Saturday, November 23, 2013

၂၀၁၃ ခုနှစ်ရဲ့ အကယ်ဒမီကို မျှော်မှန်းနေတဲ့ “၀တ်မှုန်ရွှေရည်”

အခုနောက်ပိုင်း အနုပညာလောကမှာ တစ်ဦး၊ တစ်ယောက်က ဦးဆောင်နေတဲ့ခေတ်လို့ သတ်မှတ်ဖို့ ခက်နေတယ်လို့ ပြောကြတဲ့အပေါ် ကစ် (၀တ်မှုန်ရွှေရည်)ရဲ့ အမြင်က . . . ။
အဲဒါကိုတော့ မပြောတတ်ပါဘူး။ ဘယ်သူဘယ်ဝါရယ်လို့ ခေတ်ဖြစ်နေတယ်ဆိုပြီး မပြောတတ်ပါဘူး။ ပရိသတ်က ဆုံးဖြတ်ပေးတာပါ။ အသစ်ဆိုတာက အမြဲတမ်းပေါ်နေတာပဲလေ။ ကစ်လည်းပဲ အသစ်က နေပြီးစခဲ့တာပါပဲ။ အဓိက,က ကိုယ့်ပရိသတ်နဲ့ ကိုယ်လုပ်စရာရှိတာကို အကောင်းဆုံးဖြစ်အောင် လုပ်နိုင် ဖို့ပါပဲ။ ပရိသတ်ပေးတဲ့နေရာမှာ အကောင်းဆုံးအလုပ်တွေကို
လုပ်ပြီးနေတာပဲ ကောင်းပါတယ်။ အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးနေတာ ကောင်းပါတယ်။
အခုလတ်တလော ကစ်နဲ့ပတ်သက်တဲ့ အနုပညာလှုပ်ရှားမှုတွေက ငြိမ်သက်နေသလားလို့ . . . ။
ကစ် ဒီအလုပ် စမလုပ်ခင်ကတည်းရော၊ ဒီအလုပ်စပြီးလုပ်တဲ့အချိန်မှာရော အလုပ်အပေါ်ထားတဲ့စိတ်က အတူတူပါပဲ။ ပရိသတ်တွေရဲ့အားပေးမှု၊ လက်ခံမှုတွေ၊ အသိအမှတ်ပြုမှုတွေကအစ ကစ်လေးစားပါ တယ်။ နောက်ပြီးအလုပ်ကိုလည်း ကြိုးစားပါတယ်။ လေ့လာရင်းနဲ့ ကြိုးစားနေပါတယ်။ လေ့လာရင်း သင်ယူနေတယ်။ ကြိုးစားနေပါတယ်။ ကြိုးစားမှု၊ လေ့လာမှုတွေ၊ မှန်မှန်ကန်ကန်၊ ရိုးရိုးသားသားကြိုးစား မှုက အခုချိန်အထိလျော့တယ် မရှိပါဘူး။
အခုရိုက်နေတဲ့ဇာတ်ကားက စိုင်းစိုင်းနဲ့နော်။ ပြန်မဆုံတာ သုံးနှစ်လောက်ရှိပြီလို့ သိရတယ်။ ဒီ လောက်ကြာမှ ပြန်ပြီးလက်တွဲရတဲ့အခါ ခံစားချက်က . . .။
ဟုတ်မယ်ထင်တယ်။ ကစ်လည်း မခန့်မှန်းတတ်ပါဘူး။ ကြော်ငြာကတော့ ရိုက်ဖြစ်နေပါတယ်။ ကစ်တို့ တွေကအနုပညာမောင်နှမတွေအနေနဲ့ ကိုယ့်ရဲ့အလုပ်တွေကို အကောင်းဆုံး လုပ်နေကြ တာပါ။
၂၀၁၄ ခုနှစ် မင်္ဂလာသတင်းထဲမှာ ကစ်ကစ်ဆီက ထူးခြားတာမျိုးရှိနိုင်မလား။
ကစ်ကတော့ ဆောင်ဖို့မရှိသေးပါဘူး။ မင်္ဂလာဆောင်နဲ့က ဘာမှမဆိုင်ပါဘူး။ အဝေးကြီးရှိနေ ပါသေး တယ်။ သူများတွေ မင်္ဂလာဆောင်တာတွေ့မြင်ရတော့ ၀မ်းသာပါတယ်။ ချစ်ကြတဲ့သူတွေ ညားကြတာ၊ ပေါင်းကြတာ ကောင်းပါတယ်။
တချို့တွေက ကိုယ့်ရဲ့ဖြစ်သင့်တဲ့ အိမ်ထောင်တစ်ခုကို ရွေးချယ်တည်ထောင်ကြတယ်။ တချို့ကျတော့ လည်း အချစ်ကိုပဲ ဦးစားပေးကြတယ်။ ကစ်အနေနဲ့ ဘယ်လိုအိမ်ထောင်မျိုးကို တည်ထောင်ချင်လဲ။
ကစ်ကတော့ အားလုံးကိုကိုယ်ချစ်တဲ့သူတွေနဲ့ပဲ ပေါင်းရပါစေလို့ ဆုတောင်းပါတယ်။ ဒါမှလည်း စိတ်ချမ်း သာမှာလေ။ ဒါပေမဲ့ တစ်ခါတလေကျရင်တော့ လူဆိုတာကကိုယ်ချစ်တဲ့သူနဲ့ မပေါင်းရတာလည်းရှိနေ ပြန် တယ်။ ဒါကလည်း ကံပါပဲ။ အဲဒီလိုဆိုရင်တော့ ကိုယ်ကအဆင်ပြေသလို အကောင်းဆုံးဖြစ်အောင် နေ ရတော့မှာပဲလေ။ ဘယ်တတ်နိုင်ပါ့မလဲ။ ကစ်လည်း ကိုယ်ချစ်တဲ့သူနဲ့တော့ ပေါင်းချင်တာပါပဲ။ ဒါပေမဲ့ ကိုယ့်ရဲ့ ကံကလည်း ရှိသေးတော့ ပြောလို့ကမရသေးဘူးလေ။ ဘာမှကြိုမသိတာ။
ကစ်လည်း ကောလာဟလတွေနဲ့ ဖြတ်သန်းခဲ့ရတယ်နော်။ အဲဒီအချိန်တွေကို ဘယ်လိုယုံကြည်ချက် ထားပြီး ကျော်ဖြတ်လဲ။
အနုပညာသမားတိုင်းရဲ့ ဘ၀မှာကောလာဟလတွေဆိုတာ ရှိမှာပါပဲ။ ရှင်းပြခွင့်မရှိပါဘူး။ ရှင်းပြရင်လည်း ပိုပြီးရှုပ်ထွေးသွားနိုင်ပါတယ်။ ရှင်းရာမရောက်ဘဲ ပိုပြီးရှုပ်ထွေးနိုင်တာကြောင့် ကိုယ့်အတွက်အများကြီး ထိခိုက်နိုင်တယ်လေ။ ကိုယ့်ဘာသာ စိတ်မကောင်းဖြစ်နေရတာပဲရှိတာလေ။ အဓိက,က ကိုယ့်လိပ်ပြာ ကိုယ်သန့်နေဖို့ပါပဲ။ မှန်မှန်ကန်ကန်ကြိုးစားပြီးနေရင်တော့ မဟုတ်ဘူးဆိုတာသိသွားမှာပါ။တစ်နေ့ကျရင် တော့ အမှန်တရားက ပေါ်လာမှာပဲလေ။
ဒီနှစ်အကယ်ဒမီမှာ ကစ်ရဲ့ဇာတ်ကားတွေလည်း ပါနေတယ်နော်။ အကယ်ဒမီကို ရင်ခုန်လို့ ရပြီလား။
ဒီနှစ်တော့ ကစ်အကယ်ဒမီမှန်းလို့ မရပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကစ်ကားတွေကဟာသနဲ့ ဒရာ မာ ရောထားတာတွေပါ။ နောက်ပြီး ဟာသကားတွေလည်း များတာမို့ပါ။ အကယ်ဒမီ မှန်းလောက်အောင် ကို မပါ,ပါဘူး။

