Friday, November 29, 2013

ဒေါ်စုသမ္မတဖြစ်လာပါက တိုင်းပြည်မငြိမ်သက်မှုပိုဆိုးနိုင်သည်ဟုဦးဝီရသူပြောကြား

မျိုးစောင့်ဥပဒေ ပေါ်ထွက်လာရေး ကြိုးပမ်းခဲ့သူ ဦးဝီရသူက(၂၀၁၅ )ရွေးကောက်
ပွဲတွင် ဒေါ်အောင်ဆန်း စုကြည်သာ အနိုင်ရသမ္မတဖြစ်လာခဲ့ပါက တိုင်းပြည်မငြိမ်သက်
မှုများပိုမိုဆိုးရွာ;လာနိုင်သည်
ဟုပြောကြားလိုက်သည်။
"ဦးဇင်းရဲ့ဆန္ဒအရတော့လက်ရှိ
သမ္မတဦးသိန်းစိန်ကိုပဲပြန်လည်ရွေးချယ်တင်မြှောက်စေလိုပါတယ်။တကယ်လို့ဦးသိန်းစိန်အနား ယူတော့ မယ်ဆိုရင်တော့လက်ရှိလွှတ်တော်ဥက္ကဠ ဦးသူရရွှေမန်းကိုပဲဦးဇင်းက အားပေးသွားမှာပါ" ဟု အဆိုပါ မျိုးစောင့်ဥပဒေ ကို ကြိုးပမ်းသူ အရှင် ဦးဝီရသူကပြောကြားခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်နှင့်ဦးရွှေမန်းတို့နှစ်ဦးစလုံးကလည်းသမ္မတအဖြစ်တာဝန်ထမ်းဆောင်လို
သည်ဟု၎င်းတို့၏ဆန္ဒကိုအသီးသီးထုတ်ဖော်ပြောကြားထားသည်။ဒေါ်အောင်ဆန်းစုကြည်အား
တိုင်းပြည်တိုးတက်ပြောင်းလဲအောင်လုပ်ဆောင်ပေးနိုင်မည့်သူအဖြစ်အများကချီးကျုးနေချိန်တွင်
ဦးဝီရသူက ဒေါ်ဆုသမ္မတဖြစ်လာပါက အုပ်ချုပ်ရေးပိုင်းနှင့်တရားဥပဒေစိုးမိုးရေးတွင် အားနည်း ချက်များရှိလာလိမ့်မယ်ဟု ဝေဖန်ခဲ့သည်။"သူမဟာမြန်မာပြည်ရဲ့သဘောသဘာဝကိုနားမလည်သူပါ။ သူမသိတာကတော့တိုင်းပြည်ကိုပြောင်းလဲအောင်လုပ်မယ်ဆိုပြီးလက်ရှိအစိုးရကိုဝေဖန်တိုက်ခိုက် မယ်ဆိုတာပါပဲ။
သူမသာသမ္မတဖြစ်ခဲ့ရင်လူမျိုးရေးနှင့်ဘာသာရေးပဋိပက္ခတွေပိုဆိုးလာဖို့ပဲရှိပါတယ်။သူမရဲ့လုပ်
ငန်းစဉ်တွေက ပြည်သူကြားမှာမငြိမ်သက်မှုတွေဖြစ်လာစရာရှိနေပါ တယ်"ဟုအဆိုပါ ဘုန်းကြီးက ဆက်လက်ပြောကြားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် သည် မြန်မာနိုင်ငံ၏လူနည်းစုဖြစ်သည့် ခရစ်ယာန်ဘာသာဝင်ကချင်လူမျိုးများနှင့်မြန်မာမွတ်စ်လင်မ်များအပေါ်အကြမ်းဖက်မှုများ အား နှုတ်ဆိတ်နေခြင်းအတွက် နိုင်ငံတကာအသိုင်းအ၀န်း၏ဝေဖန်မှုများနှင့်မေးခွန်းထုတ်ခြင်းကိုခံနေ ရသူဖြစ်သည်။သို့သော်သူမအနေဖြင့်ယင်းသို့ထောက်ခံမှုများရှုံ့ချမှုများပြုလုပ်လိုက်ပါ က၂၀၁၅ ရွေးကောက်ပွဲတွင်လူများစုဗုဒ္ဓဘာသာဝင်များ၏မဲရရှိရန်အတော်အသင့်ဆုံးရှုံးမှုများ ရှိနိုင်ကြောင်းနိုင်ငံရေးအရထင်ကြေးပေးမှုများလည်း ရှိနေသည်။

ဝီရသူ

No comments:

Post a Comment