Friday, October 25, 2013

ဗုံးပေါက်ကွဲမှု ဖော်ထုတ်ရန် အမေရိကန် ကူညီဟုဆို

23-10-2013
အမေရိကန်နိင်ငံသူတစ်ဦး ထိခိုက်ဒဏ် ရာရှိခဲ့သည့်ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုကို ဖော်ထုတ်နိင်ရန် အမေ ရိ ကန် ပြည်ထောင်စုက နည်းပညာများပံ့ပိုး ကူညီခဲ့ကြောင်း သမ္မတရုံးမှ အဆင့်မြင့် 

အရာရှိ တစ်ဦးကပြောကြားသည်။
ကုန်သည်ကြီးများဟိုတယ်တွင် ထိခိုက်ဒဏ် ရာရရှိသူအမျိုးသမီးသည် အမေရိ

ကုန်နိင်ငံတွင် ကျင်းပမည့် သမ္မတ   ရွေးကောက်ပွဲဝင်ပြိုင်မည့် သမ္မတလောင်း တစ်ဦး၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်ဖြစ်သည်ဟု ၎င်းက
ဆိုသည်။“ဗုံးကို အသက်သွင်း ထောင်ဖို့နေရာကို ဖုန်းဆက်ပြီး ညွန်ကြားချက်တောင်းခံတာကို ဖော် ထုတ် ဖို့ အမေရိကန် ကအချိန်နဲ့ တပြေးညီ ကူညီ ပေးတယ်”ဟု ၎င်းက ဆိုသည်။
ဟိုတယ်တွင်ဗုံးထောင်ရန်လာရောက်တည်းခိုသူသည်ဓါတ်လှေကားကိုပင်အသုံးမပြုတတ်၍ဟိုတယ် ၀န်ထမ်းကလိုက်ပို့ပေးခဲ့ရသည်ဟု ဆိုသည်။
အမေရိကန်အမျိုးသမီး၏အခြေအနေမှာအရေးပေါ်စိုးရိမ်ရသည့်အခြေအနေတွင်မရှိတော့ကြောင်း၊
ခြေထောက်နှစ်ဖက်စလုံးမှာဗုံးစများမှန်ထားသောကြောင့်မတ်တပ်မရပ်နိုင်သေးကြောင်း၊ ကျောက် ကပ်ကိုအနည်းငယ်ထိခိုက် သွားသည်ဟု ယူဆရကြောင်းဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီး ဌာန ဒုတိယ ဝန်ကြီးအောက်တိုဘာလ ၁၅ရက်နေ့ ညနေတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရှင်းပြပြော ဆိုသည်။
ဗုံးပေါက်ကွဲမှုကြောင့်ဒဏ်ရာရရှိသူအမေရိကန်အမျိုးသမီးကိုထိုင်းနိုင်ငံ၊ဘန်ကောက်မြို့ရှိ ဆေးရုံ

