါတယ်။ သူတို့အနေနဲ့ ပရိသတ်ကပေးတဲ့ မေတ္တာဆု၊ ရွှေဆုနဲ့ ထိုက် တန်ပါတယ်။ ကျွန်မကိုယ်တိုင်လဲ ပေးပါတယ်။ နိုင်ငံတော်သမ္မတအနေနဲ့ ဒီလို အမျိုးသမီးအ သင်းပေါ် မှာ ချီး ကျုးဂုဏ်ပြုတာ ဝမ်းသာပါ တယ်။ ဒီ့ထက်ပိုပြီး သူတို့အ တွက် ဆောင်ရွက်ပေး နိုင်ပါစေ လို့ လူ့အဖွဲ့အစည်းကို မေတ္တာ ရပ်ခံချင်တာက အမျိုးသမီးတွေ အပေါ်မှာ ပိုပြီး ချီးမြှောက်ပေး  ပါလို့ ပြောချင်ပါတယ်''ဟု ပြော သည်။
အမျိုးသမီးလက်ရွေးစင် ဘောလုံးသမား သန်းသန်းထွေး က ''ဒီပြိုင်ပွဲဖိုင်နယ်ပွဲလို့ သဘော ထားပြီး ကန်တာပါ။ တတိယ ဆုရတဲ့အတွက် မလေးရှားကို အနိုင်ရတဲ့အတွက် နိုင်ငံ့ဂုဏ် ကို ဆောင်ခွင့်ရ တဲ့အတွက် ဂုဏ် ယူမဆုံးပါဘူး''ပြောသည်။
မြန်မာ့လက်ရွေးစင်ဘော လုံးသမား ကျော်ကိုကိုက ''သူ တို့ကို ပရိသတ်က ရွှေဆုပေး ပါစေဗျာ။ သူတို့ထိုက်တန်ပါ တယ်။ ထိုင်းအသင်းကိုရှုံးရတာ လဲ ကုသိုလ်ကံပါသလို ဒိုင်ရဲ့ ဖေးမမှုမရတာလဲ ပါပါတယ်။ ဒါပေမဲ့ ပရိသတ်ကပေးတဲ့ရွှေ ဆုကို သူတို့ရခဲ့ပါတယ်''ဟု ပြော သည်။
ဝါရင့်အားကစားက လောင်ရှင် ဦးခင်မောင်ထွေး (ပျဉ်းမနား)က ''တို့မြန်မာပြည် မှာ အားကစားအ သင်း နိုင်တာ ရှုံးတာနဲ့ပတ်သက်လို့ သမ္မတ အဆင့်မျိုးက ဒီလိုဂုဏ်ပြုတာ မျိုးမရှိသေးဘူး။ သမ္မတ ဦးသိန်း စိန်လက်ထက်မှာ ဒါပထမဆုံး ပဲ။ တခြားအားကစားသမားတွေ လဲ အမျိုးသမီးအသင်းကို နမူ နာယူကြိုးစားဖို့လိုတယ်။ အား ကစားပြိုင်ပွဲမပြီးခင် ဒီလိုဂုဏ် ပြုတာ ပထမဆုံးပဲ။ ဦးနေဝင်း လက်ထက်တုန်းကတော့ ပြိုင် ပွဲပြီးမှ ညစာစားပြီးဂုဏ်ပြုတာ လောက်တော့ ရှိဖူးတယ်''ဟု သုံး သပ်ပြောသည်။
 မြန်မာ့လက်ရွေးစင်အ မျိုးသမီးအသင်းသည် ဒီဇင်ဘာ ၂ဝရက်တွင် တတိယနေရာလု ပွဲအဖြစ် မလေးရှားအမျိုးသမီး အသင်းနှင့် မန္တလေးမြို့ မန္တ လာသီရိအားကစားကွင်းတွင် ယှဉ်ပြိုင်က စားခဲ့ကြပြီး ရီရီဦး၊ ခင်မိုးဝေ၊ သန်းသန်းထွေး၊ စန်း စန်းမော်၊ မြင့်မြင့်အေးတို့၏သွင်း ဂိုးမျာြး ဖင့်   ခြောက်ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

ယင်းပွဲစဉ်အပြီးတွင် မန္တ လေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးရဲမြင့်က နိုင်ငံတော်သမ္မတ၏ သဝဏ်လွှာအား ဖတ်ကြားပေး ခဲ့ပြီး မြန်မာအမျိုးသမီးဘော လုံးအသင်းသည် လုပ်ငန်းရှင် များကပေးသော ဂုဏ်ပြုငွေကျပ် သိန်း၂ဝဝဝကို ရရှိခဲ့ကြသည်။

Yangon Media Group

No comments:

Post a Comment