Tuesday, November 19, 2013

နိုင်ငံရေး check & blance နဲ့ ဒေါ်စုကြည်

၂၀၁၅ နီးလာတာနဲ့အမျှ NLD ပါတီနဲ့
 ဒေါ်စုတို့ရဲ့ နိုင်ငံရေးကစားကွက်တွေက
 သွေးရူးသွေးတန် နဲ့ ရရာဆွဲစားဘဝ 
ကိုရောက်ရှိနေပြီ။
လေ့လာမိသလောက်သုံးသပ်ရရင်
ဒေါ်စုရဲ့ ဒီနှစ်အတွင်း ပြည်ပခရီးစဉ်
အများစုဟာသူ့ရဲ့ ခြေခံဥပဒေဥပြင်ဆင်ရေး.....
၂၀၁၅ မှာနိုင်ငံတကာကသူ့ကိုထောက်ခံဖို့ အရေး......တပ်မတော်ရဲ့ပါဝင်မှုကိုလျော့ ချရေးနဲ့ NLDအကျိုး သူ့ရဲ့ပုဂ္ဂိုလ်က အ ကျိုးတွေ အတွက်ပဲ လုပ်သွားတာများတယ်.....
နိုင်ငံနဲ့ ပြည်သူတွေအတွက် တရားဥပဒေစိုးမိုးရေးဥက္ကဌဟာ ပြည်ပရောက်တိုင်းအတိတ်မေ့ချင်ယောင်ဆောင်တယ် တေမိဇာတ်ခင်းတယ်ဆိုတာ မျက်မြင်ပဲ...
အခုခြေဥပြင်ဖို့ ပြည်တွင်းဆန္ဒခံယူပွဲတွေကို ခပ်စိတ်စိတ်လုပ်လာတာဟာ ၂၀၁၅ အတွက်အသေ ရရ အရှင်ရရအာဏာရဖို့အတွက် အပြင်းအထန်လုံးပန်းနေတာတွေ့ရတယ်....ပြည်တွင်းဆန္ဒခံယူ ပွဲတွေ မှာလည်း ပါတီဝင်တွေရဲ့စည်းကမ်းမရှိမှု ပြည်သူလူထုကိုထင်ယောင်ထင်မှားဖြစ်အောင် လုပ်မှု...လာတက်တဲ့လူဦးရေးအရေအတွက်ကို အရှက်မရှိ လိမ်လည်မှု .....တနိုင်ငံလုံးက ပဲထောက် ခံနေ သယောင် ဗြောင်လိမ်ဗြောင်စားလုပ်နေတာတွေ...နောက်ခြေဥပြင်ဖို့သာတွင် တွင်ပြောနေပေ မဲ့ ပါတီဝင်တွေကိုယ်တိုင်တောင် အခြေခံဥပဒေစာအုပ် ကို ကိုင်တောင်ကိုင်ဖူးရဲ့လား မသိ...

OIC လာတော့လည်း ပြည်ပနိုင်ငံအများစုထောက်ခံအောင်...
လူအခွင့်အရေးစံနှုန်းတွေနဲ့ကိုက်ညီအောင် ဒေါ်စုဟာ OIC ကိုပါလက်ခံဖို့ တနိုင်ငံလုံး(NLDမပါ) OIC  ကို ကန့်ကွက်နေတာတောင်OIC ရုံးခန်းဖွင့်ဖို့ပါပြည်သူကိုယုတ်မာစွာ စည်းရုံးနေတော့ ဒေါ်စု ရဲ့ပြည်တွင်း ပြည်ပ နိုင်ငံကစားကွက်တွေဟာ အတ္တဆန် ပြီးသူ အာဏာရဖို့အတွက်ဆိုပြည်သူကို ချနင်းဖို့အသင့်ပဲဆိုတာတွေ့ရတယ်...
OIC ကိုသူကိုယ်တိုင်လက်ခံမှနိုင်ငံတကာရဲ့ထောက်ခံမှုကိုအပြည့်အဝရမှာဖြစ်လို့ ...နိုင်ငံတ ကာထောက်ခံ မှုအတွက် ပြည်သူတွေရဲ့ ဆန္ဒကိုရိုက်ချိုးလိုက်တာပဲ....
OIC ကိုလက်ခံမှ လူနည်းစုမွတ်ဆလိမ်တွေကို စောင့်ရှောက်ရာရောက်တယ်လို့ ဒေါ်စုပြောလိုက်ချင်း ဟာ ရခိုင်တိုင်းရင်းသားတွေရဲ့ မျက်နှာ ကိုမထောက်....
OIC ကိုအပြင်းအထန်ဆန့်ကျင်နေတဲ့ ပြည်သူလူထုကို အရူးလုပ်လိုက်တာပဲ....
ဒေါ်စုရဲ့ နိုင်ငံရေးကစားကွက်တွေဟာ ပြည်တွင်းကောပြည်ပမှာပါ ချိန်ခွင်ညှိပြီး ၂၀၁၅မှာနှစ်ဖတ်စလုံးထောက်ခံအောင် Professional မဆန်စွာ ကစားသွားတာပဲ....
ပြည်သူကိုနယ်ရုပ်လို လိုသလိုကစားနေတဲ့ ဒေါ်စုဟာ လူထုခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့တောင် မတန်တော့ပါဘူး။

No comments:

Post a Comment