Thursday, October 31, 2013

ကန်ဖုန်းခိုးနားထောင်တဲ့ကိစ္စ အင်ဒိုလည်း ဖြေရှင်းချက်တောင်း


အမေရိကန်ရဲ့ ​ဖုန်းခိုးနားထောင်မှုကို ​ဖြေ ရှင်းချက်တောင်းတဲ့ ​ကမ္ဘာ့နိုင်ငံတွေအထဲမှာ ​အင်ဒိုနီးရှားနိုင်ငံ ကလည်း ​ပါဝင်လာပြီ ​ဖြစ် ပါတယ်။
အမေရိကန်နိုင်ငံဟာ ​သူတို့ရဲ့သံရုံးတွေ ကနေ တဆင့်လျှို့ဝှက်ထောက်လှမ်းမှုတွေလုပ်ဆောင် ခဲ့တယ်ဆိုတဲ့ ​သတင်းတွေထွက်ပေါ် လာ ပြီးနောက်ပိုင်း ​ဂျာကာတာ ​မြို့တော်အခြေစိုက် ​အမေရိကန်သံကိုယ်စားလှယ်ကို ​တရား ၀င် ​ဖြေရှင်း ချက်ပေးဖို့ ​အင်ဒိုနီးရှား ​အစိုးရက ​တောင်းဆိုလိုက်ပါတယ်။
ဒီကိစ္စတွေဟာ ​မှန်ကန်ခဲ့မယ်ဆိုရင် ​အမေရိကန်ရဲ့ ​လုပ်ရပ်ဟာ ​လုံခြုံရေး ​ချိုးဖောက်မှု၊ ​ကြီးမားတဲ့ ​သံတမန် ရေးဆိုင်ရာ ​ချိုးဖောက်မှု ​တွေ ​ဖြစ်တဲ့အတွက် ​မိတ်ဘက်နိုင်ငံများဆိုတဲ့ ​အချက်နဲ့ ​ကိုက်ညီမှု ​မရှိဘူးလို့ ​အင်ဒိုနီးရှား ​နိုင်ငံခြားရေးဝန်ကြီး ​Marty ​Natalegawa ​က ​ထုတ်ဖော် ​ပြောဆိုခဲ့ပါတယ်။
ဝရမ်းပြေး ​အမေရိကန် ​ထောက်လှမ်းရေး ​၀န်ထမ်းဟောင်း ​Edward ​Snowden ​ရဲ့ ​ထုတ်ဖော်မှုကို ​အခြေခံ ပြီး ​ကမ္ဘာ့သတင်းမီဒီယာတွေက ​အမေရိကန်ရဲ့ ​ဖုန်းကြားဖြတ် ​နားထောင်မှုအကြောင်း ​အကျယ်အ၀န့် ​ဖော်ပြခဲ့ကြတာ​ဖြစ်ပြီး ​သြစတြေးလျနိုင်ငံ ထုတ် ​Sydney ​Morning ​Herald ​ သတင်းစာရဲ့ ​အဆိုအရ ​အရှေ့နဲ့ ​အရှေ့တောင်အာရှနိုင်ငံတွေမှာ ​အမေရိကန်က ​စောင့် ကြပ်ထောက် လှမ်းရေး ​ပစ္စည်းကိရိယာတွေ ​ထားရှိ တယ်လို့ ​ဆိုပါတယ်။
အဲဒီမြေပုံမှာ အမေရိကန်က စောင့်ကြပ်ထောက်လှမ်းရေး ပစ္စည်းကိရိယာ ထားရှိတဲ့ နေရာ ၉၀ ကို ပြသတဲ့ လျှို့ဝှက် မြေပုံတခုကို ဂျာမနီ သတင်းမီဒီယာ Der Spiegel က ဖော်ပြခဲ့ပါတယ်။
အဲဒီနေရာ ​၉၀ ​ထဲမှာ ​Indonesia, ​Malaysia, ​Thailand, ​Cambodia ​နဲ့ ​Myanmar ​နိုင်ငံလည်း ​အပါအ၀င် ​ဖြစ်ပါတယ်။ဒါပေမယ့်လည်း ​အမေရိကန်ရဲ့ ​အထူးမိတ်ဖက်နိုင်ငံတွေဖြစ် တဲ့ ​Australia, ​New ​Zealand, ​Britain, ​Japan ​နဲ့ ​Singapore ​တွေကတော့ ​မပါဝင်ဘူးလို့ ​သိရပါတယ်။
တခြား​ဖြစ်ရပ်တခုမှာတော့ ​အမေရိကန်အမျိုးသားလုံခြုံရေးအေဂျင်စီဟာ ​ကမ္ဘာ့ကုလသမဂ္ဂရဲ့ ​လုံခြုံရေး ကွန်ယက်ထဲကို ​ချိုးဖောက်ဝင်ရောက် ​ထောက်လှမ်းမှုတွေရှိခဲ့တယ်လို့ ​သတင်းတွေထွက်ပေါ်လာပြီးနောက်
ပိုင်းမှာတော့ ​ကုလသမဂ္ဂကို ​လျှို့ဝှက်ထောက်လှမ်းမှု ​လုပ်မနေသလို ​နောက်လည်း ​လုပ်ဖို့ ​အစီအစဉ် မရှိဘူးလို့ ​အမေရိကန် ​အစိုးရက ​ပြောကြားလိုက်ပါတယ်။

ABC

No comments:

Post a Comment