Friday, November 22, 2013

ကုလသမဂ္ဂ ထုတ်ပြန်ချက်နှင့်စပ်လျဉ်းသည့် ရှင်းလင်းချက်

ကုလသမဂ္ဂ တတိယကော်မတီက
 ချမှတ်ခဲ့တဲ့ Resolution မှာမြန်မာနိုင်
ငံက နိုင်ငံမဲ့ (Stateless) ရိုဟင်ဂျာ 
(မူလအသုံးအနှုံးအတိုင်း ဖော်ပြခြင်း
သာဖြစ်သည်) တွေကို နိုင်ငံသားဖြစ်
ခွင့်ပေးဖို့ မြန်မာအစိုးရကို တိုက်
တွန်းရေး ဆုံးဖြတ်ချက်ကို ကုလ
သမဂ္ဂတတိယကော်မတီကအင်္ဂါနေ့က အားလုံးသဘောတူ အတည်ပြုခဲ့ပါတယ်။ ဒီအပေါ်မှာအစိုးရရဲ့ သဘောထားရပ် တည်ချက် ကို ဖြေကြားရာမှာ အေပီ သတင်းဌာနက ပြောကြားချက် အပြည့်အစုံကို ဖော်ပြခြင်း မရှိဘဲ ဖြတ်-ညှပ်-ကပ်ပြီး ဖော်ပြထားတာ တွေ့ရှိရပါတယ်။ (အေပီသတင်းထောက်က အပြည့်အစုံတင်ခဲ့ပေမယ့် အေပီရုံးချုပ်
က  ဖြတ်ချလိုက်တာလည်း ဖြစ်နိုင်ပါတယ်)
 အေပီသတင်းဌာနနည်းတူ ပြောကြားခဲ့တဲ့
 ပြောကြားချက်တွေကို Daily Eleven မှာ အပြည့်အစုံဖော်ပြထားပါတယ်။ ပြောကြားချက်အပြည့်အစုံကတော့ အောက်ပါအတိုင်းပဲ ဖြစ်ပါတယ်-

ရိုဟင်ဂျာ မရှိ
--------------
♦ အစိုးရအနေဖြင့် မြန်မာနိုင်ငံတွင် ရိုဟင်ဂျာ လုံးဝမရှိကြောင်း ပြောဆိုထားပြီးဖြစ်ချိန်တွင် ကုလ သမဂ္ဂ က ရိုဟင်ဂျာဆိုသော အသုံးအနှုန်းအား အသုံးပြုပြီး ပြောဆိုခဲ့ခြင်းကို ကန့်ကွက်ကြောင်းနှင့် ဘင်္ဂါလီများ၏ နိုင်ငံသားဖြစ်ခွင့် အခွင့်အရေးကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဖြင့် သာ ဆောင် ရွက်မည်ဟု သမ္မတရုံး အဆင့်မြင့် အရာရှိတစ်ဦးက နိုဝင်ဘာ ၂၀ ရက်တွင်တုံ့ပြန် ပြော ကြားခဲ့သည်။ (Daily Eleven)
♦"ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသား ကျွန်တော်တို့နိုင်ငံမှာ မရှိဘူးဆိုတာ ကျွန်တော်တို့ လူကြီးတွေက လည်း ပြောထားတယ်။ အဲဒီ ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းသည် ဒီမှာလည်း မရှိဘူး။ လ၀က(လူ ၀င် မှုကြီးကြပ်ရေး) ဥပဒေနဲ့လည်း မညီဘူး။ အဲဒါကို ကန့်ကွက်တယ်။ ရခိုင်ပြည်နယ်မှာရှိတဲ့ ဘင်္ဂါလီ လူမျိုးတွေနဲ့ ပတ်သက်ပြီး သူတို့တွေရဲ့ နိုင်ငံသား အခွင့်အရေးကို အစိုးရက ငြင်းဆိုနေတာ၊ ကန့် ကွက်နေတာ မဟုတ်ဘူး။ ဒီမှာရှိတဲ့ ဘင်္ဂါလီတွေရဲ့ နိုင်ငံသားဖြစ်ခွင့်ကို ဒီအတိုင်းတော့ မပေးဘူး။ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနဲ့ စိစစ်ပြီး ညီတဲ့သူကို ပေးမယ်" ဟု သမ္မတရုံး အဆင့်မြင့်အရာရှိ က ပြောကြားသည်။ (Daily Eleven)
♦ မြန်မာနိုင်ငံ၌ တရားဝင် ထုတ်ပြန်ထားသည့် လူမျိုးစု ၁၃၅ မျိုးတွင် ရိုဟင်ဂျာဆိုသည်မှာ လုံးဝမ ပါဝင်ကြောင်းနှင့် ဘင်္ဂါလီများ တောင်းဆိုနေသော နိုင်ငံသားဖြစ်ခွင့်ကို ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ သား ဥပဒေဖြင့်သာ လုပ်ဆောင်မည် ဖြစ်သည်ဟု လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုဝင်ဘာ ၂၀ ရက်ထုတ် 7 Day သတင်းဂျာနယ် အင်တာဗျူး တွင် ပြောကြားခဲ့သည်။ (Daily Eleven)

