Friday, November 29, 2013

တရားလိုမှ တရားခံပြန်ဖြစ်တတ်သည်ဟု ဦးမိုးဟိန်း သတိပေး

သည့် ဦးတေဇနှင့် ပတ်သက်သည့်ရေး
သားချက်များအပေါ် တရားစွဲ ဆိုမည်
ဟုကြေညာထားချက်များ အား ရင်ဆိုင်
ရန် အသင့်ရှိပြီး တရား စွဲဆိုရန်စီစဉ်သူ
သည် တစ်ခါတလေ တရားခံအဖြစ်သို့ပြန်
လည်ရောက်ရှိနိုင်ကြောင်း သူရိယနေ၀န်း ဂျာနယ်အယ်ဒီတာချုပ် ဦးမိုးဟိန်းက People Power သတင်းစာသို့ ပြောကြားသည်။

ထူးကုမ္ပဏီမှ ၎င်းအားတရားစွဲဆိုရန် သက်သေများနှင့် အချက်အလက်များစုဆောင်းလျက်ရှိပြီး၊ မကြာ မီတွင်တရားစွဲ ဆိုသွားမည်ဖြစ်ကြောင်း ထူးကုမ္ပဏီတွင် ၀န်ထမ်းပေါင်းများစွာ ခန့်အပ် ထားပြီး၊ တရားစွဲဆိုရန် အတွက် ရှေ့နေပေါင်းများစွာ လည်းရှိကြောင်း ထူးကုမ္ပဏီများအုပ်စု၏ ရုံးအဖွဲ့မှူး ဦးညီညီအောင်မှ ပြောကြားထားခြင်းကို အွန်လိုင်းနှင့် ပုဂ္ဂလိကသတင်းစာအများစုတွင် ဖတ်ရှုပြီးဖြစ်ကာ တရားစွဲဆိုမည့်အချိန်ကိုသာလျှင် ၎င်းမှစောင့်နေခြင်းဖြစ်ကြောင်း ဦးမိုးဟိန်း ကပြောကြားသည်။
“ကျွန်တော့်အနေနဲ့ သူတို့ဘယ်လိုပဲတရားစွဲစွဲ အဆင်သင့်ပြင်ထားတယ်။ ပြောချင်တာတစ်ခုပဲရှိ တယ်။တစ်ခါတလေကျရင်တရားစွဲတဲ့သူကတရားခံပြန်ဖြစ်သွားတတ်သလို၊ရှေ့နေကလည်း တရား ခံပြန်ဖြစ် သွားနိုင်တယ်လို့တော့ကျွန်တော်ပြော ချင်ပါတယ်”ဟု ဦးမိုးဟိန်းမှ ထပ်မံ အတည်ြ ပုပြော ကြားသည်။
ယခုကဲ့သို့ရေးသားခြင်းမှာ ဦးမိုးဟိန်းအနေနှင့် ပြည်သူလူထုများအတွက် အလုပ်လုပ်နြေ ခင်းဖြစ်ကြောင်း၊ ၎င်းတို့ဘက်မှ တရားစွဲဆိုမည့်အပေါ် မိမိအနေဖြင့် အဆင့်သင့်ပြင်ထား ပြီးဖြစ်ကြောင်း မိမိ၏လမ်းအားမိမိ လျှောက်နေကြသူများဖြစ်သည့် အတွက် ၎င်းအေ နနှင့် ရေး သင့်ရေးထိုက်ပြောသင့်ပြောထိုက်သည်များကို ပြောကြားမည်ဖြစ်ကြောင်း၊ ယင်းသို့ပြောကြားခြင်း များ မှာ ကိုယ့်အလုပ် ကိုယ်လုပ်နေခြင်း သာဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားသည်။

“ကျွန်တော့်ကိုတရားစွဲမယ်ဆိုတော့ ကျွန်တော်တစ်ခုတော့ပြောချင်တယ်။ သူ့ကိုပြည်သူတွေဘက် ကနေ တရားစွဲလို့ရတာ အများကြီးရှိပါ သေးတယ်”ဟု ၎င်းကဖြည့်စွက်ပြောကြားသည်။

နိုဝင်ဘာလ ၂၃ရက်နေ့ထုတ် သူရိယနေ၀န်းဂျာနယ်တွင်ဦးတေဇနှင့် စိန်စီသောညများ၊ မင်းတို့ခရို နီတွေ ဘင်္ဂလားပင်လယ်အော်သို့ ခုန်ချကြ ပေတော့ဟု ရေးသားဖော်ပြခြင်းအား တရားစွဲဆိုသွားမ ည်ဟု ထူးကုမ္ပဏီများအုပ်စု၏ရုံးအဖွဲ့မှူး ဦးညီညီအောင်မှ ပြောကြားခဲ့ပြီး ယခုအချိန်ထိ သူရိယနေ၀န်းအယ်ဒီတာချုပ် ဦးမိုးဟိန်းဆီသို့ တရားရုံးမှ ဆင့်ခေါ်စာများ၊ ရှေ့နေမှစာပို့ခြင်းများ မရှိသေးကြောင်း၊ယခုကဲ့သို့ တရားစွဲဆိုမှု အပေါ် ဦးမိုးဟိန်းမှ ရင်ဆိုင်ရန် အဆင်သင့် ပြင်ဆင် ထားကြောင်း ဦးမိုးဟိန်းကဆက်လက်ပြောကြားသည်။

People power

No comments:

Post a Comment