Friday, October 18, 2013

ပြည်သူ့ ဆန္ဒ နဲ့ မညီသော စောမြင့်လွင်

ပထမဆုံး ပြည်သူ့ဆန္ဒ နဲ့ မညီတာက .....
မင်းအဖမ်းခံရတာပဲ စောမြင့်လွင်......

ဒို့တွေက ...
ဟိုကောင်တွေကို .....
မင်းတို့ ဖာသာထောင် .....
မင်းတို့ ဖာသာ တွေ့တယ်ဆိုပြီး စွပ်စွဲကောင်းနေတုံး ....
မင်းက အဖမ်းခံရတယ် ဆိုတော့ ....
ဒါက ပြည်သူ တစ်ရပ်လုံးကို စော်ကားတာ .....
ပြည်သူ့ ဆန္ဒကို မျက်ကွယ် ပြုတာပဲကွာ.....။

ဒုတိယ အချက် ....
ဗုံးထောင်ပြီး ပြန်တာ အလောသုံးဆယ် မပြန်နဲ့ ....
အေးအေး ဆေးဆေး ပြန် ....
Taxi ၇၀၀၀၀ ဈေး တအားကြီးတယ်....
ဈေးတွေ ဘာတွေ ဆစ်ဦးလေ ....
အေးဆေးပဲ မို့လား ....
ဗုံး ထောင်လာတာပဲ .....
ဒီနေရာက အမြန် ထွက်နိုင်ဖို့က အရေးမကြီးပါဘူး ......
နောက်ဆို ၃၀၀၀၀ နဲ့ ရအောင် ဆစ် .....
မရရင် ဆိုက်ကားစီး ပြန်ကွာ....။

တတိယ ပြည်သူ့ ဆန္ဒနဲ့ မညီတဲ့ ကိစ္စ က ....
မင်း မှတ်ပုံတင်ကျန်ခဲ့တဲ့ကိစ္စပဲ....
ဘာ .....!!!!
ဗုံး ထောင်ပြီး ဒီနေရာက အမြန် ထွက်ခွာဖို့က အရေးကြီးတော့ .....
Check Out လုပ်တော့မှ ပြန်ရတဲ့ မှတ်ပုံတင်ကို ......
ပိုက်ဆံအိတ်ထဲ အမြန်ထည့် ......
ပိုက်ဆံ ထုတ်ရှင်းတော့ ကျကျန်ခဲ့ပါတယ် .....
ဟုတ်လား ........

မရဘူးကွ .....
ဒါမျိုး ဖြစ်လို့ မရဘူး .....
ဖောက်ခွဲရေး သမား ဆိုတာ တခြားဂြိုလ်ကလာတာ ......
လူတွေ စိတ်လှုပ်ရှားပြီး မှားတတ်တဲ့ အမှားမျိုး မှားလို့မရဘူး ......
ဒါက ပြည်သူ့ ဆန္ဒနဲ့ မညီဘူး ......။

နောက် ကျန်သေးတယ် ....
ဘာလို့ ဗုံးကို ဝှက် ခဲ့တာတုန်းကွာ .....
House Keeping က တွေ့အောင် .....
ခုံပေါ် တင်ခဲ့ရမှာကို မတင်ခဲ့ဘူး.......

ဆိုင်ကယ် နဲ့ ဘာလို့ ပြန်တာတုံး .....
အော် .....
ခရီးသည်တင်ကား နဲ့ ဆို အရှာခံ ရမှာ စိုးလို့ .....
ဆိုင်ကယ် နဲ့ ဆိုတော့ ......
တောလမ်း .... ရွာလမ်း ...ဝင်ပြေးလို့ ရတယ် ဟုတ်လား ......
လိုချင်ပု ......
နောက်ဆို လမ်းလျှောက်ပြန် ကြားလား .....
ဟို ဆန္ဒ ပြတဲ့သူတွေ လိုပေါ့.....။

စောမြင့်လွင် .......
စောမြင့်လွင်.........
မင်းလုပ်လိုက်ရင် ......
ပြည်သူ့ ဆန္ဒနဲ့ မညီတာတွေချည်း ပါလားကွာ....

( Credit to Ye Lin Aung )
 
(Photo သမ္မတလောင်း လူထု သံချောင်း )

FROM-YE MOE

No comments:

Post a Comment