Friday, November 29, 2013

စမ်းသပ်ဆဲမိုဘိုင်းဘဏ်စနစ် အောင်မြင်မှုရှိဟုဆို

မိုဘိုင်းငွေပေးချေမှုစနစ်ဖြစ်သော မိုဘိုင်းဘဏ်စနစ် (Mobile Banking)ကို ပြည်တွင်းဘဏ်အချို့က စမ်းသပ်သုံးစွဲလျက်ရှိရာ အောင်မြင်စွာသုံးစွဲနိုင်ခဲ့သည်ဟု စမ်းသပ်ခဲ့သည့်ဘဏ်များဖြစ်သော CB ဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာနှင့် AGD ဘဏ်၏ ဒုတိယအထွေထွေမန်နေဂျာတို့၏ ပြောကြားချက် များ အရ သိရသည်။အဆိုပါစနစ်ကို ပြည်တွင်းတွင် သမ၀ါယမဘဏ် (CB )နှင့် အာရှ စိမ်းလန်းမှု ဖွံ့ဖြိုးရေးဘဏ်(AGD)တို့က စမ်းသပ် သုံးစွဲရာတွင် အောင်မြင်မှုရသည်ဟု ၎င်းတို့က မဇ္ဈိမ ကိုပြော ခင်းဖြစ်သည်။ သမ၀ါယမဘဏ်၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က “ကျွန်တော်တို့ ဘဏ်ဝန်
ထမ်းတွေနဲ့ ဘဏ်ခွဲ အချင်းချင်း စမ်းသပ်သုံးစွဲတာ တစ်လကျော်ရှိပါပြီ။ သုံးစွဲရအဆင်ပြေပါတယ်။ ဗဟိုဘဏ် ခွင့်ပြုချက်ရတာနဲ့ သုံးစွဲနိုင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု ပြောသည်။ထို့ပြင်AGD  ဘဏ် ICT ဌာန၏ ဒုတိယအထွေထွေမန်နေဂျာ ဦးမျိုးဝင်းသက်က “ဘဏ်ဝန်ထမ်းတွေရဲ့ အကောင့်အချင်းချင်း စမ်းသပ်သုံးစွဲနေပါတယ်။ မိုဘိုင်းဖုန်းပေါ်ကနေ အကောင့်အချင်းချင်း ငွေလွှဲ ပို့တာ၊ နောက် အခွန်အခကြေးငွေကို ဘဏ်အကောင့်ကနေတစ်ဆင့်ပေးဆောင်တာမျိုးကို ဘဏ် လာ စရာ မလို ဘဲ မိုဘိုင်းဖုန်းပေါ်ကနေတစ်ဆင့် ပေးဆောင်တာမျိုးကို စမ်းသပ်အသုံးပြုတာပါ။ စမ်းသပ်မှုက အောင် မြင်ပေမယ့် တကယ်အသုံးပြုမယ့်သူတွေ အသုံးပြုတဲ့အခါ အသုံးပြုရအ ဆင်ပြေ မပြေစောင့်ကြည့်ရဦး မှာပါ”ဟု ပြောသည်။
မိုဘိုင်းဘဏ်စနစ်အသုံးပြုရန် ပြည်တွင်းဘဏ်များက ဗဟိုဘဏ်သို့ ခွင့်ပြုချက်တောင်းခံထား ပြီးဖြစ် ရာ ဗဟိုဘဏ်အနေဖြင့် Mobile Banking နှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းများ ကို ရေးဆွဲကာ သမ္မတရုံးသို့ တင်ပြခဲ့ပြီးဖြစ်သည်။
ပြီးခဲ့သည့်အောက်တိုဘာလအတွင်းက သက်ဆိုင်ရာဝန်ကြီးဌာနများဖြစ်သော ပြည်ထဲရေးဝန်ကြီး ဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဆက်သွယ်ရေးနှင့်သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာ နများနှင့် မြန် မာနိုင်ငံဗဟိုဘဏ်တို့ အစည်းအဝေး ပြုလုပ်ခဲ့ပြီး ယင်းဆွေးနွေးပွဲမှ ရလဒ်များကို သမ္မတရုံးသို့ တင်ပြ ခဲ့ခြင်းဖြစ်သည်။