ဒါဆိုရင် နောင်နှစ်ဆို အကယ်ဒမီကိုရင်ခုန်နိုင်ပြီလား။ နောင်နှစ်အတွက် ဘယ်ဇာတ်ကားတွေကို မှန်းထားလဲ။
၂၀၁၃ ခုနှစ်ထဲမှာတော့ အကယ်ဒမီမှန်းထားတာတော့ ရှိပါတယ်။ “လူကြီးမင်းခင်ဗျာ”၊ “မြင်စေရင်”  နဲ့ တခြားဒရာမာကားတွေရှိပါတယ်။ ကစ်အတွက်တော့ မျှော်လင့်လို့ရမယ့် ဇာတ် ကားတွေပါ။
တီဗီကြော်ငြာတွေမှာ ထက်ထက်မိုးဦးရဲ့ အိုက်တင်တွေနဲ့ တူတယ်လို့ ပြောကြတဲ့အပေါ်ဘယ်လို ခံစားရလဲ။
ဘယ်သူတွေ ဘာတွေပဲပြောပြော ပရိသတ်ကပေးတဲ့ နေရာအပေါ်မှာ၊ လက်ခံတဲ့နေရာပေါ်မှာပဲ ကစ်နေပါတယ်။ ကိုယ့်ကိုယ်ကိုယ်လည်း ဘယ်နေရာရောက်နေလဲ၊ ဘယ်အခြေအနေ ဘယ်လိုရှိ လဲဆိုတာကို မသိပါဘူး။ အဓိက,က ပရိသတ်လက်ခံတဲ့ပေါ်မှာပဲ နေပါတယ်။
အခုအချိန်မှာ ကစ်အနေနဲ့ ဘယ်လိုယုံကြည်ချက်တွေ၊ မျှော်လင့်ချက်တွေနဲ့ အနုပညာလမ်း ကို လျှောက်လှမ်းနေတာလဲ။
အနုပညာရှင်အတွက် အဓိက, က စိတ်ဓာတ်ကြံ့ခိုင်ရမယ်။ တိုက်ခိုက်မှုတွေ၊ စွပ်စွဲခံရမှုတွေ၊ နာမည်ဖျက် ခံရမှုတွေကအစ စိတ်ဓာတ်ကို ကြံ့ခိုင်ပြီးနေရမယ်။ မတုန်လှုပ်ရပါဘူး။ ရိုးသားမှုတော့ ရှိရပါမယ်။
အခုဆီးဂိမ်းမှာရော ကစ်အနေနဲ့ ဘယ်အပိုင်းက ပါဝင်ကူညီပေးထားသေးလဲ။
ဆီးဂိမ်းအတွက် ကိုလူမင်းရိုက်တဲ့ကြော်ငြာမှာ တခြားအနုပညာရှင်တွေနဲ့အတူ ရိုက်ထားပါတယ်။ ကစ်ကို နောက်ထပ်ပါဝင်ကူညီဖို့ ပြောလာရင်လည်း ကူညီပေးဖို့အသင့်ပါပဲ။

No comments:

Post a Comment