Monday, November 18, 2013

ဆီးဂိမ်း ဖွင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနား လက်မှတ်များ နိုဝင်ဘာ (၁၈)ရက်နေ့မှာ စတင်ရောင်းချမည်

(၂၇)ကြိမ်မြောက် အရှေ့တောင် အာရှ အားကစား ပြိုင်ပွဲ၏ ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနား များအတွက် ကြိုတင် လက်မှတ်များ အား နိုဝင်ဘာ(၁၈)ရက်မှ စတင်၍ (၃၀)ရက်နေ့ အထိ ရောင်းချ သွားမည် ဖြစ်ကြောင်း သိရသည်။
(၂၇)ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲ ဖွင့်ပွဲအခမ်း အနားကို (၁၁-၁၂-၂၀၁၃)ရက်နေ့ ညနေ (၀၆း၀၀)နာရီတွင် လည်းကောင်း၊ ပိတ်ပွဲအခမ်းအနားကို (၂၂-၁၂-၂၀၁၃)ရက်နေ့ (၀၆း၀၀)နာရီတွင် လည်းကောင်း နေပြည်တော် ၀ဏ္ဏ္ဏသိဒ်္ဓိအဆင့်မြင့် အားကစားကွင်း၌ကျင်းပသွားမည် ဖြစရာ ယင်း ဖွင့်ပွဲ/ ပိတ်ပွဲ အခမ်းအနား အား ကြည့်ရှုလိုသော ပရိသတ်များ အတွက် ကြိုတင်လက်မှတ် များအား နေပြည်တော်၊ ရန်ကုန်၊ မန္တလေးမြို့များနှင့် onlineမှ ရောင်း ချပေးသွားမည်ဖြစ်ပါသည်။
ကြိုတင်လက်မှတ် ၀ယ်ယူလိုသော ပရိသတ်များ အနေဖြင့် နိုင်ငံသားစီစစ်ရေးကဒ်ပြားများနှင့် အတူ နေပြည်တော်၌ ၀ဏ္ဏ္ဏသိဒ်္ဓိအဆင့်မြင့် အားကစားကွင်း အမှတ်(၁) ဂိတ်၊ မြို့မဈေး ဆိုင်ခန်းအမှတ် ပ - ၁၁၂နှင့် ပျဉ်းမနား ပေါင်းလောင်း အားကစားကွင်းတို့တွင် လည်းကောင်း၊ ရန်ကုန်မြို့၌ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် Arrival ခန်းမနှင့် ဗိုလ်ချုပ်ဈေးရှေ့ရှိ မိုးယံထီဆိုင် တို့တွင်လည်းကောင်း မန္တလေးမြို့တွင် ၈၄ လမ်း၊ ၃၁ x ၃၂ ကြား မိုးယံထီ ဆိုင်တို့တွင် လည်းကောင်း ၀ယ်ယူရရှိ နိုင်မည် ဖြစ်သည်။
ထို့အပြင် လက်မှတ်ဈေးနှုန်း များအား မြန်မာနိုင်ငံသား တစ်ဦးအတွက် အခမ်းအနား တစ်ခုစီတွင် ရိုရိုးတန်း(၃၀၀၀)ကျပ်နှင့် အထူးတန်း(၅၀၀၀) ကျပ်သတ်မှတ်ထားပြီး နိုင်ငံခြားသား ဦးအနေဖြင့် အခမ်းအနား တစ်ခုစီအတွက် အထူးတန်း ဒေါ်လာ(၅၀)နှင့် ရိုးရိုးတန်း ဒေါ်လာ(၃၀)ဟု သတ်မှတ်ထားသည်။
ထိုလက်မှတ်များအား ၀ယ်ယူလိုပါက ပြည်တွင်းပရိသတ်များ အနေဖြင့် နိုင်ငံသား စီစစ်ရေးကတ်ပြား ပြသ၍ ၀ယ်ယူကြည့်ရှု ရမည် ဖြစ်ပြီး လက်မှတ်လွှဲပြောင်းရယူခြင်း (သို့မဟုတ်) အခြားတစ်ဦးထံမှ ပြန်လည် ၀ယ်ယူထားသော လက်မှတ်များပိုင်ရှင်များအနေဖြင့် ထိုအခမ်း အနားများ အား ၀င်ရောက်ကြည့်ရှုခွင့် ရမည် မဟုတ်ကြောင်းသိရသည်။ online မှတစ်ဆင့် လက်မှတ်ဝယ်ယူ လိုသူများ အနေဖြင့်
http://www.27seagames2013.com/ticketing ၌ ၀င်ရောက်မှာယူနိုင်ကြောင်း သိရသည်။
၂၇ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲတွင် ဖွင့်ပွဲ၊ ပိတ်ပွဲ အခမ်းအနား များနှင့် ဘောလုံးပွဲစဉ်များသာ လက်မှတ် ရောင်းချသွားမည် ဖြစ်ပြီး ကျန်အားကစားနည်း (၃၂)မျိုးတို့၏ ယှဉ်ပြိုင်မှုများအား အခမဲ့ ကြည့်ရှုနိုင်မည် ဖြစ်သည်။
FROM-YANGON MEDIA GROUP

No comments:

Post a Comment