Monday, December 30, 2013

လှိုင်သာယာ၊ ရွှေလင်ဗန်းကျေးရွာ၌ တဲထိုးနေရန် လာရောက်ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံရွာသား ၃၀၀ ကျော်တို့ တုတ်၊ ခဲများ ကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ်ဖြစ်ပွား

J.28.12

ဒီဇင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ရွှေလင်ဗန်းကျေးရွာအတွင်း ရုန်းရင်းဆန်ခတ်မှု အခြေအနေကို တွေ့ရစဉ်
လှိုင်သာယာမြို့နယ်၊ ရွှေလင်

ဗန်းကျေးရွာအတွင်း တဲထိုးနေထိုင်ရန်လာရောက်
 ပြင်ဆင်သူ ၁၀၀ ခန့်နှင့် ဒေသခံ ရွာသား ၃၀၀ ကျော်တို့ အငြင်း
ပွားရာမှတစ်ဆင့် တုတ်၊ ခဲများကိုင်ဆောင်၍ ရုန်းရင်းဆန်ခတ် အခြေအနေတစ်ခု ဒီဇင်ဘာ ၂၈ ရက် နံနက် ၁ နာရီခန့်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။ယင်းကဲ့သို့ ဖြစ်ပေါ်ခဲ့ခြင်းမှာဒီဇင်ဘာ၂၇ရက်ည၈နာရီခွဲခန့်မှစ၍လှိုင်သာယာ၊  ယော
အတွင်းဝန် ဦးဖိုးထောင် လမ်းနှင့် ကနောင်မင်းသားကြီး လမ်းထောင့်တွင် ရှိသော မြေနေရာ များပေါ် တွင် အိမ်ရာမဲ့ဟုဆိုသော လူအယောက် ၁၀၀ ခန့်မှ တဲထိုးနေထိုင် ရန် ပြင်ဆင်မှုများရှိနေ သည်ကို ရပ်ကွက်နှင့်မြို့နယ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးသည့်အချိန်မှစတင်ကာ တင်း မာမှုဖြစ်ပေါ်လာ ခဲ့ခြင်း ဖြစ်သည်။ လှိုင်သာယာ၊ ယောအတွင်းဝန် ဦးဖိုးထောင် လမ်းနှင့်  ကနောင် မင်းသားကြီး လမ်းထောင့်တွင် ရှိသော မြေနေရာများပေါ်တွင် အိမ်ရာမဲ့ဟုဆိုသော လူအယောက် ၁၀၀ ခန့်မှ တဲထိုးနေထိုင်ရန် ပြင်ဆင် မှုများရှိနေသည်ကို ရပ်ကွက်နှင့်မြို့နယ်မှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးသည့်အချိန်မှစတင်ကာ တင်းမာမှုဖြစ်ပေါ်လာခဲ့ခြင်းဖြစ် . . .
ယင်းအပြင် အဆိုပါလမ်းပေါ်သို့ ဖြတ်သန်းသွားသော ယာဉ်များ၊ လူများကို နေထိုင်ရန်ပြင် ဆင်နေ သူ တို့မှ စစ်ဆေးမေြး မန်းမှုများ၊ ခြိမ်းခြောက်လုပ်ဆောင်မှုများ ပြုလုပ်မှုကြောင့် ဖြစ်စဉ်မှာ ပိုမို ကြီး ထွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလင် ဗန်းကျေးရွာ အတွင်း နေထိုင်သူဒေသခံများ ၏ ပြောဆို ချက် အရ သိရသည်။ ရုန်းရင်းဆန်ခတ်မှု မတိုင်မီဖြစ်ပွားခဲ့သောဖြစ်စဉ်များနှင့် စပ်လျဉ်းပြီးရွှေလင် ဗန်းကျေးရွာတွင်နေထိုင်သူတစ်ဦးက "ကျွန်တော်တို့ အဲဒီလမ်းကဆိုင်ကယ်နဲ့ ဖြတ်သွားတော့ ယာဉ်ကိုတားတယ်။ ပြီးတော့ လေးခွတွေနဲ့ပစ်တယ်။ အဲဒီအပြင် ရပ်ကွက်ကိုပါ မီးရှို့ပစ်မယ်"ဟု စကားသံများပင် ထွက်ပေါ်လာကြောင်း ဆိုသည်။
သို့သော် မိမိတို့မှာ ပြည်သူအချင်းချင်း တိုက်ခိုက်ချင်း လုပ်ဆောင်မှုများ မပြုလုပ်ကြောင်း၊ အာဏာ ရှင်ခရိုနီများ ရရှိ ထားသောမြေနေရာများတွင်သာ ကျူးကျော်မှုကို ပြုလုပ်ထားကြောင်း၊ ယင်း အပြင် လက် ရှိနေထိုင်ရန် ပြင်ဆင်နေသူများ မှာ ဧရာဝတီတိုင်းဒေသကြီးတွင် နာဂစ်ဖြစ် စဉ်ကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသူ အများဆုံးဖြစ်ကြောင်း တဲထိုးနေထိုင် ရန် ပြင်ဆင်သူအဖွဲ့မှ ဦးဘကျော်က ရုန်းရင်းဆန်ခတ်မှု မဖြစ်ပွားမီ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
မီးရှို့မည်ဟု ထွက်ပေါ် လာ သည့်အတွက်ကြောင့် ရွှေလင်ဗန်းရွာသားများမှာ စုရုံးမှုပြုလုပ်ကာ တုတ်၊ အုတ်ခဲအစရှိသည့် ပစ္စည်းများ ကိုင်ဆောင်ထားသည့်အပြင် တဲထိုးနေထိုင်ရန် ပြင်ဆင်နေသူ ၁၀၀ ခန့်မှလည်း တုတ်၊ ဓား အစရှိလက်နက် များ ကိုင်ဆောင်ထားပြီးနောက် နှစ်ဖက် အငြင်းပွား မှုများ ဖြစ်ပေါ်ခဲ့သည်။
ထို့နောက် လူသုံးရာကျော်ရှိသော ရွာသားများက ကျူးကျော်နေထိုင်ရန် ပြင်ဆင်နေသူများကို ဖယ်ရှားမှုများနှင့် ရိုက်နှက်ပစ်ခတ်၊ ထိန်းသိမ်းမှုအချို့ပင်ရှိခဲ့သော်လည်း မည်သည့်အာဏာပိုင် အဖွဲ့ အစည်းမှ လာရောက်တားဆီးမှုများပင် မရှိခဲ့သည့်အပြင် ဖြစ်စဉ်မတိုင်မီက ပင် ရွှေလင် ဗန်းကျေးရွာ အုပ်ချုပ်ရေးမှူး ကိုမြင့်လှိုင်က "ကျွန်တော်တို့ ရဲစခန်းကိုတော့ အကြောင်းကြား ထားပါ တယ်" ဟု ဖြေကြားခဲ့သည်။

No comments:

Post a Comment