Thursday, November 21, 2013

ကြီးသုံးကြီးနှင့် မြန်မာ့နိုင်ငံရေးအရွေ့

Photo: ကြီးသုံးကြီးနှင့် မြန်မာ့နိုင်ငံရေးအရွေ့
--------------------
ရေးသားသူ- အိဖြူလွင်

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများ ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်နာယက သူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲလာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။

“အုပ်ချုပ်ရေးပိုင်းက အကောင်းဆုံးလုပ်နေပါတယ်ဆိုတာကို ပြောနေရုံနဲ့ မလုံလောက်ဘူးထင်ပါတယ်။ အကောင်းဆုံးဆိုတာက လုံလောက်အောင် ကောင်းဖို့လည်း လိုပါသေးတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၅ ရက်က နေပြည်တော်တွင်ကျင်းပခဲ့သော ဥရောပသမဂ္ဂ၏ အလုပ်ရုံဆွေးနွေးပွဲတွင် အစိုးရအဖွဲ့၏ အုပ်ချုပ်ရေးစီမံခန့်ခွဲမှုကို ထိုသို့ဝေဖန်လိုက်ခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများကို ယခုရက်ပိုင်းတွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်   လွှတ်တော်နာယက သူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲလာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။

ထို့အပြင် ဥရောပသမဂ္ဂ၏ အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနားစားပွဲဝိုင်း ဒုတိယတန်းတွင် နေရာချထားပေးမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က နိုင်ငံတကာအလယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေရာမပေးလိုခြင်းကို ထင်ထင်ရှားရှားပြသခြင်းဖြစ်သည်ဟု ဝေဖန်ယူဆကြသည်။

နိုဝင်ဘာလဆန်းက ကြိုတင်အသိပေးခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားခများတိုးမြှင့်ရန် အစိုးရအဖွဲ့က စီစဉ်ခဲ့ခြင်းအပေါ် “ဒီလိုပြည်သူကို အသိမပေးဘဲ လုပ်တာကလည်း အာဏာရှင်စနစ်က အမွေဆိုးတွေရဲ့ အငွေ့အသက်မကုန်သေးဘူးလို့ပဲ ပြောရမှာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုခဲ့သည်။

“အုပ်ချုပ်ရေးအပိုင်းမှာ ပိုပြီးထင်သာမြင်သာ ရှိစေချင်ပါတယ်။ နိုင်ငံတော်အစိုးရက ဘာတွေလုပ်ဖို့ရည်ရွယ်နေလဲ။ ဘယ်သူတွေနဲ့ ဆွေးနွေးဖို့ရှိနေလဲ။ လွှတ်တော်မှာ ရောက်နေတဲ့သူတွေက ဒီလိုကိစ္စမျိုးမှာ ပိုပြီးအားသာမှုရှိပါတယ်”ဟု ဥရောပသမဂ္ဂနှင့်ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်လုပ်ဆောင်မှုကို ပွင့်လင်းမြင်သာသည်ဟု ဆိုခဲ့သည်။

၎င်းနေအိမ်အကျယ်ချုပ်က လွတ်မြောက်လာသော သုံးနှစ်ပြည့်နေ့တွင်လည်း အဆိုပါသုံးနှစ်တာကာလအတွင်း လွှတ်တော်၏လုပ်ငန်းများကို ကျေနပ်မှုရှိသည်ဟု ပြောကြားခဲ့သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပိုမိုနီးစပ်လာပြီး အစိုးရအဖွဲ့နှင့် ဆက်ဆံရေးပိုမိုဝေးကွာလာသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက ယူဆကြသည်။

“သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဝေဖန်တာတွေ၊ အပြစ်ဖို့တာတွေ များလာတာဟာ ဦးရွှေမန်းနှင့် ဒေါ်စု ပိုနီးစပ်ဖို့ တွန်းအားပေးတဲ့သဘောဖြစ်နေတယ်”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမရောက်ခင်က ပထမဆုံးဦးသိန်းစိန်နဲ့ တွေ့ခဲ့တယ်။ အဲဒီတုန်းက နားလည်မှုတွေရခဲ့တယ်ဆိုပေမယ့် ရင်းရင်းနှီးနှီးမရှိခဲ့ဘူး ပြောရမှာပေါ့။ လွှတ်တော်ထဲရောက်ပြီးတဲ့အခါကျတော့ ဦးရွှေမန်းနဲ့ပိုရင်းနှီးသွားပြီး ဦးသိန်းစိန်နဲ့ကဝေးသွားတယ်”ဟု သံလွင် Citizen Enpowerment Program မှ ဦးဇော်မင်းကျော်ကပြောသည်။

