Thursday, October 31, 2013

မလေးရှားနှင့် စင်ကာပူမှ လေကြောင်း လိုင်း နှစ်ခု နေပြည်တော် အခြေပြု ပျံသန်းရန် စီစဉ်


Photo: >> မလေးရှားနှင့် စင်ကာပူမှ လေကြောင်း လိုင်း နှစ်ခု နေပြည်တော် အခြေပြု ပျံသန်းရန် စီစဉ် <<
သန်းနိုင်ဦး ၊ မောင်ပိုင်

နေ ပြည်တော်အပြည်ပြည်ဆိုင် ရာ လေ ဆိပ် ကို လာမည့်ဒီဇင်ဘာလ မှစတင်ကာ နိုင်ငံတကာလေ ကြောင်း လိုင်းနှစ် လိုင်းမှ တိုက် ရိုက်ပျံသန်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော်က ပြည်သူ့ လွှတ်တော်အဋ္ဌမပုံမှန်အစည်း အဝေး ၁၅ရက်မြောက်နေ့တွင် ပြောသည်။
လက်ရှိ နေပြည်တော်အ ပြည်ပြည်ဆိုင်ရာလေဆိပ်တွင် နိုင်ငံတ ကာလေကြောင်း များပျံ သန်းနိုင်ရန်အတွက် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှဖိတ်ခေါ်ထားပြီး လာမည့် ဒီဇင်ဘာလအတွင်း မလေးရှား နှင့် စင်ကာပူလေကြောင်းလိုင်း များမှ တိုက်ရိုက်ပျံ သန်းသွား မည် ဖြစ်ကြောင်း သိရသည်။
ဒုတိယဝန်ကြီး ဦးဇင်ယော် က''ဒီဇင်ဘာလမှာ စင်ကာပူနဲ့ မလေး ရှားလေကြောင်း လိုင်းတွေက နေပြည်တော်လေဆိပ်ကို ပျံ သန်းဖို့အဆိုပြု ထားပါ တယ်''ဟု ပြောသည်။
လက်ရှိနေပြည်တော် အ ပြည်ပြည်ဆိုင်ရာလေဆိပ်ကို ၂၀၁၃ခုနှစ် ဧပြီ ၁ရက်မှ စတင် ကာ နိုင်ငံတကာခရီးစဉ်များပျံ သန်းနိုင်ရန် နိုင်ငံတကာအပြည် ပြည်ဆိုင်ရာလေဆိပ်အဖြစ် လိုအပ် သော ဝန်ဆောင်မှုများနှင့် ပျံ သန်းမှုအထောက်အကူပြုစက် ပစ္စည်းများ တင်ပြထားသော်လည်း ထိုင်းနိုင်ငံအခြေစိုက် လေကြောင်း လိုင်းနှစ်လိုင်းသာပျံသန်းလျက် ရှိကြောင်း သိရသည်။ 
ဦးဇင်ယော်က ''နေပြည် တော်က နိုင်ငံတော်ရဲ့ရုံးစိုက်ရာ မြို့လဲဖြစ်တဲ့အတွက် နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပျံသန်း နိုင်ဖို့အတွက် ထပ်မံဖိတ်ခေါ် ထားပါတယ်''ဟု ပြောသည်။ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ နေပြည် တော် အပြည်ပြည်ဆိုင်ရာ လေ ဆိပ်ကို နိုင်ငံတကာလေကြောင်း လိုင်းများပျံသန်းနိုင်ရန်အတွက် ၂၀၁၃ခုနှစ် ဧပြီ ၁ရက်မှစတင် ကာ ခြောက်လတာကာလအတွင်း လေယာဉ်များ ပျံသန်းဆင်းခနှင့် လေယာဉ်ရပ်နားခများကို ရာ ခိုင်နှုန်း ၅ဝလျှော့ချ ပေးခြင်းနှင့် ခရီးသည်ဝန်ဆောင်ခများကိုပါ အခမဲ့ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။
လက်ရှိနေပြည်တော် အ ပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထိုင်းနိုင်ငံလေကြောင်းလိုင်းများ ဖြစ်သည့်  Bangkok Airway က အောက်တိုဘာ ၂၈ရက်မှစတင် ကာ ဘန်ကောက်-နေပြည် တော်-ဘန်ကောက်ခရီးစဉ်ကို တစ်ပတ် ငါးကြိမ် ပျံသန်း မည်ဖြစ် ပြီး Thai Asia   လေကြောင်းလိုင်း က နိုဝင်ဘာ ၂၈ရက်မှစတင် ကာ  တစ်ပတ်လျှင် ခုနစ်ကြိမ်ပျံ သန်းသွားမည်ဖြစ်ကြောင်း သိရ သည်။
ယင်း အပြင် ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့်  FMI  လေကြောင်းလိုင်းနှင့် APEX  လေကြောင်းလိုင်းတို့မှ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်အ ခြေပြုပျံသန်းနိုင်ရန် လိုအပ်သည် များကိုစိစစ်ကာ ခွင့်ပြုပေးသွား မည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင်  အပြည် ပြည်ဆိုင်ရာလေဆိပ်များအဖြစ် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်တို့ရှိ ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာ
လေဆိပ်ကို နိုင်ငံတကာလေ ကြောင်းလိုင်း ၂၄ လိုင်းပျံသန်း လျက်ရှိ
ကြောင်း သိရသည်။