နိုင်ငံသားဖြစ်ခွင့် (တိုင်းရင်းသား မဟုတ်)
---------------------------------------------
♦ ဘင်္ဂါလီများ နိုင်ငံသားဖြစ်ခွင့်အတွက် အစိုးရက အထောက်အထား စစ်ဆေးမှုများကို လုပ်ဆောင် ခဲ့ပြီး ဦးဆုံးတွင် အဆင်ပြေသော်လည်း နောက်ပိုင်းတွင် ရိုဟင်ဂျာဆိုသည်ကို ခွင့်ပြုမှ စစ်ဆေးမှုကို လက်ခံမည်ဟု ပြောလာသောကြောင့် အဆင်မပြေမှုများ ရှိခဲ့ကြောင်း သမ္မတရုံး အဆင့်မြင့်အရာရှိ က ပြောကြားသည်။ (Daily Eleven)
♦"နိုင်ငံသားဖြစ်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်သူတွေက ညီတယ်၊ ဘယ်သူတွေက မညီဘူး၊ စိစစ်ဖို့အ တွက် Identification လုပ်ဖို့လိုတယ်။ လိုတဲ့ဟာကို ကျွန်တော်တို့ဆီက လ၀ကက လုပ်တယ်။ ပထမပိုင်းမှာ အဆင်ပြေတယ်။ နောက်ပိုင်းမှာ အဆင်မပြေဘူး။ အနှောင့်အယှက်တွေ ဖြစ် လာ တယ်။ သူတို့က ရိုဟင်ဂျာဆိုတဲ့ဟာကို ခွင့်ပြုမှ လက်ခံမယ်ဆိုတဲ့ဟာမျိုး ဖြစ်လာ တယ်။ ဖြစ် လာတော့ နိုင်ငံရဲ့တည်ဆဲ ဥပဒေအရ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိတဲ့အတွက် လက်မခံနိုင် တဲ့အခါမှာ ဆန့်ကျင်တာတွေ၊ နှောင့်ယှက်တာတွေ၊ ဆန္ဒပြတာတွေ၊ လုံခြုံရေးအဖွဲ့တွေကို ရန်ရှာ တာတွေ ဖြစ်လာတယ်။ အဲဒီတော့ ပွင့်လင်းမြင်သာမှုရှိအောင် အစိုးရက ရခိုင်ပြည်နယ် အစိုးရရယ်၊ လ၀ကရယ် ခေါ်သွားတယ်။ ခေါ်သွားတဲ့အခါမှာ အဲဒီလို ပြဿနာတွေဖြစ်တယ်။ ဖြစ်တော့ ဆက်မ လုပ်နိုင်ဘူး။ ရပ်ဆိုင်းထားရတယ်" ဟု သမ္မတရုံး အဆင့်မြင့် အရာရှိက ပြောကြားသည်။ (Daily Eleven)

♦ ဒီနေရာမှာ ကိုယ့်နိုင်ငံထဲပဲ၊ ဒါကို မဖြစ်ဖြစ်အောင် မလုပ်နိုင်ဘူးလား မေးစရာ ရှိပါတယ်။ မှန်ပါ တယ်။ လုပ်လို့ရပါတယ်။ ဒါပေမယ့် အစိုးရချည်း လုပ်ရင် ဝေဖန်စွပ်စွဲချက် မျိုးစုံနဲ့ ယုံကြည်ရဖွယ် မရှိဘူး ဆိုတာမျိုးတွေ ဖြစ်လာနိုင်တဲ့ အတွက် နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ဘင်္ဂါလီဘာ သာရေးခေါင်းဆောင်တွေပါ Verification Process မှာ ပါဝင်ဖို့ လိုပါတယ်။ နိုင်ငံတကာ အဖွဲ့အ စည်းတွေ ပါဝင်တဲ့ စစ်ဆေးမှုတွေမှာ အထက်မှာ တင်ပြခဲ့တဲ့ ဖြစ်စဉ်တွေ ကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် OIC အပါအ၀င် နိုင်ငံတကာအနေနဲ့ တိုက်တွန်းတာလည်း တိုက်တွန်း၊ နိုင်ငံသား စိစစ်ရေး လုပ်ငန်းစဉ်ကို ကြည်ကြည်ဖြူဖြူ ပူးပေါင်းဆောင်ရွက်ပေးဖို့ ပြည်တွင်းပြည်ပ ဘင်္ဂါ လီထောက်ခံသူတွေကိုတိုက်တွန်းပေးဖို့လိုအပ်တယ်ဆိုတာကို အေပီမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။

