Friday, November 29, 2013

အခြေခံဥပဒေပြင်ဆင်ရေး တွေ့ဆုံဆွေးနွေးရန် ဒေါ်အောင်ဆန်းစုကြည်မေတ္တာရပ်ခံချက် သမ္မတနှင့်ကာချုပ်ငြင်းဆို

ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးသည် နိုင်ငံသားအားလုံးအတွက်အရေးကြီးပြီး အမျိုးသားဒီမို ကရေစီ အဖွဲ့ချုပ်ပါတီ တစ်ခုတည်းသာမက တရားဝင်ပါတီအားလုံးနှင့် သက်ဆိုင်သောကြောင့် အားလုံး ပါဝင်ေ ဆွး နွေးရမည့်ကိစ္စဟု ယုံကြည်ကြောင်း သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ် တို့နှင့်တွေ့ဆုံရန် ဒေါ်အောင် ဆန်းစုကြ ည်၏ မေတ္တာရပ်ခံချက်အပေါ် ၎င်းတို့နှစ်ဦးက တုံ့ပြန် လိုက်ကြောင်း သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဦးရဲထွဋ် က ပြောကြားသည်။
“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးကိစ္စဟာ နိုင်ငံသားအားလုံးအတွက် အရေးကြီးကိစ္စဖြစ်သလို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သာမက တရားဝင်မှတ်ပုံတင်ထားသော နိုင်ငံရေးပါတီ ၅၈ ခုလုံးနဲ့ သက် ဆိုင်တဲ့ ကိစ္စဖြစ်တဲ့အတွက် သက်ဆိုင်သူအားလုံး ပါဝင်ဆွေးနွေးရမည့်ကိစ္စလို့ သမ္မတနဲ့ ကာ ကွယ်ရေး  ဦးစီးချုပ်တို့က ယုံကြည်ပါတယ်”ဟု ဦးရဲထွဋ်က ပြောကြားသည်။
ထို့အပြင် ယခုအချိန်သည် ပြည်ထောင်စုလွှတ်တော်က ဖွဲ့ စည်းပုံအခြေခံဥပဒေ လေ့လာသုံး သပ်ရေး ကော်မတီဖွဲ့စည်းထားပြီးအဆိုပါကော်မတီအစီရင်ခံစာကိုဒီဇင်လာလကုန်တွင် တင်သွင်း ရန် သတ်မှတ်ပြီး ဖြစ်သည်။
အစီရင်ခံစာမတင်သွင်းမီ အခြားနည်းလမ်းများဖြင့် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပါက ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာသုံးသပ်ရေးကော်မတီ၏ တွေ့ရှိချက်များနှင့် ကွဲလွဲမှု များ ဖြစ် လာနိုင်ကြောင်း၊ ထို့ ကြောင့် ယင်းေ က်ာမတီ၏ အစီရင်ခံစာတင်သွင်းပြီးမှသာ တွေ့ဆုံမှုကို စဉ်းစား သင့်သည်ဟု ယူဆကြောင်း သမ္မတနှ င့်ကာ ချုပ်တို့ က သဘောတူသည်ဟု ၎င်းက ပြောကြားသည်။
ဒေါ်အောင်ဆန်းစုကြည်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် နိုင်ငံတော်သမ္မတ၊ တပ်မေ တ်ာကာကွယ်ရေးဦးစီးချုပ်နှင့် လွှတ်တော်ဥက္ကဋ္ဌများနှင့် တွေ့ဆုံနိုင်ရေးကို စီစဉ်ပေး ရန် နိုင်ငံတော် သမ္မတ ထံသို့ မေတ္တာရပ်ခံစာ ပေးပို့ခဲ့ခြင်းဖြစ်ပြီး ယင်းစာအပေါ် ၎င်းတို့နှစ်ဦးက ယခုကဲ့သို့ တုံ့ပြန်ခဲ့ခြင်း လည်းဖြစ် သည်။
“တပ်မတော်ရယ်၊ အစိုးရရယ်၊ လွှတ်တော်ရယ် သွေးစည်းညီညွတ်ပြီး တိုင်တိုင်ပင်ပင်ပြုလုပ်ဖို့ဆိုတဲ့ သဘောထားမျိုးနဲ့ ဒေါ်စုက တောင်းဆိုတာဖြစ်လိမ့်မယ်။ တပ်မတော်ကတော့ သီးခြားသဘော ထားမျိုးဖြစ် နေတ ယ်။ တပ်မတော်က ဖွဲ့စည်းပုံအခြေခံဥပဒေကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ခံယူထားတာကြောင့် တွေ့ဖို့မလို ဘူးလို့ ဆုံးဖြတ်တာဖြစ်နိုင်တယ်”ဟု ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး လေ့လာသုံးသပ်ရေးကော်မတီ အ တွင်းရေးမှူး ဦးအေးမောက် က ပြောကြား သည်။

No comments:

Post a Comment