Friday, December 27, 2013

ဒီချုပ် သို့ အိတ်ဖွင့်ပေးစာ

ေ ဒ်ါစု ပေါ်ပြူလာနိုင်ငံရေးကိုစွန့်လွှတ်သင့်တဲ့ အချိန်ရောက်နေပါပြီ။ရထားတဲ့ဘွဲ့/ ဆုတွေကို
အားနာသင့်ပါပြီ။ဗိုလ်ချုပ်သမီးဆိုတာ အသိအမှတ်ပြုခံချင်ရင်ကိုယ့်ကျော်ကြား
မှုအတွက်ပါတီအတွက်ဆိုတာတွေ  ဘေး
ဖယ်ပြီး တိုင်းပြည်အတွက်ထိုက်ထိုက်တန်တန်
အောင်ဆန်း(ခွင့်လွှတ်ပါ)သမီးဖြစ်အောင် လုပ်ပါတော့။ဇရာဆိုတာငြင်းပါယ် လို့မ ရနိုင်တာမို့ အချိန်သိပ်မကျန်တော့ပါဘူး။
မှန်တဲ့အတိုင်းပြောရရင် ဗိုလ်ချုပ်မျက်နှာနဲ့ ကိုးကွယ်နေတာပါ။တကယ်တော့ပါတီလိုင်းက သိပ်မခိုင်ပါဘူး။ အာဏာပိုင်းနဲ့ပတ်သက်လာ ရင်စာ တတ်တတ်မတတ်တတ် မရဘူးဆိုတာမြင်ရတော့ ကျနော်တို့လည်းဒေါ်စုမျက်နှာထောက်ပြီး လူသိရှင်ကြားမထွက်ပေမဲ့ ဆက်မလုပ် ချင်ကြတော့တာအမှန်ပါ။ဒါကြောင့်တချို့ဝါရင့်ကြီးတွေက. ဒီကလေးမ နိုင်ငံရေးပါးမ၀ဘူးလို့ပြောခဲ့ကြ တာ ကြား ဖူးတယ်။

အဲဒီတုံးကဘာဖြစ်ဖြစ်မျက်စေ့စုံမှိတ်ပီး မခံချင်ခဲ့ဘူး။ခုတော့ဒေါ်စုနိုင်ငံရေးကွင်းပြင်ထဲ လက်တွေ့ရောက်ချိန် ရယ် ကျနော်တို့လည်းအနည်ထိုင်စ အရွယ်လည်းရဖြစ်လာတော့ အားမရစရာတွေမှားမှန်းသိ သိကြီး နဲ့ ဆက်တိုးနေတာမျိုးတွေ သူ့ရဲ့ပြုအမူမရင့်ကျက်တာတွေအနီးအဝေး အတွင်းအပြင်အနှောင်အဖွဲ့တွေကို မလွန်ဆန်နိုင်မှုတွေဟာကျနော်တို့အတွက်အကြည်ညိုပျက်လာစေခဲ့တာအမှန်ပါ။ကျနော်တို့တောင် ဆင် ကန်းတောတိုးအပြုအမူတွေဆင်ခြင်လာတတ်တဲ့အချိန်မှာ ဒေါ်စုကိုလည်း မှန်မှန်ကန်ကန်နဲ့ ကင်းကင်းရှင်း ရှင်းရပ်တည်စေချင်တာပါ။ ဒေါ်စုပြင်ရင်လိုက်ချင်ပါသေးတယ်။