Source: Yangon Media Group 
Powered by >> www.myanmarcutegirl.com <<
နေ ပြည်တော်အပြည်ပြည်ဆိုင် ရာ လေ ဆိပ် ကို လာမည့်ဒီဇင်ဘာလ မှစတင်ကာ နိုင်ငံတ ကာလေ ကြောင်း လိုင်းနှစ် လိုင်းမှ တိုက် ရိုက်ပျံသန်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးဝန်ကြီး ဌာန ဒုတိယ ဝန်ကြီး ဦးဇင်ယော်က ပြည်သူ့ လွှတ်တော်အဋ္ဌမပုံမှန်အစည်း အဝေး ၁၅ရက်မြောက်နေ့ တွင် ပြောသည်။လက်ရှိ နေပြည်တော်အ ပြည်ပြည်ဆိုင်ရာလေဆိပ် တွင် နိုင်ငံတ ကာလေကြောင်း များပျံ သန်းနိုင်ရန်အတွက် လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီး ဌာနမှဖိတ်ခေါ်ထားပြီး လာမည့် ဒီဇင်ဘာလအတွင်း မလေးရှား နှင့် စင်ကာပူလေကြောင်းလိုင်း များမှ တိုက်ရိုက်ပျံ သန်းသွား မည် ဖြစ်ကြောင်း သိရသည်။ဒုတိယဝန်ကြီး ဦးဇင်ယော် က''ဒီဇင်ဘာလ မှာ စင်ကာပူနဲ့ မလေး ရှားလေကြောင်း လိုင်းတွေက နေပြည်တော်လေဆိပ်ကို ပျံ သန်းဖို့အဆိုပြု ထားပါ တယ်''ဟု ပြောသည်။လက်ရှိနေပြည်တော် အ ပြည်ပြည်ဆိုင်ရာလေ ဆိပ်ကို ၂၀၁၃ခုနှစ် ဧပြီ ၁ရက်မှ စတင် ကာ နိုင်ငံတကာခရီးစဉ်များပျံ သန်းနိုင်ရန် နိုင်ငံတကာ အပြည် ပြည်ဆိုင် ရာလေဆိပ်အဖြစ် လိုအပ် သော ဝန်ဆောင်မှုများနှင့်ပျံသန်းမှုအထောက်အကူပြု စက် ပစ္စည်းများတင်ပြထားသော်လည်းထိုင်းနိုင်ငံအခြေစိုက် လေကြောင်းလိုင်းနှစ်လိုင်းသာပျံသန်း လျက် ရှိကြောင်း သိရသည်။
ဦးဇင်ယော်က''နေပြည် တော်ကနိုင်ငံတော်ရဲ့ရုံးစိုက်ရာ မြို့လဲဖြစ်တဲ့အတွက်နိုင်ငံတကာ လေကြောင်း လိုင်းတွေ ပျံသန်း နိုင်ဖို့အတွက် ထပ်မံဖိတ်ခေါ် ထားပါတယ်''ဟု ပြောသည်။ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ နေပြည် တော် အပြည်ပြည်ဆိုင်ရာ လေ ဆိပ်ကို နိုင်ငံတ ကာလေကြောင်း လိုင်းများပျံသန်းနိုင်ရန်အတွက် ၂၀၁၃ခုနှစ် ဧပြီ ၁ရက်မှစတင် ကာ ခြောက်လ တာကာလအတွင်း လေယာဉ်များ ပျံသန်းဆင်းခနှင့် လေယာဉ်ရပ်နားခများကို ရာ ခိုင်နှုန်း ၅ဝလျှော့ချ ပေးခြင်းနှင့် ခရီးသည်ဝန်ဆောင်ခများကိုပါ အခမဲ့ဖြေလျှော့ပေးခဲ့ကြောင်း သိရသည်။
လက်ရှိနေပြည်တော် အ ပြည်ပြည်ဆိုင်ရာလေဆိပ်ကို ထိုင်းနိုင်ငံလေကြောင်းလိုင်းများ ဖြစ်သည့် Bangkok Airway က အောက်တိုဘာ ၂၈ရက်မှစတင် ကာဘန်ကောက်-နေပြည် တော်-ဘန်ကောက် ခရီးစဉ်ကို တစ်ပတ် ငါးကြိမ် ပျံသန်း မည်ဖြစ် ပြီး Thai Asia လေကြောင်းလိုင်း က နိုဝင်ဘာ ၂၈ရက်မှစတင် ကာ တစ်ပတ်လျှင် ခုနစ်ကြိမ်ပျံ သန်းသွားမည်ဖြစ်ကြောင်း သိရ သည်။
ယင်း အပြင် ပြည်တွင်းလေကြောင်းလိုင်းများဖြစ်သည့် FMI လေကြောင်းလိုင်းနှင့် APEX လေကြောင်းလိုင်းတို့မှ နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်အ ခြေပြုပျံသန်းနိုင်ရန် လိုအပ်သည် များကိုစိစစ်ကာ ခွင့်ပြုပေးသွား မည်ဖြစ် ကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အပြည် ပြည်ဆိုင်ရာလေဆိပ်များအဖြစ် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေ ဆိပ်၊ မန္တလေးအပြည်ပြည် ဆိုင်ရာလေဆိပ်နှင့် ရန်ကုန်အ ပြည်ပြည်ဆိုင်ရာလေဆိပ်တို့ရှိ ပြီး ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နိုင်ငံတကာလေ ကြောင်းလိုင်း ၂၄ လိုင်း ပျံ သန်း လျက်ရှိ
ကြောင်း သိရသည်။

No comments:

Post a Comment