Saturday, November 23, 2013

ဆီးဂိမ်းအကြို ဂုဏ်ပြုသူ တစ်ကိုယ်တော် အပြေးသမား

ဆီးဂိမ်းအကြို ဂုဏ်ပြုသူ တစ်ကိုယ်တော် အပြေးသမား
ပျဉ်းမနား နိုဝင်ဘာ  ၂၂နေပြည်တော်
 ကောင်စီနယ်မြေ ပျဉ်းမနားမြို့ ရန်အောင် အမှတ် (၂)ရပ်ကွက်မီးရ
ထား ဝင်းနေ ဦးတင်ဦး (ခ) ဦးဖြူးကျော် အ သက် ၅၁ နှစ် သည်
အရှေ့တောင် အာရှ အားကစားပြိုင်ပွဲ
တွင် ပါဝင်သည့်
အပြေးပြိုင်ပွဲကို အကြို ဂုဏ်ပြုသည့် အနေဖြင့် တစ်ကိုယ်တော် မိုင် ၅ဝဝ အပြေး ချီတက်ခြင်းအား ယမန်နေ့ နံနက် ၆ နာရီက လယ်ဝေးမြို့ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ စတင် တာထွက်ခဲ့ကြောင်း သိရသည်။
၎င်းသည် ဥတ္တရသီရိမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်၊ ဒက္ခိဏသီရိမြို့နယ်နှင့် ဇေယျာသီရိ မြို့နယ်များသို့ မာရသွန် တစ်ကိုယ်တော် အပြေး ချီတက်မည် ဖြစ်ပြီး ယခုကဲ့သို့ ဂုဏ်ပြုခြင်းမှာ မြန်မာနိုင်ငံ အားကစား သမားများ စိတ်ဓာတ် တက်ကြွစေရန်နှင့် လူငယ် မောင်မယ်များအား အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားစေရန် အတွက် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သိရသည်။    
ဟန်ငြိမ်းဦး (နှမ်းတော)

No comments:

Post a Comment