Wednesday, November 20, 2013

KIA မှာ ကလေးစစ်သားတွေ ရှိနေသေးကြောင်း ဂွမ်မော် ၀န်ခံ


နိုဝင်ဘာလ ၁၈ ရက်နေ့၊ ညနေ ၃ နာရီ ရန်ကုန် မြို့ ၊ Business Alliance Hotel ဟိုတယ် မှာ KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် က သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ပါတယ်။ကျမ အနေ နဲ့ မေးခွန်း ၃ ခွန်းမေးခွင့်ရခဲ့ပါ တယ်။
အစိုးရနဲ့ KIA တိုက်ပွဲတွေ မရပ်တန့်သေးတာ က အကျိုးအမြတ်ရှိနေတဲ့အတွက်ဆိုတဲ့ ဝေဖန် သံတွေ ရှိပါတယ်။ အဲဒီအပေါ်မှာ ဘယ်လိုမြင် ပါ သလဲ။
`တိုက်ပွဲတွေကတော့ ဘယ်သူ့အတွက်မှ အကျိုးမရှိပါဘူး၊ ပြည်တွင်းမှာ ဖြစ်တဲ့ တိုက်ပွဲဖြစ်တဲ့ အ တွက် ပြည်တွင်းကလူတွေအတွက် အကျိုးအမြတ်မထွက်ပါဘူး`လို့ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော် က သတင်းစာရှင်းလင်းပွဲမှာ ဖြေပါတယ်။
ဒုတိယ မေးခွန်းကတော့ KIAရဲ့ ပန်းတိုင်က ဘာလဲဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။
` လွတ်လပ်ရေးရပြီးနောက်ပိုင်းတွင် တိုင်းရင်းသားတန်းတူညီမျှမှု မရှိခဲ့သောကြောင့် တိုင်းရင်း သား အဖွဲ့ အသီးက တော်လှန်ရေးတွေ ပေါ်ပေါက်လာတော့ အဲတော့ ခုထိပြောရတာကတော့ စစ် မှန် တဲ့ Federal ပြည်ထောင်စုကို တည်ဆောက်ဖို့နဲ့ တန်းတူညီမျှမှု ရဖို့ဖြစ်ပါတယ်၊ အဲဒါ ကတော့ ကျနော်တို့ရဲ့ ပန်းတိုင် လို့ ပြောရင်လည်း ရပါတယ်`
တတိယမေးခွန်းကတော့ ကလေးစစ်သားတွေ ရှိနေတဲ့ အပေါ်မှာ ဘယ်လိုမြင်ပါသလဲ ဆိုတဲ့ မေး ခွန်းပါ။
“ကလေးဆိုတာကတော့ စစ်သားအနေနဲ့ မဖြစ်သင့်တာ မရှိသင့်တာ အမှန်ပါ။ ဒါကို စစ်တပ် တိုင်း ကလည်း တာဝန်ရှိသူတိုင်းက ကြပ်ကြပ်မတ်မတ်ဆောင်ရွက်နေပါတယ်၊ ဒါပေမဲ့လည်း ကလေးစစ် သား အများအပြားရှိနေဆဲဖြစ်ပါတယ်။ ဒါကို ဆက်ပြီး လုပ်ရမဲ့ လုပ်ငန်းအနေနဲ့ KIA ထဲမှာလည်း ဒီလိုပဲ ညွှန်ကြားထားပါတယ်`
ကျေးဇူးတင်ပါတယ်။
မိတ်ဆွေများအားလုံးကို လေးစားချစ်ခင်လျက်ပါ၊
ဘေးအန္တရာယ်အပေါင်းမှ ကင်းဝေးကြပါစေရှင်။
မေသင်္ကြန်ဟိန်(မြစ်မခ)

No comments:

Post a Comment