သို့သော် “ကြီးသုံးကြီးကတော့ နားလည်မှုတွေ အပေးအယူတွေနဲ့လုပ်သွားမှ ဒီမိုကရေစီလမ်းကြောင်းက ဖြောင့်ဖြူးနိုင်မယ်။ နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ မပြောနိုင်ဘူး”ဟု ဦးဇော်မင်းကျော်ကဆိုသည်။

ထို့အပြင် အဆိုပါပုဂ္ဂိုလ်အားလုံးသည် ပြုပြင်ပြောင်းလဲရေးကို လိုလားသူများသာဖြစ်ပြီး မည်သူကပိုပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်သည်ဆိုခြင်းကို ကြည့်ရမည်ဖြစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီကပြောသည်။

“သမ္မတနဲ့ လွှတ်တော်နာယက အားပြိုင်တာ ဒါပြည်ခိုင်ဖြိုးပါတီတွင်းက အားပြိုင်မှုပဲ။ ဒီလိုအားပြိုင်မှုမျိုးက နိုင်ငံတကာမှာလည်းရှိတယ်။ ခေတ်အဆက်ဆက်လည်းရှိခဲ့တယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးသြဇာထူထောင်တာမျိုးဆိုရင်တော့ ဆန့်ကျင်ရမယ်”ဟု ဦးဂျင်မီက အားပြိုင်နေမှုများနှင့်ပတ်သက်၍ ဆက်လက်ပြောကြားသည်။

အာဏာရှင်စနစ်သည် တစ်ယောက်တည်းတွင် အာဏာရှိနေခြင်းကြောင့် ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ဝေဖန်မှုများနှင့် သုံးစုကွဲနေသည့်စနစ်ကို ကျင့်သားရရန် ကြိုးစားဖို့လည်းလိုသည်ဟု ကွန်ပျူတာပညာရှင်တစ်ဦးလည်းဖြစ်သည့် လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည် ဦးရဲမြတ်သူကပြောသည်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်က မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွားဟူ၍ ပြောကြားသကဲ့သို့ပင် အများနှင့်သွားမည်ဆိုပါက ညှိနှိုင်းရမည်သာဖြစ်သည်ဟု ဦးရဲမြတ်သူကဆိုသည်။

လက်ရှိအချိန်တွင် အခြေခံဥပဒေကိုပြင်ဆင်ရန် အရေးကြီးနေသောအချိန်ဖြစ်သဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော်တွင်းအင်အားစုများနှင့် ပို၍နီးကပ်စွာ ဆက်ဆံနေခြင်းဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးကို စိတ်ဝင်တစား စောင့်ကြည့်သူအများစုက သုံးသပ်ခဲ့သည်။

ပြီးခဲ့သည့်လပိုင်းများအတွင်းကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ကို အခမ်းအနားအတော်များများတွင် အမြဲနီးနီးကပ်ကပ် အမြဲမြင်တွေ့နေရခြင်းကြောင့် ယင်းကဲ့သို့ သုံးသပ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဦးရွှေမန်းအနေနဲ့ သူသမ္မတဖြစ်ဖို့ ဒေါ်စုနဲ့ ဒီချုပ်ရဲ့ ထောက်ခံမှုက အရေးကြီးတယ်လို့ဆိုနိုင်တယ်။ မရှိမဖြစ်လို့ပြောရင်တောင် ရနိုင်မယ်ထင်တယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ၎င်း၏ယူဆချက်ကို ပြောကြားသည်။

“လက်ရှိအချိန်က ၂၀၁၅ ရွေးကောက်ပွဲနီးလာပြီဆိုတော့ ကျပ်တည်းလာတဲ့အခြေအနေမှာ အတိုက်အခံနဲ့ အာဏာရပါတီ ကွဲပြားလာပြီ။ အရင်တုန်းကတော့ နိုင်ငံတည်ဆောက်တဲ့သဘော ထားခဲ့တာပေါ့”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အစိုးရအဖွဲ့တို့ကြား ကွဲလွဲမှုများကို ဧဒင်ဂရုကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။

