Monday, October 28, 2013

ဗိုလ်တထောင် ဆိပ်ကမ်း အနီး ရေပေါ်ဟိုတယ် ဒီဇင်ဘာလ အတွင်း ဖွင့်လှစ်မည်

ဗိုလ်တထောင် ဆိပ်ကမ်း အနီး ရေပေါ်ဟိုတယ် ဒီဇင်ဘာလ အတွင်း ဖွင့်လှစ်မည်
လှလှပပ လီမိ တက် မှ ဗိုလ် တထောင် ဆိပ်ကမ်း  နယ်မြေ တွင်ဖွင့်လှစ်မည့် 
 ရေပေါ် ဟိုတယ်မှာ အလျား ၁ဝ၆ မီတာ၊ အကျယ်အဝန်း ၁၈ ဒသမ၄မီတာ၊ 
 ရေစူး နှစ်မီ
တာနှင့်တန်ချိန်
 နှစ်ထောင်ကျော် ရှိသည့် စက်မဲ့ သင်္ဘောပြုပြင် မွမ်းမံခြင်း လုပ်ငန်းများကို မြန်မာ့ သင်္ဘောကျင်း လုပ်ငန်းရှိ ၁၂ဝဝဝ ရေလုံသင်္ဘော ကျင်း၌
လုပ်ဆောင် လျက်ရှိပြီး ဒီဇင်ဘာ တွင် ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။
''သင်္ဘောက မြန်မာနိုင်ငံကို ၂ဝ၁၃ ခုနှစ် သြဂုတ် ၁၈ ရက်က ရောက်တယ်။ ဖင်လန်နိုင်ငံ ကနေ သယ်လာတာပါ။ ဒီမှာအပြီးသတ် အတွင်းပိုင်း၊ အပြင်ပိုင်း ပြင်ဆင်ပြီးမှ ဗိုလ်တထောင် ဆိပ်ကမ်းကို ရွှေ့မှာပါ။ ဒီဇင်ဘာလ ပြီးမယ်လို့ ခန့်မှန်းတယ်။ ပွင့်လင်းရာသီမှာ ဖွင့်လို့ ရအောင်လို့ ကြိုးစားနေတာပါ'' ဟု လှလှပပ လီမိတက်မှ စီမံကိန်း အင်ဂျင်နီယာ ဦးလင်းဟန် ကပြောပြခဲ့သည်။
၎င်းသင်္ဘော၏ ပြုပြင်မွမ်းမံခြင်း လုပ်ငန်းများကို ပြီးခဲ့သည့် စက်တင်ဘာမှ စ၍ လုပ်ဆောင် လျက် ရှိကြောင်းနှင့် သင်္ဘောတွင် အခန်းပေါင်း ၁ဝ၄ ခန်း ပါဝင်ကြောင်း ၄င်းက ထပ်မံ ပြောပြခဲ့သည်။
''ပြင်ဆင်မွမ်းမံမှု လုပ်တာက ပြီးခဲ့တဲ့ စက်တင်ဘာက စလုပ်တာ၊ အခန်း ၁ဝ၄ ခန်းပါတယ်။ တစ်ခန်းကို လူနှစ်ယောက် နေလို့ရတယ်။ စားသောက်ခန်းက နှစ်ခန်း၊ ဘားကောင်တာ ပါမယ်။ ဟိုတယ်ဆိုတော့ အစားအသောက်က ဥရောပ၊ အရှေ့တိုင်း အစုံပါတယ်။ လာတဲ့ ဧည့်သည်ကို မြန်မာငွေနဲ့ပဲ ယူမယ်။ ဈေးနှုန်းတော့ မသတ်မှတ် ရသေးဘူး။ ဖွင့်တဲ့ အခါမှ သတ်မှတ်မယ်။ သင်္ဘော အပြင်အဆင်ကို နိုင်ငံခြား ပစ္စည်းတွေပဲ သုံးပါတယ်'' ဟု ၄င်းက ဆက်လက် ပြောကြားခဲ့သည်။
ရန်ကုန်ဆိပ်ကမ်း နယ်မြေကို နိုင်ငံတကာ အဆင့်မီ ဆိပ်ကမ်းတစ်ခု ဖြစ်စေရန် ဆောင်ရွက်မည့် လုပ်ငန်းလေးခု ဖြစ်သည့် ဗိုလ်တထောင် ဆိပ်ကမ်း၊ ဆူးလေ ဆိပ်ကမ်း တံတားအမှတ် ၁၊ ၂၊ ၃၊ ၄၊ နန်းသီ တာဆိပ်ကမ်း၊ လမ်းမတော် နယ်မြေတို့၌ စီးပွားရေး ဆိုင်ရာ ခေတ်မီ အဆောက်အအုံများ တည်ဆောက်ခြင်း၊ အပန်းဖြေ အနားယူနိုင်ရေး နေရာများ  တည်ဆောက်ခြင်း၊ နိုင်ငံတကာ အဆင့်မီ ပြည်တွင်းခရီးသွား ဆိပ်ကမ်းများ ပြောင်းလဲတည် ဆောက်ခြင်း လုပ်ငန်းစဉ်ကို  အကောင်အထည် ဖော်ခဲ့ရာ ရန်ကုန်မြို့ ဆိပ်ကမ်းနယ် မြေသာ ယာ လှပစေရေးနှင့် ပြည်သူတို့ စိတ်အပန်းဖြေရာ နေရာတစ်ခု အဖြစ် ဗိုလ်တထောင် ဆိပ်ကမ်းမှာ ယခင်ကထက် ပိုမို စည်ကားလာပြီဖြစ်ကြောင်း သတင်း ရရှိသည်။
ဗသူ

No comments:

Post a Comment