ပြည်တွင်းတွင် မိုဘိုင်းဘဏ်လုပ်ငန်းလုပ်ကိုင်ရန် တင်ပြထားသောဘဏ်များရှိပြီး ကမ္ဘောဇ ဘဏ်(KBZ) ၏ ဒုတိယအထွေထွေမန်နေဂျာ ဦးသက်ကိုကိုမျိုးက “မိုဘိုင်းဘဏ်စနစ် အသုံးပြုနိုင်ဖို့အတွက် ဘဏ်ရဲ့ ဆော့ဖ်ဝဲပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေ လုပ်နေပါတယ်။ ဗဟိုဘဏ်က ခွင့်ပြုချက်ကျတာနဲ့ လုပ် ဆောင်သွားမှာပါ”ဟု မဇ္ဈိမကို ပြောသည်။
မိုဘိုင်းဘဏ်စနစ်တွင် ဘဏ်အကောင့်တစ်ခုနှင့်တစ်ခုငွေလွှဲခြင်း၊ ငွေပေးချေခြင်းနှင့် ငွေထုတ်ယူခြင်း စသည်တို့ကို မိုဘိုင်းပေါ်မှ အသုံးပြုနိုင်မည်ဖြစ်သည်။
ဦးဖေမြင့်က “မိုဘိုင်းဘဏ်စနစ်မှာ အဆင့်နှစ်ခုလုပ်သွားဖို့တော့ရှိတယ်။ တစ်ခုက ဘဏ်အကောင့် အချင်းချင်းကို ဖုန်းကနေတစ်ဆင့် ငွေလွှဲပေးတာမျိုးကတော့ စမ်းသပ်ပြီးပြီ။ နောက်တစ်ဆင့်ကတော့ ကျေးလက်ဒေသနဲ့ မြို့ငယ်တွေမှာ ဘဏ်အကောင့်ရှိရင် ဒါမှမဟုတ် ဘဏ်ကခန့်ထားတဲ့ အေးဂျင့်က တစ်ဆင့် ငွေလွှဲပို့ခြင်း၊ ငွေထုတ်ယူခြင်း လုပ်နိုင်မယ့်စနစ်ပါ”ဟု မဇ္ဈိမကို ပြောသည်။
ထိုသို့ငွေထုတ်ပေးနိုင်မည့်အေးဂျင့်များ ထားရှိရန်အတွက်လည်း ရွေးချယ်နေပြီဖြစ်သည်ဟုလည်း ၎င်း က ပြောသည်။ “အေးဂျင့်တွေထားဖို့တော့ ရွေးချယ်နေတယ်။ အေးဂျင့်မရှိတဲ့မြို့အချို့မှာဆို Mini Bank တွေထားဖို့ စီစဉ်သွားမယ်”ဟု ၎င်းက ပြောသည်။
AGD ဘဏ်၏ မိုဘိုင်းဘဏ်စနစ်ကို အသုံးပြုနိုင်ရန်အတွက်မူ ဖုန်း application ကို download ဆွဲယူရ မည်ဖြစ်ပြီး အဆိုပါapplication ဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်ဟု ဆိုသည်။
ထို့ပြင် ပြည်တွင်းတွင် ဆက်သွယ်ရေး အော်ပရောတာရရှိသော တယ်လီနော နှင့် အူရီးဒူးတို့ကလည်း မိုဘိုင်းဘဏ်စနစ်ဝန်ဆောင်မှုများကို လုပ်ကိုင်သွားမည်ဟု ဆိုထားသည်။
မိုဘိုင်းဘဏ်စနစ် အသုံးပြုသူ တစ်သန်းကျော်ရှိသူOoredoo သည် မိုဘိုင်းငွေကြေးစနစ်အတွက်QNB နှင့်Money Gram တို့ဖြင့် ပူးပေါင်းပြီး နိုင်ငံပေါင်း ၁၉၇ ခုအထိ ၀န်ဆောင်မှုပေးနေခြင်းဖြစ်သည်။

No comments:

Post a Comment