Friday, November 29, 2013

တရုတ်လေကြောင်းကာကွယ်ရေးဇုန်အတွင်း အမေရိကန်ဗုံးကြဲလေယာဉ်နှစ်စင်းဖြတ်သန်း

မကြာသေးမီက တရုတ်အစိုးရကသတ် မှတ်ပြ ဋ္ဌာန်း လိုက်သော အရှေ့တရုတ် ပင်လယ်အ တွင်း ရှိလေကြောင်းကာကွယ်ရေးဇုန် အတွင်း အမေရိကန်စစ်တပ်မှဘီ-၅၂ ဗုံးကြဲလေယာဉ်နှစ် စင်းဖြတ်ကျော်ပျံသန်းခဲ့ကြောင်း အမေရိကန် အစိုးရတာဝန်ရှိသူတစ်ဦး၏ပြောကြားချက်ကို ကိုးကားပြီးစီအင်န်အင်န်သတင်း တွင်ဖော်ပြ သည်။ အဆိုပါ အမေရိကန်လေတပ်မှ ဘီ-၅၂ ဗုံးကြဲလေယာဉ်နှစ်စင်းမှာ စစ်ရေးလေ့ကျင့်နေချိန် မဟုတ် သဖြင့် လက်နက်တပ် ဆင်ထားခြင်း မရှိဘဲ ဂူအမ်ကျွန်းနိုင်ငံရှိ အမေရိကန်စစ်အခြေစိုက် စခန်းမှ တနင်္လာနေ့ကထွက်ခွာခဲ့ပြီး ထိခိုက်မှု တစ်စုံတစ်ရာမရှိဘဲ ထိုကျွန်းသို့ ပြန်လည် ရောက်ရှိခဲ့သည်။
အဆိုပါလေယာဉ်များပျံသန်းမှုမှာ နာရီပေါင်းများစွာ ကြာမြင့်ခဲ့ပြီး မကြာမီကကြေညာခဲ့သော တရုတ်လေကြောင်းကာကွယ်ရေးဇုန်အတွင်း တစ်နာရီနီးပါး ပျံသန်းခဲ့ကြောင်း အမေရိကန် အစိုးရတာဝန်ရှိသူကပြောသည်။ အဆိုပါလေကြောင်းကာကွယ်ရေးဇုန်သို့ ဝင်ရောက်ချိန်တွင် တရုတ် အစိုးရက ဆန္ဒ ရှိသကဲ့သို့ ဝင်ရောက်ပျံသန်းမှုအကြောင်းကြားခြင်း ကိုလေယာဉ်မှူးများက မပြုလုပ်ခဲ့ကြောင်းအစိုးရတာဝန်ရှိသူကပြောသည်။ထိလွယ်ရှလွယ်ဖြစ်နိုင်သည့်အခြေအနေကြောင့်  သူ၏အမည်ကို အထက်ပါတာဝန်ရှိသူက ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိပေ။
ပြီးခဲ့သည့်စနေနေ့က ဂျပန်၊ တရုတ်(တိုင်ပေ)တို့နှင့် ပိုင်ဆိုင်မှုအငြင်းပွားနေသည့် လူမနေသော ကျွန်းများနှင့်အရှေ့တရုတ်ပင်လယ်အစိတ်အပိုင်းတို့ပါဝင်သောနယ်မြေကို လေကြောင်းကာကွယ် မှု ဇုန်နယ်မြေအဖြစ် တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက ကြေညာခဲ့ သည်။ စီးပွားဖြစ်ပျံ သန်းခြင်း မပြုသည့်လေယာဉ်တိုင်းအဆိုပါဇုန်သို့ဝင်ရောက်မည်ဆိုပါကကာကွယ်ရေးဌာနသို့ကြိုတင်အကြောင်း ကြားခြင်း၊ရေဒီယိုဆက်သွယ်ရေးစနစ်ဖြင့် အကြောင်းကြားခြင်းတို့ကိုပြုလုပ်ရမည်ဖြစ်ပြီး မပြုလုပ် ပါက အရေးပေါ်ကာကွယ်ရေးစီမံ ဆောင်ရွက်မှုကို ရင်ဆိုင်ရမည်ဟုထုတ်ပြန်ကြေညာခဲ့သည်။ 
KTK(Ref: CNN)

No comments:

Post a Comment