Thursday, November 21, 2013

ဆာဂျရီ အလှပြုပြင်နည်းနဲ့ သဘာဝလွန်အလှတရား ဆိုးကျိုးကောင်းကျိုးများ

လူသားတို့ရဲ့ မျက်နှာပြင်ကို အစားထိုး ခွဲစိတ်ကာ သဘာဝလွန် အလှတရား တစ်မျိုးဖြစ်ပေါ်စေတဲ့ ပလပ်စ တစ်ဆာ ဂျရီအလှပြုပြင်နည်း တစ်မျိုးဖြစ်ပြီး  ကမ္ဘာ့အနှံ့အပြားမှာ လည်း ခေတ် စားနေပါတယ်။မူလ သဘာ ဝ လူသား မျက်နှာကို ခွဲစိတ်ပြုပြင်မှုတွေကို သုံးစွဲကြ သူတိုင်းမှာ ဆိုးကျိုးကောင်းကျိုး တွေရရှိခံ စားစေမှာ ဖြစ် ပါတယ်။ဆာဂျရီ အ လှပြုပြင်နည်းတွေကို ကမ္ဘာကျော် အနုပညာရှင်တွေအပြင်  ကိုရီးယားနိုင်ငံ အတွင်းမှာ ပါ ခေတ်ရေစီးကြောင်းနဲ့ အတူ  ကျယ်ပြန့် လာတာတွေ့ရပါတယ်။ ဒါကြောင့်မျက်နှာပြင်ခွဲ စိတ်ကာ အလှ ပြုပြင် ခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများအကြောင်းပြောပြ တဲ့ အနုပညာရှင်များရဲ့ အမြင်ကို စုစည်း ဖော်ပြလို က်ပါတယ်။
မိုးဟေကို-
“ဘုရားပေးတဲ့မျက်နှာမျိုးဘုရားပေးတဲ့ခန္ဓာကိုယ်မျိုးထက်ကိုအခုချိန်ကိုပဲ မကြည့်ပါနဲ့ ရေရှည်ကို ကြည့်စေ ချင်တယ်။ လူတွေအားလုံးကများသောအားဖြင့် အခုလှနေတာကို ပဲ တွေးနေ ကြသ လို နောက်၁ဝနှစ်ဆို တဲ့ အရာနဲ့ ၂ဝနှစ် နှစ်၂ဝ အရာကို ထည့်ပြီးမတွေးမိကြဘူး။သဘာဝကိုပဲ အားပေးတယ်။မိန်းက လေးတွေချည်း ပဲမဟုတ်ဘူး တချို့လှ ချင်ကြတဲ့ယောက်ျားလေးတွေ လည်းရှိ တယ်။ ဒါပေမဲ့နောင်ဖြစ်လာမယ့် ဆိုးကျိုးကို မတွေးကြဘူး။ လူတစ်ယောက်နဲ့တစ်ယောက် က အသွေး သားချင်းမတူဘူး။ဆိုးကျိုး ကမဖြစ်ခဲ့ရင်တော့ေ ကာင်းတယ်။လွန်ခဲ့တဲ့နှစ်ပေါင်း များ စွာ က ဒီလိုမျိုး လုပ်ခဲ့လို့ အခုလိုဆိုးကျိုးခံစားရတဲ့ နောင်တလည်း မဖြစ် စေချင်ဘူး။ ရိုး ရိုးကျန်း မာရေး လိုက်စားပြီး ခန္ဓာကိုယ်ရဲ့အသွေးအသားလှတာကိုပဲ အားပေးပါတယ်”
အွန်ဆိုင်း-
“ဒီခေတ်မှာ လူတိုင်းကတော့ လှချင်ကြတာတွေပဲလေ။ ဒါပေမဲ့ တချို့ကပြင်ချင်ပေမယ့်တချို့  ကတော့ဒီအ တိုင်းပဲကြိုက်ကြတယ်။ခံယူချက်ပေါ်မူတည်တယ်။ အနုပညာ ရှင်တွေကတော့ တခြားလူတွေ ထက်ပိုလိုအပ် တယ်။အွန်ဆိုင်းဆိုလည်းအသက်ကြီးလာရင်လုပ်ရမယ်ထင်တယ်။ အခုက နည်း ပညာတွေတိုးတတ် လာေ တာ့ ပိုလှအောင် ပိုကောင်းအောင်လုပ်ကြ တယ်။ဘာမှန်နခအလည်းမရှိဘူးဆို တော့ပိုကောင်းေ အာင်လုပ် ကြမယ်ထင်တယ်။တချို့ကျတော့လည်း ဘုရားပေးထား တဲ့ အလှကိုပဲကြိုက်ကြ တာလည်းရှိတယ် ကိုယ့်အ လှပေါ်မှာ ကြိုက်တာလည်းရှိတယ်။ကိုယ့်အလှပေါ်မှာ စိတ်ကျေ နပ်မှုရှိတယ်ဆိုရင်တော့ လုပ်စရာမလို ပါ ဘူး”
ဝါဆိုမိုးဦး-
“လူငယ်တော်တော်များများကဆာဂျရီလုပ်ကြတာတွေ့ရတယ်။ကိုးရီးယားမှာဆိုမင်းသား၊မင်းသမီး တွေက ပြင်ထားကြတာများတယ်။အနုပညာရှင်တိုင်းနီးပါးပဲ။သူတို့ တွေက သာမန်တော်တော်များများ ကမချောကြ ဘူး။”
ဆန်းသစ်လ-
“ဆာဂျရီ လုပ်တာက ကိုယ်ကအနုပညာရှင်တစ်ယောက်  ဖြစ်တော့ပရိသတ်ကို ပေးဆပ် တဲ့အတွက်လုပ် တာလည်း ဖြစ်နိုင်တယ်။ဥပမာ-နှာ ခေါင်းလေးပြင်လိုက် လို့ပြည့်စုံ သွားတယ် ဆိုပြင်သင့်တယ်လို့ ထင်တ ယ်။ဒါပေမဲ့ အတိုင်းထက်အလွန် လုပ်တယ်ဆိုတာတော့ဘယ်အ ရာမှ မကောင်းပါဘူး”

Popular Journal

No comments:

Post a Comment