Saturday, November 23, 2013

နိုင်ငံခြားသား စက်ဘီးစီး အဖွဲ့ ၁၄ ဦး မော်လမြိုင်သို့ ရောက်ရှိ

နိုင်ငံခြားသား စက်ဘီးစီး အဖွဲ့ ၁၄ ဦး မော်လမြိုင်သို့ ရောက်ရှိ
မော်လမြိုင် 
 နိုဝင်ဘာ ၂၂
မွန်ပြည်နယ်
 မော်လမြိုင်မြို့၌ ယမန်နေ့ ညနေ ၃ နာရီခွဲကပြင်သစ်နိုင် ငံသား Mr.Thaffarzateh ပါ အမျိုးသား ကိုးဦး၊ အ မျိုးသမီး လေးဦး၊ ကနေဒါ နိုင်ငံသူ တစ် ဦး စုစုပေါင်း
၁၄ ဦး ပါဝင်သော အဖွဲ့သည် သံလွင်တံတား (မော်လမြိုင်)မှ တစ်ဆင့် မော်လမြိုင်မြို့သို့ စက်ဘီးစီး ၍ ရောက် ရှိခဲ့ကြောင်း သိရသည်။
အဆိုပါ စက်ဘီးစီး အဖွဲ့သည် Golden Bell Family Tour ကုမ္ပဏီ၏ အစီအစဉ်ဖြင့် နိုဝင်ဘာ ၅ ရက်က လေယာဉ်ဖြင့် ရှမ်းပြည်နယ် အင်းလေးသို့ သွားရောက်ပြီး အင်းလေးမှ တစ်ဆင့် စက်ဘီးဖြင့် ပင်းတယ-ရွာငံ- ကျောက်ဆည်-မန္တလေး-မင်းကွန်း-စစ်ကိုင်း-မုံရွာ-ပခုက္ကူ-ပုဂံ- ညောင်ဦး- တောင်ငူ- ကျိုက်ထို မြို့နယ် ကျိုက်ထီးရိုး စေတီသို့ နိုဝင်ဘာ ၂ဝ ရက်က ရောက်ရှိပြီး ယမန်နေ့ နံနက် ၇ နာရီက ကျိုက်ထို မြို့နယ် ကင်မွန်းစခန်းမှ စက်ဘီးဖြင့် ထွက်ခွာခဲ့ရာ မော်လမြိုင်သို့ ညနေ ၃ နာရီခွဲတွင် ရောက်ရှိသည်။ 
ဆက်လက်၍ အဖွဲ့ခေါင်းဆောင် Mr. Christion Differline က ပြောကြားရာတွင် ''မိမိသည် လွန်ခဲ့ သည့် နှစ်နှစ်ကျော်က မြန်မာနိုင်ငံသို့ တစ်ကြိမ် ရောက်ရှိခဲ့ဖူးကြောင်း၊ ယခုအကြိမ် တွင် ပြောင်း လဲမှုများ တွေ့ရကြောင်း၊ နိုင်ငံခြား ခရီးသွားများလည်း ပိုမို များပြားလာကြောင်း၊ စက်ဘီး စီးလာသည့်လမ်းတစ် လျှောက်လုံး မြန်မာပြည်သူများကလှိုက်လှဲပျူငှာစွာ ကြိုဆိုကြသည် ကို တွေ့ ရကြောင်း၊ မြို့ရွာများ အခြေအ နေလည်း တိုးတက်လာကြောင်း၊ ခရီးသွား လမ်းမကြီးများလည်း ပိုမို ကောင်းမွန်လာကြောင်း၊ အခြား အာဆီယံ နိုင်ငံများနှင့် စာလျှင် မြန်မာနိုင်ငံနှင့် လာအိုနိုင် ငံ ပြည်သူများက ပိုမို၍ နွေးထွေးစွာ ကြိုဆို ကြကြောင်း'' ပြောကြားခဲ့ကြောင်း သတင်း ရရှိသည်။

No comments:

Post a Comment