Friday, November 29, 2013

ဆီးဂိမ်းနှင့် နိုင်ငံ့ပုံရိပ်

လာမည့်နှစ်ပတ်အတွင်း မြန်မာနိုင်ငံသို့ နိုင်ငံ
တကာမှ ဧည့်သည်သောင်းနှင့်ချီ၍ လာရန်ရှိ
သည်။ အာဆီယံဆယ်နိုင်ငံမှ အားကစားအဖွဲ့
များ၊ သတင်းထောက်များ၊ ပရိသတ်များဖြစ်
သည်။ ရက်ပိုင်းအတွင်း ဧည့်သည်သောင်းနှင့်
ချီ လာရောက်မှုမှာ ဆယ်စုနှစ်များစွာအတွင်း 
ပထမဆုံးအကြိမ်ဖြစ်မည်။
အကြောင်းမှာ ယခင်ကျင်းပခဲ့သော ကျွန်းဆွယ်ပြိုင်ပွဲများတွင် အားကစား နည်းနှင့်ယှဉ်ပြိုင်သော နိုင်ငံနည်း၍ ထိုအကြိမ်များထက် ၂၀၁၃ ဆီးဂိမ်းက နိုင်ငံတကာဧည့်သည် ပိုများမည်ဖြစ်သည်။ ထိုဧည့်သည်တော်များနှင့် ဆီးဂိမ်း

ပြိုင်ပွဲကြီးက မြန်မာနိုင်ငံ၏အပြောင်းအလဲ၊ မြန်မာအားကစားအဖွဲ့နှင့် ပြည်သူတို့၏ သန့်ရှင်းမျှ တစွာယှဉ်ပြိုင်မှု၊ ဖော်ရွေမှု၊ စည်းကမ်းရှိမှု၊ ယဉ်ကျေးမှု၊ ရင့်ကျက်မှု ရှိ၊ မရှိကို အကဲဖြတ်ကြပါ လိမ့် မည်။ အထီးကျန်မှုမှဖယ်ခွာပြီး ကမ္ဘာကြီးနှင့်ချိတ်ဆက်လာသော ဆီးဂိမ်းအိမ်ရှင်တို့၏ ပြုမူလုပ် ကိုင်ပုံများ ကို ကမ္ဘာကြီး၏နေရာအများစုက စောင့်ကြည့်မည့် အားကစားပြိုင်ပွဲဟုလည်း ဆိုနိုင် ပါသည်။
အားကစားဝန်ကြီးဌာနက မြန်မာအားကစားအဖွဲ့အနေဖြင့် ရွှေတံဆိပ် ၇၀ မှ ၁၃၀ ရယူရန် ရည်မှန်းထားသည်။ ပြိုင်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရန်လည်း အစိုးရက အစွမ်းကုန်ပြင် ဆင်နေ သည်။ လူထုစိတ်ပါဝင်စားအောင် ဆီးဂိမ်းအကြိုလှုပ်ရှားမှုများသည် ပြည်သူများကို ရင်ခုန်အောင် မလုပ်နိုင်သော်လည်း အစိုးရက ပရိသတ်များသောင်းကျန်း၍ မျက်နှာပျက်ရမည်ကို စိုးရိမ်နေသည်။
အထူးသဖြင့် မြန်မာပရိသတ်များ စိတ်ဝင်စားမှုအများဆုံးဖြစ်သော ဘောလုံးပွဲ၏ အကြိုဗိုလ်လု ပွဲနှင့် ဗိုလ်လုပွဲတွင် ရန်ကုန်နှင့်မန္တလေးပရိသတ်များ စုဝေးမိပြီး သောင်းကျန်းမည်ကို အားကစား ၀န်ကြီး၏ စိုးရိမ်ပူပန်မှုမှာ သတင်းစာများပေါ်တွင်ပင် လျှံကြလာသည်။ ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်ကလည်း အကြောင်းသိဖြစ်၍ ဘောလုံးပွဲများတွင် နိုင်ငံတကာ၌ မျက်နှာမပျက် ရအောင် တာဝန်ရှိသူများ ၀င်ရောက်မစွက်ဖက်ကြရန် ကြိုတင်ပြောထားသည်ကို တွေ့ရ သည်။ ဘော လုံးပွဲများတွင် ပရိသတ်ကြား လုံခြုံရေးထားသည်မှစကာ လုံခြုံရေးအတွက် အစီအစဉ် မျိုးစုံချနေသည်ကိုလည်း တွေ့ရသည်။
အိမ်ရှင်တို့၏ အောင်မြင်မှု ရှိ၊ မရှိကို ပြိုင်ပွဲကောင်းမွန်စွာ လက်ခံကျင်းပနိုင်ခြင်း ရှိ၊ မရှိ၊ ဆုတံဆိပ် ဆွတ်ခူးနိုင်မှု အရေအတွက်တို့ဖြင့် ဆုံးဖြတ်ပါလိမ့်မည်။ ဆုတံဆိပ်အနည်းအများမှာ အားကစား နည်း တိုင်းတွင် မျိုးဆက်ပြတ်နေသော မြန်မာတို့ အိမ်ရှင်အားသာချက်ဖြင့် ကစားသမားများ မည်မျှစွမ်းဆောင်ပြမည်ကိုသာ အားပေးရင်းစောင့်ကြည့်ကြရမည်။ ပြိုင်ပွဲအောင်မြင်စွာကျင်း ပနိုင်ရေးအတွက်တွင်တော့ မြန်မာပြည်သူများ၏ အပြုံး၊ ဖော်ရွေမှု၊ စည်းကမ်းရှိမှု၊ ယဉ်ကျေးမှု၊ ရင့်ကျက်မှုတို့က အဓိကကျလှပါသည်။ ပြိုင်ပွဲအောင်မြင်စွာကျင်းပနိုင်သလို၊ ဆုတံဆိပ်များစွာရ လျှင် အကောင်းဆုံးဖြစ်သည်။
သို့သော် ဆုတံဆိပ်မျှော်မှန်းသလောက်မရလျှင်ပင် ပြိုင်ပွဲကြီးကို ချောမောစွာ လက်ခံကျင်း ပနိုင်လျှင် လည်း နိုင်ငံဂုဏ်ငယ်ရန်မရှိပါ။ ထို့ကြောင့်
မြန်မာပုံရိပ်ကို နိုင်ငံတကာသို့ အကောင်းဆုံးပြသနိုင်ဖို့ သင့်တွင်လည်း တာဝန်ရှိပါသည်

No comments:

Post a Comment