“NLD က အတိုက်အခံဆိုတော့ အစိုးရရဲ့လိုအပ်ချက်တွေကို ပြောရမှာပဲ။ အစိုးရကလည်း ဒါကိုဘယ်ကျေနပ်ပါ့မလဲ။ သူတို့ကို အကောင်းပြောတာမှ မဟုတ်တာ။ ဒီမှာ NLD ဘက်ကလည်း တကယ်လို့ ဦးသိန်းစိန်ကသာ ၀င်ပြိုင်မယ်ဆိုရင် NLD က ဘယ်သူနဲ့ဆက်ပြီးလက်တွဲရင် ဘယ်လမ်းကြောင်းက ပိုကောင်းမလဲဆိုတာကို ရွေးချယ်တတ်ဖို့လိုတယ်”ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်ဖြစ်ခဲ့သော ဦးသိန်းထွန်းကပြောသည်။

အခြေခံဥပဒေပြင်ဆင်ရန်အတွက် သူရဦးရွှေမန်းနှင့် ဆက်ဆံရေးကောင်းမှ အောင်မြင်နိုင်မည်ဖြစ်သကဲ့သို့ တိုင်းပြည်၏နေ့စဉ်ကိစ္စများကို စီမံခန့်ခွဲနေသူမှာလည်း သမ္မတသာဖြစ်သည့်အတွက် သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၏ အားနည်းချက်ကို ဝေဖန်ထောက်ပြ၍ အားနည်းသည့်နေရာများတွင် အားပေးကူညီနိုင်ပါက ပို၍လက်တွေ့ကျစွာ ဖြေရှင်းနိုင်မည်ဟု ဦးဇော်မင်းကျော်ကလည်း ပြင်ပမှလေ့လာသူတစ်ဦးအနေဖြင့် သုံးသပ်ခဲ့သည်။

“အစိုးရအဖွဲ့က ဘယ်အပိုင်းမှာ အကူအညီလိုအပ်နေလဲဆိုတာကို ဒေါ်စုက သူ့အရှိန်အ၀ါနဲ့ အကူအညီတွေတောင်းပြီး ဖြေရှင်းပေးနိုင်ရန် ပြည်သူတွေကြုံနေရတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအကျပ်အတည်းတွေက သက်သာသွားနိုင်တယ်”ဟု ဦးဇော်မင်းကျော်က ဆက်လက်ပြောကြားသည်။

“အစိုးရနဲ့ လွှတ်တော်နှစ်ပိုင်းခွဲပြီး ဒေါ်စုနဲ့ထိတွေ့နေတာလည်း ဖြစ်နိုင်တယ်။ နှစ်ဖက်လုံးကလူတွေက ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေပဲဆိုတာ မျက်ခြည်ပြတ်လို့မရဘူး။ ပါတီရဲ့မူနဲ့ လုပ်နေတာလည်း ဖြစ်နိုင်ခြေရှိတယ်”ဟု လွှတ်တော်နှင့်အစိုးရ အားပြိုင်နေသည်ဆိုသော်လည်း ပါတီတစ်ခုတည်းမှ ဖြစ်သည်ဆိုသောအချက်ကို ဒေါက်တာရန်မျိုးသိမ်းကထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေရာအပြည့်အ၀ရရန် လုံလောက်သော အာဏာရရေးမှာ NLD အဖွဲ့အစည်းတစ်ခုလုံး အင်အားပြည့်ဝရန်လိုသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ NLD သည် လူထုအားကောင်းသော်လည်း အဖွဲ့အစည်းအားကောင်းရန်မှာ လတ်တလော မရှိမဖြစ်လိုအပ်နေသည်ဟု ဦးရဲမြတ်သူကပြောသည်။