ကျနော်တို့လည်းလေ့လာစာဖတ်လုပ်ကြပါတယ်။

တိုင်းပြည်ကိုတကယ်လည်း ကောင်းစေချင်တယ်။ဒီပုံနဲ့တော့မဖြစ်နိုင်သေးပါ။အကြံပြုချင်တာက ဒီအချိန် မှာဒေါ်စု Geo-politicsကိုပိုင်နိုင်အောင်ကိုင်ကစားသင့်ပါပီ။Triple win strategy ဆိုတာပါတီဝင်အများစုကော ၈၈ပေါ်ပြူလာ(ဒေါ်စုနောက်ကျော ဒါးနဲ့ထိုးမဲ့)အဖွဲ့ကောထက် ဟိုဘက်ဘိုးတော်ကြီးတွေအပြင် လက်ရှိ စစ်တပ်ခေါင်းဆောင်ပိုင်းအလယ်အလတ်အဆင့်လောက်ထိအများစုဟာ တော်တော်expert ဖြစ်တယ်လို့ကြား
သလို democracticပိုဖြစ်တယ်လို့ လေ့လာကြားသိရတဲ့အတွက်ဒေါ်စုအတွက်ရင်လေးမိလာလို့ပြောဖြစ်တာပါ။

ဘာပဲဖြစ်ဖြစ် လောလောဆယ်အခြေအနေအရ စစ်တပ်ကိုဖျက်ပစ်လို့လည်းရနိုင်တာမဟုတ်လို့
ပေါင်းသင့်ရင်ပေါင်းတာမှားစရာမရှိဟုထင်ပါသည်။ ၈၈ အဖွဲ့ကိုတော့လုံးဝမယုံပါနဲ့အထူးသတိပေး
ချင်ပါတယ်။ ခုမှမဟုတ်ပါ သူတို့ဘာဆင်နေတယ်ဆိုတာမြင်သာပါတယ် ပြောရရင် ဒေါ်စုကိုအသုံးချပီး အပေါစားနိုင်ငံရေးနည်းနဲ့. ပြည်သူကိုလှည့်စားနေတာ မြင်သာပါတယ်။ဂရုစိုက်ပါလို့ပဲထပ်သတိပေးပါတယာ။
အထူးသဖြင့် လူပြိန်ုးကြိုက် ပေါ်ပြူလာနိုင်ငံရေးကိုစွန့်လိုက်ပါတော့။ဒီဆေးနဲ့ကုလို့မရနိုင်တော့ပါ။
ဒီ/ချုပ်မှာ ဥမမယ်စာမမြောက် ကလေးတွေကိုအသုံးချတာတွေ ရပ်ခိုင်းပါတော့အတိုက်အခံဆိုတာ ရန်ဖြစ်ဖို့မဟုတ်ဘူးဆိုတာ သင်ပေးပါ။ဒီ/ချုပ်မှာ အဆိုးဆုံးကတော့ ပေါက်ပန်းဆေး လက်ခံခဲ့လို့ခုထိလူကြီလူကောင်းဆန်တဲ့အကျင့်မရဘဲ ခိုးဆိုးနှိုက်အော်လိုက်ဟစ်လိုက်ကောင်တွေပဲ မိုက်ကြေးခွဲ ပဏာယူနေကြတော့ကြာတော့ပြည်သူမုန်းလာတာပေါ့ဗျာ။ပြီးတော့ဒေါ်စုရဲ့ နိုင်ငံရေးအဆင့်ကို ကွက်ကွက်ကွင်းကွင်းပြလိုက်တာကဘာမှအဆင့်အတန်း political knowledge /general knowledge မရှိတဲ့အပေါစားဟစ်ဟော့ကောင် ကိုတင်လိုက်တာ ဟက်တက်ကွဲရှက်စရာဖြစ်နေတာအမြင်ပေါ့ ခက်တာက ဒီ/ချုပ်ထဲမှာဒီလိုကောင်တွေအများကြီးနေရာယူထားကြတာ ရင်လေးစရာပါ။