♦ နိုင်ငံမဲ့ ဆိုတဲ့ စကားလုံးထောင်ချောက်
--------------------------------------------
အထူးသတိထားသင့်တဲ့ Stateless Persons ဆိုတာကို အနည်းငယ် ရှင်းပြလိုပါတယ်။ ဒါနဲ့ ပတ်သက် လို့ ကုလသမဂ္ဂမှာ 1961 Convention on the Reduction of Statelessness ဆိုတာ ရှိပါတယ်။ ဒီကွန် ဗင်းရှင်း ရဲ့ Article 1(1) မှာ Contracting States shall grant their nationality to persons, otherwise stateless, born in their territory (subject to Article 1(2)). The grant may be by virtue of the birth, or upon application by or on behalf of the person so born. ဆိုပြီး ဖော်ပြထားပါတယ်။ ဒီကွန်ဗင်းရှင်း အရ မိမိနိုင်ငံသားမဟုတ်သော်လည်း မိမိနိုင်ငံ ပိုင်နက်နယ်မြေမှာ မွေးဖွားလာရင် နိုင်ငံသား လက်ခံ ရမယ် ဆိုတဲ့ သဘောတူညီချက် ဖြစ်နေပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီကွန်ဗင်း ရှင်း မှာ ပါဝင်ခြင်း၊ လက်မှတ်ရေးထိုးထားခြင်း လုံးဝ မရှိပါဘူး။ ကုလသမဂ္ဂရဲ့ မူဝါဒအရ မည်သူ မျှ နိုင် ငံမဲ့ မဖြစ်စေရ ဆိုတဲ့အတိုင်း ဆောင်ရွက်ဖို့ ဒီကွန်ဗင်းရှင်းကို စတင်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် မီဒီယာများအပါအ၀င် မြန်မာနိုင်ငံသားများအနေနဲ့ ဒီ Stateless ဆိုတဲ့ အသုံးအနှုံး ကို ယောင် လို့တောင် မသုံးနှုံးမိဖို့ အရေးကြီးပါတယ်။ ဒီစကားလုံးရဲ့ ထောင်ချောက် ကို ကောင်း စွာ သိမြင် သဘောပေါက်ဖို့ လိုပါတယ်။ ဒီတော့ Stateless မရှိဘူး၊ မြန်မာနိုင်ငံသား (တိုင်းရင်းသား မဟုတ်) ဖြစ်ရင်ဖြစ်၊ မဖြစ်ရင် အခြားနိုင်ငံသား ဖြစ်ရပါလိမ့်မယ်။ (AP သတင်းမှာ ဒါကို ပြောထား တာ ဖြစ်ပါတယ်) အချို့နိုင်ငံတွေဆိုရင် Boat People လို့ပဲ သုံးနှုံးကြတာ ဖြစ်ပါတယ်။ ဒါကို သတိ ထားဖို့ လိုပါတယ်။ပြီးတော့ ဘင်္ဂါလီပြဿနာဟာ Immigration Problem သက်သက် သာ ဖြစ်ကြောင်း  သိ ရှိထားရန် လိုအပ်ပါတယ်။

