Tuesday, November 19, 2013

လွယ်ဂျယ်မြို့ တောင်ပေါ်ကျောင်းရှိ ဗုဒ္ဓဆင်းတုတော်များအားKIAဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ သံဃာတော်များအစည်းအဝေးပြုလုပ်

လွယ်ဂျယ်မြို့ တောင်ပေါ်ကျောင်းရှိ ဗုဒ္ဓဆင်းတုတော်များအား KIA ဖျက်ဆီးခဲ့မှုနှင့်ပတ်သက်၍ တရုတ်- မြန်မာ နယ်စပ်ရှိ သံဃာတော်များ အစည်းအဝေးပြုလုပ်
19.11.2013

ကချင်ပြည်နယ်ဗန်းမော်ခရိုင်လွယ်ဂျယ်မြို့နယ်ခွဲ၏ တာင်ဘက် တောင်ပေါ်ဘုန်းကြီးကျောင်းရှိ ဗုဒ္ဓဆင်း တု တော်များ အား ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့မှ ဖျက်ဆီးသွားခဲ့မှုနှင့်ပတ်သက် တရုတ် - မြန်မာ နယ်စပ်ရှိ သံဃာတော် များ စုပေါင်း ကာ နိုဝင်ဘာ ၁၈ ရက်မနက်ပိုင်းတွင် တရုတ်နိုင်ငံ လုံချွမ်ခရိုင် ကျင်းခမ်း ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ အစည်း အဝေး ပြုလုပ်ခဲ့ကြောင်း လွယ်ဂျယ်မြို့ခံ ရှမ်းလူမျိုးများထံမှ သတင်း ရရှိသည်။



`` အဓိက ရည်ရွယ်ချက်ကတော့ ဗုဒ္ဓဆင်းတုတော်တွေ ဖျက်ဆီးခံရတာနဲ့ပတ်သက်ပြီး ဖော်ထုတ်ဖို့ပါ၊ မိုင်ဂျာယန် မြို့မြောက် ဘက် လွယ်ရင်ဟိုင်းဘုန်းကြီးကျောင်းက ဆရာတော် အရှင်အာလောဘဦးစီးပြီး အစည်း အဝေး လုပ်ခဲ့တာပါ။ ဒီမြန်မာနိုင်ငံ ဘက်ခြမ်းကဆိုရင် ကောင်းဆာ၊ မန်လင်၊ မန်ကောင်း၊ ကုံလုံနဲ့၊ တုန်ဟုန်းရွာ တွေက ဆရာတော်တွေပါတယ်။ တရုတ်နိုင်ငံဘက် ကလည်း ဂျန်ဖုန်းမြို့ဝန်းကျင်တစ်ဝိုက်က ဆရာတော်တွေ ပါတယ်။ စုစုပေါင်းသံဃာအပါး(၅၀)လောက် ရှိပါတယ်´´ ဟု  အစည်းအဝေးတက်ရောက်ခဲ့သော မန်ကောင်း ဘုန်းတော်ကြီးကျောင်း ဆရာတော်မှ ပြောပြသွားပါသည်။



၂၀၁၃ ခုနှစ် စက်တင်ဘာလကုန်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)အဖွဲ့သည် လွယ်ဂျယ်မြို့နယ် ခွဲ၏တောင်ဘက် တောင်ပေါ်ဘုန်းကြီးကျောင်းဝန်းအတွင်း၌ တည်ထားကိုးကွယ်ထားသော သကျမုနီ ဆုတောင်းပြည့်ဘုရားရှိ ဗုဒ္ဓဆင်းတုတော်(၁၃)ဆူ၊ ရှင်ဥပ္ပဂုတ္တရုပ်ပွားတော်၊ ဘုရားသမိုင်းကျောက်စာများနှင့် ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ၀ါရိန္ဒ၏ အသုံးအဆောင် ပစ္စည်းများအား လာရောက်ဖျက်ဆီးသွားခဲ့ခြင်း ဖြစ် ကြောင်း ဒေသခံရှမ်းတိုင်းရင်းသားများက အခိုင်အမာ ပြောဆိုကြသည်။

 

``ဘုန်းကြီးကျောင်းကို ဘယ်သူမှမလာရဲအောင် KIA က မိုင်းတွေထောင်ပြီး ခြောက် လှန့်တယ်၊ ကျောင်းထိုင် ဆရာတော် ကို လည်း နည်းမျိုးစုံနဲ့ ခြိမ်းခြောက်လို့ တရုတ်နိုင်ငံ ကျင်းဖုန်းမြို့ ဘုန်းကြီးကျောင်းမှာ ပြောပြီး သီတင်းသုံးနေထိုင်ခဲ့ရတဲ့အထိ ဖြစ်ခဲ့တာ၊ အဲဒါကို အခွင့်ကောင်းယူပြီး KIA အဖွဲ့က ဗုဒ္ဓဆင်းတုတော်တွေ ဖျက်ဆီးပစ်တာပါ။ သူတို့ဘာသာမဟုတ်လို့ မကိုး ကွယ် ချင်တာကို အပြစ်မပြောလိုပေမယ့် ကျွန်တော်တို့ ရှမ်း တွေ ကိုးကွယ်ယုံကြည်တဲ့ ဘာသာရေးအဆောက်အဦတွေနဲ့ ဘုရားကျောင်းကန်တွေ ဖျက်ဆီးပစ်တာကတော့ လက်ခံစရာအကြောင်း မရှိပါဘူး´´ ဟု မြို့ခံရှမ်း တိုင်းရင်းသားတစ်ဦးက ပြောပြသည်။



အဆိုပါကိစ္စနှင့်ပတ်သက်၍ လွယ်ဂျယ်မြို့ခံ ၀န်ထမ်းတစ်ဦးအား မေးမြန်းကြည့်ရာ ``KIA ရဲ့ အခုလို လုပ်ရပ် ဟာ အစွန်းရောက် သွားပါပြီ၊ အာဖဂန်နစ္စတန်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေမှာ ဘာသာရေး အဆောက်အဦတွေကို မွတ်စလင်အစွန်းရောက်တွေ ဗုံးခွဲတိုက်ခိုက်တာ ကြားဖူးပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာတော့ ဘုရား ဆင်းတုတော်တွေကို ဗုံးခွဲမတိုက်ခိုက်ပေမယ့် ကိုယ်ထိ လက်ရောက် ဖျက်ဆီးရဲတဲ့ အဖွဲ့အစည်းပေါ်လာပြီ။ အဲဒါ KIA အဖွဲ့ပေါ့ဗျာ။ KIA ဟာ လက်နက်ကိုင်နေတဲ့ သောင်းကျန်းသူဆိုတဲ့ ဂုဏ်ပုဒ်အစား အကြမ်းဖက် အစွန်းရောက် အဖွဲ့အစည်း လို့တောင် ပြောင်းခေါ်ဖို့ ကောင်းနေပြီ၊ ဗုဒ္ဓဘာသာကိုးကွယ်တဲ့ ဒေသခံရှမ်းနဲ့ ဗမာ လူမျိုးတွေ ကတော့ တော်တော်မကျေမနပ် ဖြစ်နေကြတယ်လို့ကြားတယ်´´ ဟု ပြောကြားသွားသည်။



စိုင်းအောင်ခမ်း

No comments:

Post a Comment