နိုင်ငံရေးသမားများ၊ လေ့လာစောင့်ကြည့်သူဆိုသူများက မြန်မာ့နိုင်ငံရေးသည် ဟန်းနီးမွန်းကာလပြီးဆုံးသွားပြီး နွေဦးရာသီဟု ပြောဆိုနေကြစေကာမူ ကိုယ်ကျိုးမပါသော အားပြိုင်မှုများနှင့် ခန့်မှန်းရခက်သော အပြောင်းအလဲများနိုင်သော ၂၀၁၅ ရွေးကောက်ပွဲအကြို နေပြည်တော် နိုင်ငံရေးအခင်းအကျင်းက အများခန့်မှန်းသလို မှန်၊ မမှန် စောင့်ကြည့်ရဦးမည်သာဖြစ်သည်။ အခြေခံဥပဒေပြင်ဆင်ရေး ကြိုးပမ်းနေသည့်ကာလအတွင်း အရွေ့များနှင့် အခင်းအကျင်းသစ်များကိုလည်း တွေ့ရဦးမည်ဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများ ယခုရက်ပိုင်း တွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်
သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့်
လွှတ်တော်နာယက သူရဦးရွှေမန်းတို့အကြား
 နေပြည်တော်နိုင်ငံရေးအခင်းအကျင်း သည် ပြောင်းလဲလာနေကြောင်း
 နိုင်ငံရေးစောင့်ကြည့်သူများကသုံးသပ်နေ ကြသည်။အုပ်ချုပ်ရေးပိုင်းက အကောင်းဆုံးလုပ်နေပါတယ်ဆိုတာကို ပြောနေရုံနဲ့ မလုံလောက်ဘူး ထင်ပါတယ်။ အကောင်းဆုံးဆိုတာက လုံလောက်အောင် ကောင်းဖို့လည်း လိုပါသေးတယ်”
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က နိုဝင်ဘာ ၁၅ ရက်က နြေ ပည်တော် တွင် ကျင်းပခဲ့သော ဥရောပသမဂ္ဂ၏ အလုပ်ရုံဆွေးနွေးပွဲတွင်အစိုးရအဖွဲ့၏အုပ်ချုပ်ရေး စီမံခန့်ခွဲမှုကို ထိုသို့ဝေဖန်လိုက်ခြင်းဖြစ်သည်။
ဒေါ်အောင်ဆန်းစုကြည်က လက်ရှိအစိုးရအပေါ် ယခင်ထက်ပိုသည့် ဝေဖန်မှုများကို ယခုရက်ပိုင်း တွင် ခပ်စိပ်စိပ်တွေ့လာရပြီးနောက် နိုင်ငံတော်သမ္မတ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် လွှတ်တော်နာ ယကသူရဦးရွှေမန်းတို့အကြား နေပြည်တော်နိုင်ငံရေးအခင်းအကျင်းသည် ပြောင်းလဲ

လာနေကြောင်း နိုင်ငံရေးစောင့်ကြည့်သူများက သုံးသပ်နေကြသည်။

ထို့အပြင် ဥရောပသမဂ္ဂ၏ အလုပ်ရုံဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကို အခမ်းအနားစားပွဲဝိုင်း ဒုတိယတန်းတွင် နေရာချထားပေးမှုနှင့်ပတ်သက်ပြီး အစိုးရအဖွဲ့က နိုင်ငံတကာအလယ် တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေရာမပေးလိုခြင်းကို ထင်ထင်ရှားရှားပြသခြင်းဖြစ်သည် ဟု ဝေဖန်ယူဆကြသည်။

နိုဝင်ဘာလဆန်းက ကြိုတင်အသိပေးခြင်းမရှိဘဲ လျှပ်စစ်ဓာတ်အားခများတိုးမြှင့်ရန် အစိုးရအဖွဲ့က စီစဉ်ခဲ့ခြင်းအပေါ် “ဒီလိုပြည်သူကို အသိမပေးဘဲ လုပ်တာကလည်း အာဏာရှင်စနစ်က အမွေဆိုးတွေရဲ့ အငွေ့အသက်မကုန်သေးဘူးလို့ပဲ ပြောရမှာပဲ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဝေဖန်ပြောဆိုခဲ့သည်။

