Saturday, November 23, 2013

ကန်ဒေါ်လာ သန်းတစ်ရာခန့် ရင်းနှီးပြီး ပြည်တွင်း၌ PEPSI အချိုရည် ထုတ်လုပ်မည်

PEPSI အချိုရည်ကို ပြည်တွင်းတွင် ထုတ်လုပ်ဖြန့်ချိရန် ပြင်ဆင်နေပြီဖြစ်သည်ဟု MGS Beverage Co;Ltd  ဥက်္ကဋ္ဌ ဦးသိန်းထွန်းက နိုဝင်ဘာ ၂၁ တွင် မဇ္ဈိမ ကို ပြောသည်။
အချိုရည်ကို ကိုရီးယားအခြေစိုက် Lotte ကုမ္ပဏီနှင့်ပူးပေါင်းပြီး ကိုဖရန်ချိုက်စ်စနစ်ဖြင့် ထုတ်လုပ် မည် ဖြစ်သည်။ကုမ္ပဏီနှစ်ခုပေါင်း ရင်းနှီးမြှုပ်နှံမှု ကန်ဒေါ်လာသန်း ၁၀၀ နီးပါးရှိမည်ဟု ခန့်မှန်း ထားသည်။ပုလင်းဖြင့် ထုတ်လုပ်မည်ဖြစ်ပြီး ပုလင်းပြန်သိမ်းသည့်စနစ်ဖြစ်၍ စရိတ်စက သက်သာ မည်၊ အလုပ်အကိုင်အခွင့် အလမ်းများ ဖန်တီးပေးနိုင်မည်ဟုဆိုသည်။နိုင်ငံခြားမှ တင်သွင်းခြင်း
မဟုတ်၍ နိုင်ငံခြားငွေကုန်သက်သာမည်ဟုလည်း ပြောသည်။“အခြား အချို ရည်တွေနဲ့ ယှဉ်ပြိုင် ပြီး အားသာအောင်ကြိုးစားသွားမယ်” ဟု ပြောသည်။
ယင်းကုမ္ပဏီသည် ယခင်အစိုးရ လက် ထက် ၁၉၉၀ ၀န်းကျင်ကလည်း PEPSI အချိုရည် ဖြန့်ဖြူး ခဲ့သည်။
အမေရိကန်ပြည်ထောင်စု အခြေစိုက်ကုမ္ပဏီဖြစ်၍ စီးပွားရေးပိတ်ဆို့မှုများကြောင့် ၁၉၉၇ ခုနှစ် ၀န်းကျင် က လုပ်ငန်းများပြန်လည်ရုတ်သိမ်းသွားပြီး အချိုရည် ဖြန့်ဖြူးခွင့်မရတော့ပေ။
အစိုးရသစ် ပြောင်းလဲပြီးနောက် စီးပွားရေးအခွင့်အလမ်းများ ပေါ်ပေါက်လာချိန်တွင် နိုင်ငံတကာမှ ရင်းနှီးမြှုပ်နှံမှုများ ၀င်ရောက်လာပြီး ကိုကာကိုလာ အချိုရည်လည်း ၀င်ရောက်လာခဲ့သည်။

No comments:

Post a Comment