♦ ကုလသမဂ္ဂ တိုက်တွန်းချက်
---------------------------------
မြန်မာနိုင်ငံဟာ ကုလသမဂ္ဂအဖွဲ့ဝင် ဖြစ်တဲ့အတွက် အများက ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်တွေ ကို လေးစား(လေးစား)ရမှာ ဖြစ်ပါတယ်။ အကြွင်းမဲ့ လိုက်နာဖို့ မဟုတ်သလို ကုလသမဂ္ဂ မှာ နိုင်ငံ တိုင်းရဲ့ အချုပ်အခြာအာဏာကို လေးစားဖို့ ပဋိဥာဉ် ရှိပါတယ်။ ကုလသမဂ္ဂရဲ့ သဘောသဘာဝ ဟာ သံခင်းတမန်ခင်းအရ သွားရတာ ဖြစ်ပါတယ်။ အထူးသဖြင့် (လုံခြုံရေးကောင်စီကလွဲလို့) UN Organ တွေရဲ့ ဆုံးဖြတ်ချက်တွေဟာ မဖြစ်မနေ လိုက်နာရမယ့် Binding Resolution မဟုတ်ပါဘူး။ သို့သော် လေးစားသမှုတော့ ရှိရမှာ ဖြစ်ပါတယ်။ ဒီလို Non-Binding Resolution တွေကို သက်ဆိုင် ရာနိုင်ငံတွေအနေနဲ့ ကန့်ကွက်တာ၊ ပယ်ချတာတွေ လုပ်လေ့ ရှိပါတယ်။ တတိယကော်မတီ အစည်း အဝေးက တိုက်တွန်းကြောင်း ဆုံးဖြတ်လိုက်တာနဲ့ မြန်မာနိုင်ငံက လိုက်နာ ဆောင်ရွက်ရ မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဒီသတင်းအပေါ် စိုးရိမ်စိတ်ကြီးမားနေကြသူတွေ သိရှိနားလည်အောင် ရှင်းလင်းရခြင်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်နှစ်ခုမှာ မြန်မာနိုင်ငံအနေနဲ့ ဒီထက် ဆိုးတဲ့ ဆုံးဖြတ်ချက်တွေကို ရင်ဆိုင်လာခဲ့တာ ဖြစ်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ဒီမိုကရေ စီပြုပြင်ပြောင်း လဲရေးကြောင့် အပြုသဘော တိုးတက်မှုတွေ များလာတဲ့အခါ ပဋိပက္ခတွေ ဖြစ်ပွား ခဲ့တဲ့ ဒီဘင်္ဂါလီကိစ္စက အာရုံစိုက်စရာ ဖြစ်လာတာ ဖြစ်ပါတယ်။

♦ OIC နဲ့ ဆက်ဆံရေး
------------------------
တိုက်ကြီး(၄)တိုက်က အဖွဲ့ဝင်နိုင်ငံပေါင်း (၅၇)နိုင်ငံ ရှိတဲ့ OIC ဟာ ငွေကြေးချမ်းသာတဲ့ နိုင်ငံများ ပါဝင်တာကြောင့် နိုင်ငံတကာအဖွဲ့အစည်းတွေမှာ အလှူရှင်အဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။ OIC နိုင်ငံအချင်းချင်းမှာပဲ သဘောထားကွဲလွဲမှုတွေ ဖြစ်ပေါ်တတ်ပေမယ့်လည်း မြန်မာနိုင်ငံ အရေးကိစ္စလို ကြားကိစ္စတွေမှာ သူတို့ရဲ့ စုပေါင်းညီညွတ်မှုကို ထုတ်ဖော်ပြသနိုင်မယ့် Common Ground သဘောမျိုး ဖြစ်လာပါတယ်။ အကျိုးဆက်ကတော့ မြန်မာကိစ္စဆိုရင် အသံပိုကျယ်နိုင်တယ် ဆိုတာမျိုး ဖြစ်လာတယ်။ OIC မြန်မာနိုင်ငံ လာရောက်တာနဲ့ ပတ်သက်လို့ သဘောထားအမြင် အမျိုးမျိုး ရှိနေကြတာလည်း တွေ့ရှိရပါတယ်။ တစ်ချို့ကဆိုရင် ထိုင်းတောင်ပိုင်းကိစ္စ ရှိနေတဲ့ ထိုင်းနိုင်ငံနဲ့ OIC ဆက်ဆံရေးနဲ့ ယှဉ်ပြီး ပြောကြတာတွေ ရှိပါတယ်။

ဒါပေမယ့် သိရှိထားဖို့ လိုအပ်တာကတော့ ထိုင်းနိုင်ငံဟာ OIC ရဲ့ Observer State လေ့လာသူ ဖြစ် တာကို သတိမထားမိကြဘူး လို့ ထင်ပါတယ်။ OIC Website ရဲ့ ဒီလိပ်စာ (http://www.oic-oci.org/oicv2/page/?p_id=179&p_ref=60&lan=en) ကို ၀င်ကြည့်ရင် ရှင်းသွားပါလိမ့်မယ်။