“အုပ်ချုပ်ရေးအပိုင်းမှာ ပိုပြီးထင်သာမြင်သာ ရှိစေချင်ပါတယ်။ နိုင်ငံတော်အစိုးရက ဘာတွေလုပ်ဖို့ရည်ရွယ်နေလဲ။ ဘယ်သူတွေနဲ့ ဆွေးနွေးဖို့ရှိနေလဲ။ လွှတ်တော်မှာ ရောက်နေတဲ့သူတွေက ဒီလိုကိစ္စမျိုးမှာ ပိုပြီးအားသာမှုရှိပါတယ်”ဟု ဥရောပသမဂ္ဂနှင့်ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်လုပ်ဆောင်မှုကို ပွင့်လင်းမြင်သာသည်ဟု ဆိုခဲ့သည်။

၎င်းနေအိမ်အကျယ်ချုပ်က လွတ်မြောက်လာသော သုံးနှစ်ပြည့်နေ့တွင်လည်း အဆိုပါသုံးနှစ်တာ ကာလအတွင်း လွှတ်တော်၏လုပ်ငန်းများကို ကျေနပ်မှုရှိသည်ဟု ပြောကြားခဲ့သဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းနှင့် ပိုမိုနီးစပ်လာပြီး အစိုးရအဖွဲ့နှင့် ဆက်ဆံရေးပိုမိုဝေးကွာလာသည်ဟု နိုင်ငံရေးအသိုင်းအ၀ိုင်းက ယူဆကြသည်။

“သမ္မတနဲ့ ဒေါ်အောင်ဆန်းစုကြည်၊ အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်အကြား ဝေဖန်တာတွေ၊ အပြစ်ဖို့တာတွေ များလာတာဟာ ဦးရွှေမန်းနှင့် ဒေါ်စု ပိုနီးစပ်ဖို့ တွန်းအားပေးတဲ့ သဘောဖြစ်နေ တယ်”ဟု နိုင်ငံရေးလေ့လာသူတစ်ဦးဖြစ်သည့် ဒေါက်တာရန်မျိုးသိမ်းကပြောသည်။

“ဒေါ်အောင်ဆန်းစုကြည်က လွှတ်တော်ထဲမရောက်ခင်က ပထမဆုံးဦးသိန်းစိန်နဲ့ တွေ့ခဲ့တယ်။ အဲဒီတုန်းက နားလည်မှုတွေရခဲ့တယ်ဆိုပေမယ့် ရင်းရင်းနှီးနှီးမရှိခဲ့ဘူး ပြောရမှာပေါ့။ လွှတ်တော်ထဲရောက်ပြီး တဲ့အခါကျတော့ ဦးရွှေမန်းနဲ့ပိုရင်းနှီးသွားပြီး ဦးသိန်းစိန်နဲ့ကဝေးသွားတယ်”ဟု သံလွင် Citizen Enpowerment Program မှ ဦးဇော်မင်းကျော်ကပြောသည်။

သို့သော် “ကြီးသုံးကြီးကတော့ နားလည်မှုတွေ အပေးအယူတွေနဲ့လုပ်သွားမှ ဒီမိုကရေစီ လမ်းကြောင်းက ဖြောင့်ဖြူးနိုင်မယ်။ နောက်ကွယ်မှာ ဘယ်လိုတွေဖြစ်နေတယ်ဆိုတာ မပြောနိုင်ဘူး”ဟု ဦးဇော်မင်းကျော်ကဆိုသည်။

ထို့အပြင် အဆိုပါပုဂ္ဂိုလ်အားလုံးသည် ပြုပြင်ပြောင်းလဲရေးကို လိုလားသူများသာဖြစ်ပြီး မည်သူက ပိုပြီး ပြုပြင်ပြောင်းလဲရေးကို လုပ်နိုင်သည်ဆိုခြင်းကို ကြည့်ရမည်ဖြစ်သည်ဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ဦးဂျင်မီကပြောသည်။

“သမ္မတနဲ့ လွှတ်တော်နာယက အားပြိုင်တာ ဒါပြည်ခိုင်ဖြိုးပါတီတွင်းက အားပြိုင်မှုပဲ။ ဒီလိုအားပြိုင်မှု မျိုးက နိုင်ငံတကာမှာလည်းရှိတယ်။ ခေတ်အဆက်ဆက်လည်းရှိခဲ့တယ်။ ဒါပေမဲ့ ပုဂ္ဂိုလ်ရေးသြဇာထူထောင် တာမျိုးဆိုရင်တော့ ဆန့်ကျင်ရမယ်”ဟု ဦးဂျင်မီက အားပြိုင်နေမှုများနှင့်ပတ်သက်၍ ဆက်လက်ပြောကြား သည်။