ဒီချုပ်ကိုသက်ဆိုးရှည်စေချင်ရင် နိုင်ငံကြီးသားပီသရမယ်ဆိုတဲ့ပေတံနဲ့ တိုင်းပီးမှအဖွဲ့ဝင်အဖြစ်လက်ခံပါ။
ပါတီသန့်ရှင်းရေးကို ၂၀၁၃နှစ်ဝက်အတွင်းပြတ်ပြတ်သားသားလုပ်လိုက်ပါ။ဒါဒီမိုကရေစီပဲလေ။
အဓိကအကြံပြုချင်တာက နိုင်ငံရေးကိုပေါ့ပေါ့တွေးပေါ့ပေါ့စဉ်းစားပေါ်ပြူလာသာယာမှုတွေစွန့်ပီးလုပ်ပါ။ အမှီအခိုကင်းအောင်နေပီးလုပ်ပြမှခင်ပွန်းနဲ့ပတ်သက်တဲ့သံသယတွေ ဆုတွေပေးနေတိုင်းသာယာမနေပါနဲ့ ဒါအနှစ်မှမဟုတ်တာ။မင်းသားကြီးမလုပ်ရရင်ပတ်မကြီးထိုးဖောက်ချင်တဲ့အကျင့်တွေပြင်ပါတော့။နိုင်ငံခြား
ရောက်ရင် နိုင်ငံတကာကလာတွေ့တိုင်း တိုင်းပြည်နဲ့ ပြည်သူဒုက္ခရောက်အောင် ဖြစ်ချင်ရာဖြစ် အစိုးရသက်ဆိုးမရှည်ရင်ပြီးရောဆိုတဲ့ပြောတတ်ဆိုတတ်တဲ့ ယခင်အကျင့်တွေပြင်ပါတော့။ဗိုလ်ချုပ်သမ္မတ
လုပ်မသွားရပေမဲ့ ခုထိနာမည်မသေဘူး။သမ္မတဖြစ်ချင်တာနဲ့ တိုင်းပြည်ထိခိုက်အောင်မလုပ်လိုက်ပါနဲ့။
ပင်လုံမှာ အရှည်မတွေးဘဲ အဖြေပေးခဲ့လို့ သေချာမဖတ်ဘဲလက်တစ်လုံးခြားရေးထားတာတွေမစဉ်းစား
(မျက်စေ့တစ်ဆုံးမကြည့်ဘဲ မျက်တောင်မွေးအဆုံးကိုပဲကြည့်)ခဲ့လို့ရှင်းမရတဲ့အမွေကို
ထပ်မရှုတ်စေပါနဲ့တော့။ပြောရင်အဲဒီတုံးက လက်မှတ်ထိုးတဲ့သူအရေအတွက်အရပြန်ကြည့်ရင် fair
agreement လို့မဆိုနိုင်ပါ ဗိုလ်ချုပ်ကလွတ်လပ်ရေးရဖို့အဓိကထားတဲ့စိတ်စေတနာအပေါ် အသုံးချသွား တာတွေ့ကြမှာပါ။လိုရင်းပြန်ကောက်ရရင် ဗိုလ်ချုပ်ယူပေးခဲ့တဲ့ လွတ်လပ်ရေးကိုသွားပြန်အပ်နေတာမျိုးတွေ မလုပ် ပါနဲ့တော့ ပွင့်ပွင့်လင်းလင်းပြောရရင် ဆုတွေပေးဆုတွေယူ ထောက်ပံ့ခံ ချည်နှောင် ခံပီးနိုင် ငံရေးမလုပ်ပါနဲ့ ။

ဗိုလ်ချုပ်ကိုအသုံးချပီးမရပ်တည်ပါနဲ့။ဗိုလ်ချုပ်က အင်္ဂလိပ်ကိုတိုက်တာ ဒေါ်စုကအင်္ဂလိပ်ကိုကြိုက်တာ
မနှိုင်းအပ်မယှဉ်အပ်မို့ ကိုယ့်ဘာသာမရပ်နိုင်ရင် ရပ်လိုက်ပါတော့အပေါစားဦးဆောင်မှု
ပေါ်ပြူလာနိုင်ငံရေး ထောက်ပံ့ခံ နိုင်ငံရေးသမားဘ၀နဲသာယာယစ်မူးမနေတော့ပါနဲ့လို့ ဗိုလ်ချုပ်မျက်နှာ ၂ခါမပျက်ရစေဖို့တိုက်တွန်း အကြံပြုအပ်တယ်။


ဖိုးဗမာ

No comments:

Post a Comment