Saturday, October 26, 2013

ရန်ကုန်မြစ်-ပန်းလှိုင်မြစ်- လှိုင်မြစ်နှင့် ပဲခူးမြစ်အတွင်း အဆင့်မြင့် စပိဘုတ်ရှပ်ပြေး အမြန်ရေယာဉ် ခရီးစဉ် တိုးချဲ့ပြေးဆွဲပေးမည်



ရန်ကုန်တိုင်း ဒေသကြီး အတွင်း ခရိုင်နှင့်မြို့နယ်များ အသီးသီးရှိ ပန်းလှိုင်မြစ်-လှိုင်မြစ်နှင့် ပဲခူးမြစ် တစ်လျှောက်နေ ပြည်သူများ လမ်းပန်း ဆက်သွယ်မှု လွယ်ကူချောမွေ့စေရေး အတွက် မော်တော် ယာဉ် များဖြင့် နေ့စဉ် အလုံ- လမ်းမတော်- လသာ- ပန်းဘဲတန်း- ကျောက်တံတား- ပုဇွန်တောင်- ဗိုလ်တထောင်မြို့နယ်များ ဖြစ်သော စီးပွားရေး အထူး ဇုန်(၁)သို့ ဘေးကင်းလုံခြုံ အချိန်မှန် ရောက် ရှိရေး ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းများကို ဌာနဆိုင်ရာများနှင့် ရန်ကုန်တိုင်း ဒေသကြီး အစိုးရ အဖွဲ့ရုံး တို့၏ အနီးကပ် စီမံ ကွပ်ကဲမှု နှင့်အတူ ဘတ်စကားများ- မြို့ပတ်မီးရထားများ မြစ်တွင်း သွား ရေယာဉ်များတိုးချဲ့ ပြေးဆွဲလျက်ရှိသည်။ရန်ကုန်မြို့တွင်းယာဉ်ကြောပိတ်ဆို့မှုများကို  လျော့ ပါး သွားအောင် ဆောင်ရွက်ရာတွင် အသင်းအဖွဲ့ကုမ္ပဏီ လူမှုရေး အဖွဲ့အစည်းများနှင့် အလင်း သစ် စပိဘုတ် ရှပ်ပြေး အမြန်ရေယာဉ် လိုင်းသစ်(ရန်ကုန်) ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းရှင်များ ပူးပေါင်းလျက် ခေတ်မီ အဆင့်မြင့် စပိဘုတ် ရှပ်ပြေး အမြန်ရေယာဉ် အသစ်ကြီးများကို ပြည်ပမှ တင်သွင်း၍ ရန်ကုန်မြစ် အတွင်း ရေကြောင်းခရီး သွားလာမှု ဖွံ့ဖြိုးတိုးတက် စေရေးနှင့် ရန်ကုန်မြို့အတွင်း ယာဉ်ကြောပိတ်ဆို့မှု လျော့ပါးရေး အထောက်အကူပြု ပြေးဆွဲ ပေးသွား မည်ဖြစ်သည်။

၎င်းအဆင့်မြင့် စပိဘုတ်ရှပ်ပြေး အမြန်ရေယာဉ်များသည် ဂျပန် နိုင်ငံထုတ် သင်္ဘောသစ်များ ဖြစ်ပြီး ကမ္ဘာ့ ပင်လယ်ပြင်နှင့် ဂျပန် ပင်လယ်ပြင် မုန်တိုင်း မိုးသက်ကင်းစင် ကာလ ၂ဝ၁၄ ခုနှစ် ဧပြီလကုန် ရောက်ရှိ ပြေးဆွဲပေးနိုင်မည် ဖြစ်ကြောင်း ဥက္ကဋ္ဌ ဦးတာနိုင် (ဇွန် မောင်မောင်) က ပြောပြသည်။

အဆင့်မြင့် စပိဘုတ် ရှပ်ပြေး အမြန်ရေယာဉ် ပြေးဆွဲမည်လမ်း ကြောင်းများမှာ လှိုင်သာယာ-အဏ္ဏဝါ ငါးအအေးခန်း စက်ရုံဆိပ်ကမ်းမှ ဘုရင့်နောင်ဈေး ဆိပ်ကမ်းအထိ လည်းကောင်း၊ ဘုရင့်နောင် ဈေးဆိပ်ကမ်းမှ ဆင်မလိုက် သင်္ဘောကျင်း ဆိပ်ကမ်းအထိ လည်းကောင်း၊ ဆင်မလိုက် သဘောင်္ကျင်း ဆိပ်ကမ်းမှ ကြည့်မြင်တိုင် ငါးဈေးကြီး ဆိပ်ကမ်းအထိ လည်းကောင်း၊ ကြည့်မြင်တိုင် ငါးဈေးကြီး ဆိပ်ကမ်း မှ ဗားကရား ဆိပ်ကမ်းအထိ လည်း ကောင်း၊ ဗားကရား ဆိပ်ကမ်းမှ အလုံသင်္ဘောကျင်း ဆိပ်ကမ်းအထိ လည်းကောင်း၊ အလုံသင်္ဘောကျင်း ဆိပ်ကမ်းမှ ဝါးတန်း ဆိပ်ကမ်းအထိ လည်းကောင်း၊ ဝါးတန်း ဆိပ်ကမ်းမှ ကျန်းမာရေး ဆိပ်ကမ်း တံတားအထိ လည်းကောင်း၊ ကျန်းမာရေး ဆိပ်ကမ်း တံတားမှ ဗိုလ်တ ထောင်တံတား အမှတ်(၃)အထိ လည်းကောင်း၊ ဗိုလ်တထောင် တံတား အမှတ်(၃)မှ ပုဇွန်တောင် ငါးဈေးဆိပ်ကမ်း (ယခင်-သီတာ သင်္ဘောဆိပ်) အထိ လည်းကောင်း၊ ပုဇွန်တောင်ငါးဈေး ဆိပ်ကမ်း (ယခင်- သီတာ သင်္ဘောဆိပ်)မှ ယုဇန သင်္ဘောကျင်း ဆိပ်ကမ်းအထိ ခရီးသည် တစ်ဦးလျှင် ၁ဝဝ ကျပ်နှင့် ကလေးတစ်ဦးလျှင် ၅ဝ ကျပ်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး လှိုင်သာယာ အဏ္ဏဝါ ငါးအအေးခန်း စက်ရုံဆိပ်ကမ်းမှ ယုဇန သင်္ဘောကျင်းဆိပ် ကမ်းအထိ ခရီးသည် တစ်ဦးလျှင် ၁ဝဝဝ ကျပ်နှင့် ကလေးတစ်ဦး လျှင် ၅ဝဝ ကျပ်ဖြင့် ပြေးဆွဲမည်ဖြစ် ကြောင်း သိရသည်။

No comments:

Post a Comment