Friday, October 25, 2013

“ဖေ့စ်ဘုတ်ပေါ်က တာတီးများ”


1. ကျနော်တို့ငယ်ငယ်က မြန်မာနိုင်ငံအလယ်
ပိုင်းမှာရှိတဲ့ မျြိ့ငယ်လေးတမြို့မှာ နေခဲ့ဖူးတယ်
။မြို့လေးက ရန်ကုန်-မန္တလေးရထားလမ်းဘေး မှာ တည်ရှိပါတယ်။တရက်မှာ လူငယ်လေးနှ စ်ယောက်ကို ရဲကဖမ်းပါတယ်ဖမ်းရတဲ့ အကြောင်းက ရန်ကုန်-မန္တလေး အမြန်ရထားကို ခဲနဲ့ပေါက်တဲ့ ပြစ်မှုပါရထားပေါ်က ခရီး သည်တစ်ယောက် ခဲမှန်တဲ့ ဒဏ်ရာကြောင့် မျက်လုံးတစ်ဖက်ပျက်သွားတယ်လို့ သိရပါတယ်“ဘာကြောင့် ရထားကိုခဲနဲ့ပေါက်တာလဲ” လို့ အဲဒီလူငယ်လေးတွေကို စစ်ဆေးကြတော့ သူတို့က ဒီလိုဖြေပါသတဲ့… …“သူတို့ကျတော့ မီးတွေထိန်လင်းနေတဲ့ ရထားကြီးကို စီးနေကြရတယ်၊ ကျနော်တို့မှာတော့ အမှောင်ထဲမှာ လမ်းလျှောက်နေရလို့” … တဲ့… ဆိုတော့ အဖြေက ‘မနာလိုဝန်တိုမှု’ ပါပဲသူ့ဟာသူ သွားနေတဲ့ရထားကို မီးထိန်ထိန်လင်းနေတာနဲ့ပဲ ကြည့်မရဖြစ်ပြီး တခုခုနစ်နာသွာအောင်၊ ထိခိုက်သွားအောင်၊ လုပ်လိုက်ရမှ ဘဝင်ကျသွားတဲ့ အလွန်ယုတ်ညံ့တဲ့စိတ်ကို ပိုင်ဆိုင်ထားကြရှာတယ်။မိမိရဲ့စိတ်ဒဏ်ရာကို ဖြေဖျောက်ဖို့ ရထားကို ခဲနဲ့ထုလိုက်တာ အပြစ်မရှိတဲ့ လူတယောက်မှာ မျက်လုံးတစ်ဖက် ပျက်သွားရတယ်။ဒါ.. ရထားကို ခဲနဲ့ပစ်တဲ့အထဲက ကျနော်သိခဲ့တဲ့ အမှုတစ်ခုပါတခြား ရထားကို ခဲနဲ့ပစ်တဲ့အမှုတွေ အများကြီး ရှိပါသေးတယ်

2.
နောက်တခါ…ငယ်ငယ်က ကြည့်ခဲ့ဖူးတဲ့ ရုပ်ရှင်ကားလေးတကား ရှိတယ်“ပန်းမြိုင်လယ်ကဥယျာ
ဉ်မှူး” ဆိုတဲ့ကားအဓိကဇာတ်လိုက် ဦးကျော်ဟိန်းက တာတီးအဖြစ် သရုပ်ဆောင်တယ် (မှတ်မိသလောက် တာတီးလို့ ထင်ပါတယ်)တာတီးက လူဆိုးလူမိုက်၊ မူးရူးပြီး အများနဲ့တယောက် ရန်ဖြစ်နေတာများတယ်ရွာကလူတွေကလည်း လူမိုက်နဲ့ယှဉ်ပြီး မဖြစ်ချင်တော့ ခပ်ကင်းကင်းပဲနေကြတယ်တရက်တော့ ရွာလုံးကျွတ်စုပေါင်းပြီး အလှူပွဲလုပ်ဖို့ရှိတယ်အဲဒါကို တာတီးက လက်မခံဘူး၊ အဲဒီပွဲကိုမလုပ်ရဘူးလို့ တားတယ်၊ သွားတဲ့လူတွေကိုလည်း ကြိမ်းတယ်“ရွာအထွက်က စောင့်နေမယ်၊ သွားရဲသွားကြည့်” ဆိုပြီး ရွာပြင်ကနေ တုတ်တခြောင်းကိုင်ပြီး စောင့်နေတယ်၊ ထွက်လာတဲ့သူကို ရိုက်မယ်ပေါ့ဒီတော့ ရွာကလူတွေကလည်း သူနဲ့ ပြသနာမဖြစ်ချင်တော့ တခြားတလမ်းကနေ တိတ်တိတ်လေးပဲ ထွက်သွားလိုက်ကြတယ်ကျနော်ပြောချင်တာက…‘ကိုယ်ကိုယ်တိုင်လည်း မလုပ်နိုင်ဘူး၊ သူများတွေလုပ်တော့လည်း မလိုလားဘူး’ …ဆိုတဲ့ အဲဒီတာတီးလို လူမျိုးတွေလည်း ရှိနေတယ်ဆိုတာကိုပါ။