တွင် ဆေးကုသမှုခံယူရန်အတွက် အခင်းဖြစ်ပွားသည့်နေ့၌ပင်တွင် လေယာဉ်ဖြင့် ပို့ဆောင် လိုက်ပြီး လေဆိပ် သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနဒုတိယဝန်ကြီး ဒေါက်တာ တင်ရွှေ၊ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။
ယခုလ ၁၅ရက်နေ့ ည ၁၁နာရီ ကျော်ခန့်တွင် ကုန်သည်ကြီးများဟိုတယ်၊ အခန်းနံပါတ် ၉၂၁ ၌ အမေ ရိကန်နိုင်ငံသူ ရေအိမ်တက်စဉ် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားကာ အဆိုပါအခန်းအတွင်း အမေရိ ကန်နိုင်ငံ သား အမျိုးသားတစ်ဦး၊ ကလေးငယ်နှင့်အတူ တည်းခိုနေထိုင်ကြောင်း သိရသည်။
People power
Photo: ဗုံးပေါက်ကွဲမှု ဖော်ထုတ်ရန် အမေရိကန် ကူညီဟုဆို 23/10/2013 အမေရိကန်နိင်ငံသူတစ်ဦး ထိခိုက်ဒဏ်ရာရှိခဲ့သည့် ကုန်သည်ကြီးများ ဟိုတယ် ဗုံးပေါက်ကွဲမှုကို ဖော်ထုတ် နိင်ရန် အမေရိ ကန် ပြည်ထောင်စုက နည်းပညာများ ပံ့ပိုးကူညီခဲ့ကြောင်း သမ္မတရုံးမှ အဆင့်မြင့် အရာရှိတစ်ဦး က ပြောကြားသည်။ ကုန်သည်ကြီးများဟိုတယ်တွင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသမီးသည် အမေရိကုန် နိင်ငံတွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲဝင်ပြိုင်မည့် သမ္မတလောင်း တစ်ဦး ၏ ပြောရေးဆိုခွင့် ရပုဂ္ဂိုလ်ဖြစ်သည်ဟု ၎င်းက ဆိုသည်။ “ဗုံးကို အသက်သွင်း ထောင်ဖို့နေရာကို ဖုန်းဆက်ပြီး ညွန်ကြားချက်တောင်းခံတာကို ဖော်ထုတ်ဖို့ အမေရိကန်က အချိန်နဲ့ တပြေးညီ ကူညီ ပေးတယ်”ဟု ၎င်းက ဆိုသည်။ ဟိုတယ်တွင် ဗုံးထောင်ရန်လာရောက်တည်းခိုသူသည် ဓါတ်လှေကားကိုပင် အသုံးမပြုတတ်၍ ဟိုတယ်ဝန်ထမ်းက လိုက်ပို့ပေးခဲ့ရသည်ဟု ဆိုသည်။ အမေရိကန်အမျိုးသမီး၏ အခြေအနေမှာ အရေးပေါ် စိုးရိမ်ရသည့် အခြေအနေတွင် မရှိတော့ကြောင်း၊ ခြေထောက်နှစ်ဖက်စလုံးမှာ ဗုံးစများ မှန်ထားသော ကြောင့် မတ်တပ်မရပ်နိုင်သေးကြောင်း၊ ကျောက်ကပ်ကို အနည်းငယ်ထိခိုက် သွားသည်ဟု ယူဆရကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး အောက်တိုဘာလ ၁၅ရက်နေ့ ညနေတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရှင်းပြပြောဆိုသည်။ ဗုံးပေါက်ကွဲမှုကြောင့် ဒဏ်ရာရရှိသူ အမေရိကန် အမျိုးသမီးကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရှိ ဆေးရုံတွင် ဆေးကုသမှုခံယူရန် အတွက် အခင်းဖြစ်ပွား သည့်နေ့၌ပင် တွင် လေယာဉ်ဖြင့် ပို့ဆောင် လိုက်ပြီး လေဆိပ်သို့ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ တင်ရွှေ၊ အမေရိကန်သံရုံးမှ တာဝန်ရှိသူများ လိုက်ပါပို့ဆောင်ခဲ့ကြသည်။ ယခုလ ၁၅ရက်နေ့ ည ၁၁နာရီ ကျော်ခန့်တွင် ကုန်သည်ကြီးများ ဟိုတယ်၊ အခန်းနံပါတ် ၉၂၁ ၌ အမေရိကန်နိုင်ငံသူ ရေအိမ် တက်စဉ် ဗုံး ပေါက်ကွဲမှု ဖြစ်ပွားကာ အဆိုပါအခန်းအတွင်း အမေရိကန်နိုင်ငံသား အမျိုးသားတစ်ဦး၊ ကလေးငယ်နှင့်အတူ တည်းခိုနေထိုင်ကြောင်း သိရသည်။

No comments:

Post a Comment