ထိုင်းနိုင်ငံဟာ OIC ရဲ့ လေ့လာသူအဆင့်ကို ရောက်နေပါပြီ။ ဘာ့ကြောင့် ထိုင်းနိုင်ငံ OIC ရဲ့ လေ့ လာသူ ဖြစ်နေတာလဲ ဆိုတာကိုလည်း ထိုင်းတောင်ပိုင်းနဲ့ ဆက်စပ် စဉ်းစားကြည့်နိုင် မှာ ဖြစ်ပါ တယ်။ ဒါကြောင့် လက်ရှိ မြန်မာအစိုးရအနေနဲ့ ထိုင်းအစိုးရလောက် မပြတ်သားဘူး ဆို တဲ့ ပြော ကြား ချက်တွေကို ချင့်ချိန်နိုင်ဖို့ လိုပါတယ်။

♦ နိုင်ငံတော်သမ္မတ၏ သဘောထား
---------------------------------------
မြန်မာနိုင်ငံအနေနဲ့ကတော့ အချုပ်အခြာအာဏာကို ထိပါးမယ့် အရေးကိစ္စတွေကို ဘယ်တုန်းကမှ လက်မခံခဲ့ပါဘူး။ နိုင်ငံတော်သမ္မတကြီးရဲ့ နိုင်ငံခြားရေးမူဝါကိုလည်း အခိုင်အမာ ထုတ်ဖော်ပြော ကြား ထားပြီး ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ OIC ခရီးစဉ် အပြီး ထုတ်ပြန်ခဲ့တဲ့ "ရခိုင်ပြည်နယ် တည်ငြိမ်အေး ချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ပူးတွဲကြေညာချက်" မှာလည်း " မြန်မာနိုင်ငံ၏ တိုင်းရင်းသား စည်းလုံး ညီညွတ်မှုနှင့် အချုပ်အခြားအာဏာ၊ တစ်နိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက် ဖက်ခြင်းမှ ရှောင်ကြဉ်သည့် အခြေခံ မူတို့ကို အပြည့်အဝ လေးစား၍ ဆောင်ရွက်သွားမည် ဖြစ်သည်။" ဆိုပြီး ထည့်သွင်းကြေညာ ထားတာ ဖြစ်ပါတယ်။ (http://www.president-office.gov.mm/zg/?q=issues%2Frakhine-state-peace-and-stability%2Fid-4783)

နိုင်ငံတော်သမ္မတကြီးရဲ့ သဘောထားကို အတိအလင်းကြေညာထားပြီး ဖြစ်ပါတယ်။ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ထောက်ပံ့ကူညီမှုတွေ ပေးလိုတဲ့ OIC ရဲ့ ဆန္ဒကိုလည်း လက်ရှိ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတာအဖွဲ့အစည်းတွေနည်းတူ လက်ခံပေးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် လူမျိုး၊ ဘာသာ မခွဲခြားဘဲ နှစ်ဘက်စလုံးကို တန်းတူရည်တူ ပေးအပ်ရမှာ ဖြစ်ပါတယ်။ ဒါကိုလည်း တရားဝင် ထုတ်ပြန်ကြေညာချက်မှာ ထည့်သွင်းထားပြီး ဖြစ်ပါတယ်။

ဒါ့ကြောင့် ဝေဖန်နေကြသူများ၊ စိုးရိမ်နေကြသူများအနေနဲ့ လက်ရှိအနေအထားကို သိမြင်နားလည်နိုင်စေဖို့ အသေးစိတ် ရှင်းလင်းရခြင်း ဖြစ်ပါတယ်။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
ကုလသမဂ္ဂ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အထက်ပါ ရှင်းလင်းချက်ဟာ အေပီသတင်းနဲ့ ကွဲလွဲနေသလိုမျိုး၊ ပြည်တွင်းမှာ တစ်မျိုး ပြည်ပမှာ တစ်မျိုး ဖြစ်နိုင်သလိုမျိုး ဝေဖန်ပြောကြားတာတွေနဲ့ ပတ်သက်လို့ နိုင်ငံတော်သမ္မတကြီးနဲ့ မြန်မာနိုင်ငံအစိုးရရဲ့ ရပ်တည်ချက်ကို တရားဝင် ကန့်ကွက်ထားပြီး ဖြစ်ပါတယ်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် (ကုလသမဂ္ဂသံအမတ်ကြီး) ဦးကျော်တင်ရဲ့ ကန့်ကွက်ချက်ကို အောက်ဖော်ပြပါ လင့်မှာ လေ့လာ ကြည့်ရှုနိုင်ပါတယ်။

မြန်မာနိုင်ငံအစိုးရအနေနဲ့ ဒီဆုံးဖြတ်ချက်ကို ကုလသမဂ္ဂမျက်နှာစာမှာလည်း တရားဝင် ကန့်ကွက်ထားတာကို သိမြင်စေလိုခြင်း ဖြစ်ပါတယ်။

From: Hmuu Zaw

No comments:

Post a Comment