Wednesday, November 20, 2013

ခင်ဗျားတို့က ပြောလိုက်ရင် ကိုယ်သိကိုယ်တတ်

ပြည်တွင်းစစ်ဖြစ်တာ တပ်မတော် 
အပြစ်ပုံမချနဲ့ ဒါနိုင်ငံတကာမှာရှိတယ်။
အမေရိကန်မှာတောင်နှစ်၄၀ ပြည်တွင်း
စစ်ဖြစ်တာ လူပေါင်းသိန်းနဲ့ ချီပြီသေ
တယ်။ကမ္ဘာမှာပြည်တွင်းစစ်တွေကိုလေ့
လာကြည့်ရင်ဆိုရှယ်လစ် နဲ့ ဒီမိုကရေစီ 
အားပြိုင်မှု ကိုတွေ့ရတယ်။
ဗီယက်နမ်ပြည်တွင်းစစ်မှာ တောင်ဗီ
ယက်နမ်ကို အမေရိကန်ကထောက်ပံ့
 တယ်၊မြောက်ဗီယက်နမ်ကို ဆိုဗီယက်  ရုရှားကထောက်ပံ့တယ်။
သေတော့ ဗီယက်နမ်တွေသေတယ်။
တောင်ကိုရီးယား မြောက်ကိုရီးယား စစ်ပွဲ တောင်ကိုရီးယား ကို အမေရိကန်ကကူညီပေးတယ်၊
မြောက်ကိုရီးယားကို ရုရှား နဲ့ တရုပ် ကကူညီတယ် ။
သေတော့ ကိုရီးယားလူမျိုးတွေသေတယ်။ခုထိ နှစ်နိုင်ငံ မသင့်မြတ်နိုင်သေးဘူး။
တရုပ်ပြည်တွင်းစစ် ကူမင်တန်တပ်တွေကို အမေရိကန်က လက်နက်ရိက္ခာထောက်ပံ့ပေးတယ် ။မော်စီတုန်း ရဲ့ ကွန်မြူနစ်တပ်တွေက ရုရှားအကူညီနဲ့ တိုင်းပြည်ကိုပြန်သိမ်းတယ်။
တရုပ်လူမျိုးခြင်းသတ်ကြတယ်။
ဥပမာပြောရရင် ခင်ဗျားနဲ့ ကျုပ်နဲ့ မတည့်ဘူး ခင်ဗျားရန်သူကို ကျုပ်ဓါးတစ်ချောင်းဝယ်ပေးဖို့ ဝန်မလေးဘူး။ခုလည်းဒီသဘောတရားဘဲ အပေါ်မှာ ဖြစ်ခဲ့တဲ့ ပြည်တွင်းစစ်တွေက နှစ်ဖွဲ့ ထဲအပြန်လှန်ဖြစ်ခဲ့တာ။ခုလက်ရှိမြန်မာနိုင်ငံမှာလက်နက်ကိုင်အဖွဲ့စည်းပေါင်းသောင်းခြောက်ေ
ထာင် နဲ့ ခွဲထွက် ခွင့်တောင်းနေကြတယ်။
ပြည်တွင်းစစ်ဖြစ်ရတာ အင်္ဂလိပ်ရဲ့ တောင်ပေါ်မြေပြန့်သွေးခွဲအုပ်ချုပ်မှု၊ခင်ဗျားတို့နိုင်ငံရေး သမားတွေ အာဏာအဝေမတည့်မှု (ရဲဘော်နီ ရဲဘော်ဖြူ ကွဲလိုက် ဦး ဗိုလ် သခင်ကွဲလိုက်) အာဏာမရတော့တောခိုကြတယ်။
ဦးနု မဲရဖို့ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာကြေငြာလို့ KNU KIA လို ခရစ်ယန်ဘာသာ အကြောင်းပြုပြီး တိုင်ရင်သားလက်နက်ကိုင်တွေတောခိုကြတယ်။
အဲ့ဒီတောခိုတဲ့ သူပုန်တွေ သက်ဆိုး ရှည်အောင်KIA ဗကပ SSA "ဝ" စတဲ့လက်နက်ကိုင်တွေကို တရုပ်က ထောက်ပံ့ပေးထားတယ် ။လက်နက်တွေရောင်းပေးနေတယ်။
KNU မွန် DKBA ပလောင် စတဲ့လက်နက်ကိုင်တွေကို ထိုင်းနဲ့အမေရိကန်က လက်သတ်မွေးထား တယ်။အမြစ်ပြတ်တိုက်မယ်ဆိုတော့ငြိမ်းချမ်းရေးဆန္ဒပြရတာနဲ့လိုင်ဇာထိ လမ်းလျောက်ရ တာနဲ့
လူအခွင့်ရေးချိုးဖောက် တိုင်းရင်းသားချင်းပြန်သတ်တယ်စွပ်ဆွဲရတာနဲ့ မတိုက်ချင်လို့ ငြိမ်း ချမ်းရေးစား ပွဲပေါ်မှာ နိုင်ငံရေးနည်းနဲ့ဖြေရှင်းမယ်ပြောတော့ လက်မခံဘူး။ ပြည်ထောင်စုကနေ ခွဲထွက်ခွင့်တောင်းတယ်။
အပစ်ခတ်ရပ်စဲ ပြန်တော့မိုင်းဆွဲတယ် ခြုံခိုတယ်သုံ့ပန်းကို ခေါင်းဖြတ်ဗိုက်ခွဲပြီးစိတ်ဓါတ်စစ်ဆင်ရေး
လုပ်ပြတယ်။
ကျွန်တော်တပ်ကမို့ ပဲပါးဝ ပြီးပြောနေတာမဟုတ်ပါဘူး။
ခင်ဗျားတို့ အရိပ်ထဲ ပန်ကာအောက်မှာနေပြီးငြိမ်းချမ်းရေးမရရင်ဘဲ မစားနိုင်မသောက်နိုင်ဖြစ်နေ သလိုစစ်ဘေးဒုက္ခသည်တွေကို သနားလို့ ညတိုင်းဘဲ ငိုနေရသလိုတိုင်းရင်းသား ချင်းပြန်သတ်လို့ စိတ်မကောင်းဖြစ်ပြီး တိုင်နဲ့ ခေါင်းနဲ့ ဘဲဆောင့်သေတော့မလိုအဲဒီလူတွေကို တပ်ခွဲမှုး ခန့်ပြီး ရှေ့တန်းတစ် လလောက်လွှတ်လိုက်ချင်တယ်။
တစ်လမပြည့်ခင် ဒုက္ခိတ ဖြစ်ရင်ဖြစ် မဖြစ်ရင်တော့ မြေသြဇာဖြစ်မှာဘဲ။
စစ်မြေပြင်မှာကိုယ့်လာသတ်တဲ့ ရန်သူကို တိုင်းရင်းသားချင်းမသတ်ချင်ဘူးဆိုပြီး ငုတ်တုတ် ထိုင်နေ ရင်တော့ နောက်နေ့မနက် ကစပြီးမျက်နှာမသစ်နဲ့တော့ (ခေါင်းရှိမှာမဟုတ်တော့လို့)။
တိုင်းရင်းသားချင်းမသတ်ချင်ဘူးကွာဆိုပြီးပြန်ဆုတ်လာရင် စစ်ဆင်ရေးရှောင်လွဲမှုနဲ့ စစ်တရားရုံး တက် ဖို့သာပြင်ထား။
ကဲခင်ဗျားတို့ ကျုပ်တို့နေရာမှာဆိုဘာလုပ်မှာလဲ?

FROM-YE YINT LIN

No comments:

Post a Comment