အာဏာရှင်စနစ်သည် တစ်ယောက်တည်းတွင် အာဏာရှိနေခြင်းကြောင့် ဖြစ်သည့်အတွက် တစ်ယောက်နှင့်တစ်ယောက် ဝေဖန်မှုများနှင့် သုံးစုကွဲနေသည့်စနစ်ကို ကျင့်သားရရန် ကြိုးစားဖို့လည်း လိုသည်ဟု ကွန်ပျူတာပညာရှင်တစ်ဦးလည်းဖြစ်သည့် လူငယ်စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သည် ဦးရဲမြတ်သူကပြောသည်။

ပါမောက္ခဒေါက်တာအောင်ထွန်းသက်က မြန်မြန်သွားချင်ရင် တစ်ယောက်တည်းသွား ဟူ၍ ပြောကြားသကဲ့သို့ပင် အများနှင့်သွားမည်ဆိုပါက ညှိနှိုင်းရမည်သာဖြစ်သည်ဟု ဦးရဲမြတ်သူက ဆိုသည်။

လက်ရှိအချိန်တွင် အခြေခံဥပဒေကိုပြင်ဆင်ရန် အရေးကြီးနေသောအချိန်ဖြစ်သဖြင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း ဦးဆောင်သော လွှတ်တော်တွင်းအင်အားစုများနှင့် ပို၍နီးကပ်စွာ ဆက်ဆံနေခြင်းဖြစ်သည်ဟု မြန်မာ့နိုင်ငံရေးကို စိတ်ဝင်တစား စောင့်ကြည့်သူအများစုက သုံးသပ်ခဲ့သည်။

ပြီးခဲ့သည့်လပိုင်းများအတွင်းကပင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးရွှေမန်းတို့ကို အခမ်းအနား အတော်များများတွင် အမြဲနီးနီးကပ်ကပ် အမြဲမြင်တွေ့နေရခြင်းကြောင့် ယင်းကဲ့သို့ သုံးသပ်မှုများ ထွက်ပေါ်လာခြင်းဖြစ်သည်။

“ဦးရွှေမန်းအနေနဲ့ သူသမ္မတဖြစ်ဖို့ ဒေါ်စုနဲ့ ဒီချုပ်ရဲ့ ထောက်ခံမှုက အရေးကြီးတယ်လို့ဆိုနိုင်တယ်။ မရှိမဖြစ်လို့ပြောရင်တောင် ရနိုင်မယ်ထင်တယ်”ဟု ဒေါက်တာရန်မျိုးသိမ်းက ၎င်း၏ယူဆချက် ကို ပြောကြားသည်။

“လက်ရှိအချိန်က ၂၀၁၅ ရွေးကောက်ပွဲနီးလာပြီဆိုတော့ ကျပ်တည်းလာတဲ့အခြေအနေမှာ အတိုက်အခံနဲ့ အာဏာရပါတီ ကွဲပြားလာပြီ။ အရင်တုန်းကတော့ နိုင်ငံတည်ဆောက်တဲ့သဘော ထားခဲ့တာပေါ့”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနှင့် အစိုးရအဖွဲ့တို့ကြား ကွဲလွဲမှုများကို ဧဒင်ဂရုကုမ္ပဏီဥက္ကဋ္ဌ ဦးချစ်ခိုင်ကဆိုသည်။

“NLD က အတိုက်အခံဆိုတော့ အစိုးရရဲ့လိုအပ်ချက်တွေကို ပြောရမှာပဲ။ အစိုးရကလည်း ဒါကိုဘယ်ကျေနပ်ပါ့မလဲ။ သူတို့ကို အကောင်းပြောတာမှ မဟုတ်တာ။ ဒီမှာ NLD ဘက်ကလည်း တကယ်လို့ ဦးသိန်းစိန်ကသာ ၀င်ပြိုင်မယ်ဆိုရင် NLD က ဘယ်သူနဲ့ဆက်ပြီးလက်တွဲရင် ဘယ်လမ်းကြောင်းက ပိုကောင်းမလဲဆိုတာကို ရွေးချယ်တတ်ဖို့လိုတယ်”ဟု ၁၉၉၀ ရွေးကောက်ပွဲတွင် အနိုင်ရကိုယ်စားလှယ်ဖြစ်ခဲ့သော ဦးသိန်းထွန်းကပြောသည်။

