Tuesday, November 19, 2013

ဦးဘဂျမ်းကာတွန်းပွဲတော်၏ နံပတ်(၁)ချိတ် ကာတွန်း NLD မကျေနပ်

ကာတွန်းဆရာကြီး ဦးဘဂျမ်းကို ဂုဏ်ပြုတဲ့
အနေနဲ့ သူနေထိုင်ခဲ့ရာ ရန်ကုန်မြို့ ၁၃လမ်း
 အောက်လမ်းမှာ တန်ဆောင်တိုင် ကာတွန်း
ပွဲတော်ကို ကျင်းပပြုလုပ်နေပါတယ်။ အရင်
 န၀တ-နအဖ လက်ထက်မှာ ၁၀နှစ်တစ်ခု
နီးပါး ပိတ်ပင်ထားခဲ့ပြီး အခုအစိုးရ လက်
ထက်မှာ ပြန်လည်ကျင်းပခွင့်ပြုခဲ့တာလဲ
 ဖြစ်ပါတယ်။
ဦးဘဂျမ်းလမ်း ကာတွန်းပွဲတော်မှာ 
မျက်မှောက်ခေတ် အခြေအနေတွေကို
 ထင်ဟပ်ထားတဲ့ ကာတွန်းဆရာပေါင်း 
၁၀၀ ကျော်ရဲ့ ကာတွန်းလက်ရာ ပြ
ကွက်တွေကို ခင်းကျင်း ပြသထားပါတယ်။
Photos: Pyi Sone, DVB TV News
ဒီပြပွဲမှာ ထည့်သွင်းပြသခဲ့တဲ့ ကာတွန်းတွေထဲမှာ လူစိတ်အ၀င်စားဆုံး ကာတွန်းတစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ သမ္မတနေရာ တို့ ကို သရော်ထားတဲ့ ကာတွန်း ဖြစ်ပါတယ်။ ဒီကာတွန်းနဲ့ ပတ်သက်ပြီး NLD ပါတီဝင် အချို့ က ဒေသထွက်လျက် ရှိကြောင်း သိရှိရပါတယ်။


From: Red Star Media

No comments:

Post a Comment