3.
မနေ့က…မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ Facebook က Status တခုကို ဖတ်လိုက်ရတယ်သူက မုန်တိုင်းနဲ့ ပတ်သက်တဲ့ သတိပေးပို့စ်တခုတင်လိုက်တယ်
တဲ့အဲဒါကို သူပြောတဲ့အတိုင်း မုန်တိုင်းမတိုက်ပါဘူးဆိုပြီး လူတစ်ယောက်က သူ့ကို လိမ်နေတယ်လို့ စွပ်စွဲတယ်ဆရာဦးထွန်းလွင်ရဲ့ ပို့စ်အောက်မှာ ‘လိမ်လည်မှုတခုသာ ဖြစ်တဲ့အကြောင်း’ ကွန်မန့်ရေးသွားတာ တဲ့ဆရာဦးထွန်းလွင်လည်း အဲဒီကွန်မန့်နဲ့ပတ်သက်လို့ တော်တော်စိတ်ထိခိုက်သွားပုံရတယ်စဉ်းစားကြည့်ပါ…မုန်တိုင်းသတိပေးချက်တခုဟာ အသက်အိုးအိမ်ပေါင်းများစွာကို ကယ်တင်နိုင်တယ်ဆရာဦးထွန်းလွင်အနေနဲ့ ဘာအကျိုးခံစားမှုတခုမှ မရပဲ၊ ဒီ မိုးလေဝသသတင်းတွေ၊ မုန်တိုင်းခန့်မှန်းချက်တွေကို အချိန်နဲ့အမျှတင်ပေးနေတာပါကိုယ့်ထမင်းကိုယ်စားပြီး အများအကျိုးအတွက် စေတနာ့ဝန်ထမ်း ဆောင်ရွက်ပေးနေတာပါသူ့ရဲ့လုပ်ရပ်ကို လူတွေကလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြတယ်၊ ချီးကျူးထောပနာပြုကြတယ်သူ့ကို ကျေးဇူးတင်ကြတယ်ဒါကို စိတ်ဓာတ်ယုတ်ညံ့တဲ့သူက မနာလိုဖြစ်ပြီး၊ကြည့်မရဖြစ်ပြီး၊ မီးထိန်ထိန်လင်းနေတဲ့ ရထားကို ခဲနဲ့ထုလိုက်တဲ့ သဘောပါပဲနောက်တမျိုးပြောရရင် ကိုယ်တိုင်လည်း မလုပ်နိုင်၊ သူများလုပ်တော့လည်း မနာလိုတဲ့ တာတီးလို လူမျိုးတွေက အများရဲ့အလှူကို ဖျက်လိုဖျက်စီးလုပ်တဲ့ သဘောပါပဲ