အခြေခံဥပဒေပြင်ဆင်ရန်အတွက် သူရဦးရွှေမန်းနှင့် ဆက်ဆံရေးကောင်းမှ အောင်မြင်နိုင်မည်ဖြစ်သကဲ့သို့ တိုင်းပြည်၏နေ့စဉ်ကိစ္စများကို စီမံခန့်ခွဲနေသူမှာလည်း သမ္မတသာဖြစ်သည့်အတွက် သမ္မတဦးဆောင်သည့် အစိုးရအဖွဲ့၏ အားနည်းချက်ကို ဝေဖန်ထောက်ပြ၍ အားနည်းသည့်နေရာများတွင် အားပေးကူညီနိုင်ပါက ပို၍လက်တွေ့ကျစွာ ဖြေရှင်းနိုင်မည်ဟု ဦးဇော်မင်းကျော်ကလည်း ပြင်ပမှလေ့လာသူတစ်ဦးအနေဖြင့် သုံးသပ်ခဲ့သည်။

“အစိုးရအဖွဲ့က ဘယ်အပိုင်းမှာ အကူအညီလိုအပ်နေလဲဆိုတာကို ဒေါ်စုက သူ့အရှိန်အ၀ါနဲ့ အကူအညီတွေတောင်းပြီး ဖြေရှင်းပေးနိုင်ရန် ပြည်သူတွေကြုံနေရတဲ့ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးအကျပ်အတည်းတွေက သက်သာသွားနိုင်တယ်”ဟု ဦးဇော်မင်းကျော်က ဆက်လက်ပြောကြား သည်။

“အစိုးရနဲ့ လွှတ်တော်နှစ်ပိုင်းခွဲပြီး ဒေါ်စုနဲ့ထိတွေ့နေတာလည်း ဖြစ်နိုင်တယ်။ နှစ်ဖက်လုံးကလူတွေ က ပြည်ခိုင်ဖြိုးပါတီခေါင်းဆောင်တွေပဲဆိုတာ မျက်ခြည်ပြတ်လို့မရဘူး။ ပါတီရဲ့မူနဲ့ လုပ်နေတာ လည်း ဖြစ်နိုင်ခြေရှိတယ်”ဟု လွှတ်တော်နှင့်အစိုးရ အားပြိုင်နေသည်ဆိုသော်လည်း ပါတီတစ်ခု တည်းမှ ဖြစ်သည်ဆိုသောအချက်ကို ဒေါက်တာရန်မျိုးသိမ်းကထောက်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် နေရာအပြည့်အ၀ရရန် လုံလောက်သော အာဏာရရေးမှာ NLD အဖွဲ့အစည်းတစ်ခုလုံး အင်အားပြည့်ဝရန်လိုသည်ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။ NLD သည် လူထုအားကောင်းသော်လည်း အဖွဲ့အစည်းအားကောင်းရန်မှာ လတ်တလော မရှိမဖြစ် လိုအပ်နေ သည်ဟု ဦးရဲမြတ်သူကပြောသည်။

နိုင်ငံရေးသမားများ၊ လေ့လာစောင့်ကြည့်သူဆိုသူများက မြန်မာ့နိုင်ငံရေးသည် ဟန်းနီးမွန်းကာ လပြီးဆုံး သွားပြီး နွေဦးရာသီဟု ပြောဆိုနေကြစေကာမူ ကိုယ်ကျိုးမပါသော အားပြိုင်မှုများနှင့် ခန့်မှန်းရခက်သော အပြောင်းအလဲများနိုင်သော ၂၀၁၅ ရွေးကောက်ပွဲ အကြို နေပြည်တော် နိုင် ငံရေးအခင်းအကျင်းက အများခန့်မှန်းသလို မှန်၊ မမှန် စောင့်ကြည့်ရဦးမည်သာဖြစ်သည်။ အခြေခံ ဥ ပဒေပြင်ဆင်ရေး ကြိုးပမ်းနေသည့်ကာလအတွင်း အရွေ့များနှင့် အခင်းအကျင်းသစ်များ ကို လည်း တွေ့ရဦးမည်ဖြစ်သည်။

No comments:

Post a Comment