Friday, November 22, 2013

ဆီးဂိမ်းတွင် မြန်မာအသင်း ရွှေမရက နည်းပြပတ်ဆောင်ဟွာ အိမ်ပြန်မည်

လာမည့် နေပြည်တော်ဆီးဂိမ်းတွင် မြန်မာယူ-၂၃အသင်း ရွှေတံဆိပ်မရပါက အိမ် (ကိုရီး ယားနိုင် ငံ) ပြန် မည်ဟု မြန်မာနည်းပြ ပတ်ဆောင်ဟွာက ဂျပန် ယူ-၂၀နှင့်မကစားမီ ပွဲကြိုသတင်းစာ ရှင်းလင်း ပွဲ တွင် ပြောခဲ့သည်။
ဆီးဂိမ်းတွင် ရွှေတံဆိပ်ရရန် တစ်နိုင်ငံလုံးမျှော်လင့်ထားသည်ကို မိမိအနေဖြင့် သိရှိကြောင်းနှင့် ရွှေ တံ ဆိပ် မရပါက ကိုယ့်တာဝန်ကိုယ်ယူသည့်အနေဖြင့် ရာထူးမှနုတ်ထွက်မည်ဟု ပတ်ဆောင်ဟွာ က ပြော ခဲ့ခြင်းဖြစ်သည်။ “ဆီးဂိမ်းမှာ မြန်မာအသင်း ရွှေတံဆိပ်မရရင် ဘယ်လိုတာဝန်ယူရ မလဲ ဆိုတော့ အိမ်ပြန် မှာပေါ့” ဟု ပတ်ဆောင်ဟွာက ဆိုသည်။
မြန်မာယူ-၂၃အသင်းသည် ဆီးဂိမ်းမတိုင်မီ ခြေစမ်းပွဲ ၂၀ ခန့် ယှဉ်ပြိုင်ကစားခဲ့ရာတွင် နိုင်ပွဲငါး ပွဲသာ ရရှိထားပြီး ၁၅ ပွဲရှုံးနိမ့်ထားသဖြင့် ဆီးဂိမ်းအတွက် ပရိသတ်များက စိုးရိမ်နေကြသည်။ အဆိုပါအခြေ အနေနှင့် ပတ်သက်ပြီး ပတ်ဆောင်ဟွာက “ကျွန်တော်တို့ ခြေစမ်းပွဲတွေမှာ ကိုယ့် ထက် အစစအရာရာ သာလွန်ကောင်းမွန်တဲ့ အသင်းတွေနဲ့ ကစားခဲ့တာပါ။ ဂျပန်ဆိုရင် ပြိုင်ပွဲတစ် ခုဝင်ဖို့ နှစ်ရှည် စီမံကိန်းနဲ့ ဆောင်ရွက်ပါတယ်။ ဆီးဂိမ်းမှာ ကျွန်တော်တို့နဲ့ တွေ့မယ့်ထိုင်း၊ အင်ဒိုနီး ရှားအသင်းတွေက တစ်ကြိမ်မှ မဆုံဖူးသေးပါဘူး။ ဒါကြောင့် ခြေစမ်းပွဲတွေမှာရှုံးလို့ အားငယ်နေ မယ်လို့ မထင်ပါဘူး” ရှင်းလင်းခဲ့သည်။
မြန်မာယူ-၂၃ အသင်းသည် ဆီးဂိမ်း အုပ်စု(ခ)တွင် ထိုင်း၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ တီမောအ သင်း တို့နှင့် တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲစဉ်အဖြစ် ဒီဇင်ဘာ ၇ ရက်တွင် ကမ္ဘော ဒီးယား နှင့်ကစားရမည် ဖြစ်သည်။

No comments:

Post a Comment