Friday, November 29, 2013

အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကျပ် ၂၀၀၀၀ တန် ဂျီအက်စ်အမ် ဆင်းမ်ကတ် များ စတင်ရောင်းချပြီ


အာဆီယံနိုင်ငံများသို့ ခေါ်ဆိုနိုင်မည့် ကျပ် ၂ဝဝဝဝတန် ဂျီအက်စ်အမ်ဆင်းမ် ကတ်များ စတင်ရောင်းချပြီဖြစ်ကြောင်း မြန် မာ့ဆက်သွယ်ရေးလုပ်ငန်းမှသိ ရသည်။
အဆိုပါဆင်းမ်ကတ်များ အား ဆီးဂိမ်းပွဲတော် တွင် နိုင်ငံတ ကာမှ လာရောက်ကြ မည့်ဧည့် သည် များနှင့် ပြည်ပမှလာရောက် ယှဉ်ပြိုင်မည့် အားကစားသမား၊ နည်းပြ၊ အုပ်ချုပ်သူများအသုံးပြု နိုင်ရန်အတွက် ရည်ရွယ်ရောင်း ချပေးခြင်းဖြစ်ပြီး ဒီဇင်ဘာလမှ စတင်၍ ဖေဖော်ဝါရီလအထိ သက်တမ်းသုံးလသာအသုံးပြုနိုင် မည်ဖြစ်ကြောင်း သိရသည်။
''ဒီဆင်းမ်ကတ်တွေရောင်း ပေးတာက နိုင်ငံခြားသားတွေအ တွက်အဓိကပေါ့။ နောက်ပြီး တ ခြားနိုင်ငံကမီဒီယာသမားတွေ အတွက်ပါရောင်းပေးမယ်။ ကတ် သက်တမ်းက သုံးလပဲခံမယ်၊ သုံး လမပြည့်မချင်းတော့ ငွေဖြည့်ကတ် ထည့်ပြီးသုံးလို့ရမှာပါ''ဟု မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန် ရှိသူတစ်ဦးကပြောသည်။


 .. www.MyanmarExpress.net

No comments:

Post a Comment