Saturday, November 23, 2013

လွှတ်တော်လုံခြုံရေးတပ်ဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်းရန် တောင်းဆိုမှုကို အစိုးရအဖွဲ့နှင့် ကာချုပ် သဘောမတူ

လွှတ်တော်ဖွဲ့စည်းပုံ တိုးချဲ့ရာတွင် ပြည်သူ့ လွှတ်တော်နှင့် အမျိုးသားလွှတ်တော်နှစ် ရပ်ပေါင်းအတွက် ကိုယ်ပိုင်လုံခြုံရေး တပ် ဖွဲ့တစ်ခု သီးသန့်ဖွဲ့စည်း၍ ယင်း တပ်ဖွဲ့တွင် တပ်မတော်အရာရှိ ၄၀ ဦး ပါဝင်အားဖြည့် ရန် တောင်းဆိုထားခြင်းကို အစိုးရအဖွဲ့နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့က သဘောမတူကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌထံ အကြောင်းကြားစာ ပေးပို့ထားကြောင်း သ  တင်းရရှိသည်။
လက်ရှိလွှတ်တော်များအတွက် လုံခြုံရေးကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဆောင်ရွက်ပေးနေခြင်းဖြစ်ပြီး သမ္မတ၌ပင် ကိုယ်ပိုင်သီးသန့်တပ်ဖွဲ့ထားရှိခြင်းမရှိဘဲ လွှတ်တော်များတွင် ကိုယ်ပိုင်တပ်ဖွဲ့များ သီးသန့်ဖွဲ့စည်းလိုက်ပါက တပ်ဖွဲ့များ ရှုပ်ထွေးလာမည်ဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် က လည်း တပ်မတော်သား ၄၀ဦး အားဖြည့်ရန်ကိစ္စကို သဘောမတူကြောင်း အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
““ဒီလိုကိုယ်ပိုင်တပ်ဖွဲ့ဖွဲ့တာမျိုးက အစဉ်အလာလည်းမရှိခဲ့ပါဘူး။ အရင် ဖဆပလ ပါတီမန်အစည်း အဝေးတွေ ကိုလည်း ရဲတပ်ဖွဲ့ဝင်တွေပဲ လုံခြုံရေးပေးပါတယ်။ အခုကျတော့ လွှတ်တော်အတွင်း ကိုယ်ပိုင်ဖွဲ့မှာဖြစ်တဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌရဲ့ ကွပ်ကဲမှုအောက်မှာ ဖြစ်ပွားပါလိမ့်မယ်။ ဒါကြောင့် ကျွန်တော်တို့ အစိုးရအဖွဲ့နဲ့ ကာချုပ်တို့အားလုံး ဆွေးနွေးပြီးတော့ ဒါကို လက်မ ခံကြောင်း နိုဝင်ဘာ ၁၉ ရက်က လွှတ်တော်ဥက္ကဋ္ဌကို အကြောင်းကြားစာ ပေးပို့ထားပါတယ်”” ဟု အဆိုပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ပြည်သူ့လွှတ်တော်မှ တာဝန်ရှိသူတစ်ဦးကို မေးမြန်းရာ ကိုယ်ပိုင်လုံ ခြုံရေး တပ်ဖွဲ့ ဖွဲ့မည်ဟု အစိုးရအဖွဲ့ထံ တင်ပြထားပြီး လွှတ်တော်ဖွဲ့စည်းပုံတိုးချဲ့ခြင်းတွင် ပါဝင်သော် လည်း လက်နက်ကိုင်တပ်ဖွဲ့မျိုးကို ဆိုလိုခြင်းမဟုတ်ဘဲ လွှတ်တော်အတွင်း စာရွက် စာ တမ်းများ ထိန်းသိမ်းခြင်း၊ လွှတ်တော်သို့ လာရောက်သော ယာဉ်များ၊လူများစနစ်တကျဖြစ်စေရေး၊ လွှတ်တော် အင်တာနက်လိုင်းများလုံခြုံရေး စသည့် လွှတ်တော်ဝင်းအတွင်း အသေးစိတ်ကျသည့် လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရည်ရွယ် သည့် တပ်ဖွဲ့မျိုးဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
““ဒါက အခြားဌာနတွေမှာလည်း ရှိပါတယ်။ လွှတ်တော်တွေမှာ လူဝင်တာက တစ်ရက်တစ် ရက် နှစ်ထောင်လောက်ရှိတယ်။ ယာဉ်က အစီးနှစ်ရာလောက်ရှိတယ်။ ဒါတွေ စနစ်တကျဖြစ်ဖို့ ဖွဲ့စည်းပုံမှာ ကိုယ်ပိုင်တပ်ဖွဲ့ထားမယ်လို့ ထည့်ထားတာပါ။ သေနတ်ကိုင်တပ်ဖွဲ့မျိုး မဟုတ်ပါဘူး”” ဟု ၎င်းကပြောသည်။
သို့သော် တပ်မတော်အရာရှိ ၄၀ ဦး တောင်းဆိုထားခြင်းကိုမူ မဖြစ်နိုင်ကြောင်းသာ ပြန်လည်ဖြေ ကြား ခဲ့ပြီး တိကျသောအဖြေ ပြန်လည်မပေးခဲ့ပေ။ လက်ရှိလုံခြုံရေးတပ်ဖွဲ့ဝင်အင်အား မလုံလောက်ပါက ထပ်တိုးပေးမည်ဖြစ်ပြီး တပ်မတော်သားများ လိုအပ်ပါကလည်း တပ်မတော်မှ အင်အားထပ်မံဖြည့်တင်းပေးမည်ဖြစ်ကြောင်းနှင့် ကိုင်ပိုင်တပ်ဖွဲ့ ဖွဲ့စည်းခြင်းကိုမူ လက်မ ခံကြောင်း အဆိုပါ အကြောင်းကြားစာတွင် ပါရှိသည်ဟု သိရသည်။၂၀၀၈ ဖွဲ့စည်းပုံ လအခြေခံ ဥပဒေတွင်လည်း လက်နက်ကိုင်တပ်ဖွဲ့များအားလုံးသည် တပ်မတော်အောက်တွင်သာ ရှိရမည်ဟု လည်း ဖော်ပြထားသည်။
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းကလည်း လက်ရှိ လွှတ်တော်တွင်း လုံခြုံရေးအခြေ အနေမှာ အဆင်ပြေပြီး ကိုယ်ပိုင်သီးသန့်တပ်ဖွဲ့ထားရှိရန် မလိုအပ်ကြောင်းနှင့် တပ်ဖွဲ့များအကြား သူတစ်လူငါတစ်မင်း အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း သုံးသပ်ပြောကြားသည်။
ယခုလ ဆန်း ကလည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ၀န်ထမ်း ၁၉၀ ဦးကို နှုတ်မိန့်ဖြင့် ရာထူးတိုးပေး ခဲ့ခြင်းအပေါ် အစိုးရအဖွဲ့က ယင်းသို့မလုပ်သင့်ကြောင်း အကြောင်းကြားစာ ပေးပို့ခဲ့ပြီးဖြစ်သည်။






   – ဂျေမောင်မောင်(အမရပူရ) 

No comments:

Post a Comment