4.
ဖေ့စ်ဘုတ်မှာ ကျနော့်သူငယ်ချင်းတစ်ယောက်ရ
ှိတယ်သူက ဆရာဝန်တစ်ယောက်ပါ၊ Facebook မှာ ဟာသလေးတွေရေးပြီး တင်လေ့ရှိတယ် တရက်ကတော့ ကျနော့်ကို Chat Box ကနေလာပြီး ရင်ဖွင့်တယ်သူရေးတဲ့ ဟာသပို့စ်တခုကြောင့် သူ့ကို လာဆဲနေတယ် တဲ့ဘာကြောင့်ဆဲတာလဲ?သူက နိုင်ငံရေးအယူအဆတခုကို တင်ပြဆွေးနွေးဝေဖန်တာလည်း မဟုတ်ဘူးဘာသာရေးပြသနာတခုကို ထောက်ပြပြစ်တင်နေတာလည်း မဟုတ်ဘူးမတူတဲ့ အယူအဆတွေ၊ ကိုးကွယ်ယုံကြည်မူတွေကို ငြင်းကြခုန်ကြ ဆဲကြဆိုကြတယ်ဆိုရင် မပြောလိုပါဘူးခုဟာက ဘယ်သူ့ကိုမှ မထိခိုက်တဲ့ ဟာသပါဘယ်အစွန်းဘက်မှ မပါဘူးအများကို ရယ်မောပျော်ရွှင်စေချင်တဲ့ စေတနာနဲ့ သူအားတဲ့အချိန်တွေမှာ ဟာသလေးတွေရေးပြီး ဖေ့စ်ဘုတ်မှာ တင်တာပါသူက ပြောတယ်… သူ ဒီဟာသတွေကို ဆက်တောင် မရေးချင်တော့ဘူးတဲ့၊ စိတ်ပျက်သွားပြီတဲ့၊ စိတ်ထဲ အနှောက်အယှက် ဖြစ်လွန်းလို့ ညတောင် အိပ်မပျော်ဘူးတဲ့ဒါနဲ့ ကျနော်လည်း ကျနော်ကြုံခဲ့တဲ့၊ ကျနော်လည်း အဆဲခံခဲ့ရတဲ့ အကြောင်းလေးတွေ ပြောပြပြီး တတ်နိုင်သလောက် ဖြေသိမ့်ပေးခဲ့တယ်သူလည်း သူရေးတဲ့ဟာသလေးတွေကြောင့် လူသိများတယ်သူ့ပရိတ်သတ်တွေနဲ့ ရီစရာကွန်မန့်လေးတွေ အပြန်ပြန်အလှန်လှန် ရေးကြပြောကြ ရီကြမောကြနဲ့ပေါ့ဒါကို အများပျော်ရွှင်နေတာ မကြည့်ရက် မမြင်ရက်တဲ့ တာတီးလို လူစားမျိုးတွေက၊ရထားကို ခဲနဲ့ပေါက်လိုက်တာပါပဲ

5.
ဖေ့စ်ဘုတ်မှာ မထင်မရှား ပရိုဖိုင်းတွေနဲ့ အကောင့်တုတွေလုပ်ထားပြီး “ဘယ်သူဘာလုပ်လုပ် ဆဲမယ်” ဆိုတဲ့ လူတန်းစားတစ်ရပ် သီးခြားရှိပါတယ်။လက်လှုပ်လက်
ခြေလှုပ်ခြေ ဆဲတာပဲကောင်းတာလုပ်လည်း ဆဲဆိုးတာလုပ်လည်း ဆဲအီးပေါက်လည်း ဆဲအမြီးမြှောက်လည်း ဆဲဘာမှမလုပ်လည်း ဆဲဆဲ ဆဲ ဆဲ ချည်းနေတော့တာသူများတကာတွေ ဖေ့စ်ဘုတ်မှာ အပြန်ပြန်အလှန်လှန် ပြောကြဆိုကြ နောက်ကြပြောင်ကြ ရယ်ကြမောကြရင် သူတို့ မလိုလားဘူး၊ မကြည့်ရက်ဘူး မမြင်ရက်ဘူးဒီတော့ ဒီပွဲပျက်အောင် တာတီးလို တုတ်ကိုင်ပြီးကြိမ်းတော့တာပေါ့၊ ဆဲတော့တာပေါ့သူပြောတာ ဆဲတာဆိုတာကို စိတ်ထဲမှာထားပြီး ခံစားနေရင် ကိုယ်ပဲ စိတ်ညစ်ပိန်ချုံးဖြစ်မယ်ဒီတော့…ကျနော်ကတော့ ကျနော်ကို လာဆဲရင် ဘာမှပြန်မပြောဘူး၊
ထုံးစံအတိုင်း Block လိုက်တာပါပဲ ပါးစပ်ကလည်း တိုးတိုးလေးရေရွတ်လိုက်တယ်…
…“ဘိုင့် ဘိုင် ကိုတာတီး”…
လို့

No comments:

Post a Comment