Tuesday, August 27, 2013

အာဆီယံ၏ တစ်သင်းတည်းသော ခြေစစ်ပွဲအောင်မြန်မာအသင်း AFC U-22 Championship တွင် အိမ်ရှင်အိုမန်နှင့် တအုပ်စုတည်းကျ

အာရှ အသက် ၂၂ နှစ်အောက် ချန် ပီ ယံရှစ် AFC U-22Championship 2014 နောက်ဆုံးအဆင့် ပွဲစဉ်များ အား အိုမန် နိုင်ငံတွင် ၂၀၁၄ ဇန်န ၀ါရီလအတွင်းကျင်းပသွားမည်  ဖြစ် ရာ  ခြေစစ်ပွဲ အောင်မြင် ထား သည့် မြန်မာ့ လက်ရွေးစင် ယူ-၂၂ အသင်းသည် အိမ်ရှင် အိုမန်အ သင်းနှင့် အုပ်စု(က)တွင် ကျရောက် လျက် ရှိပြီး အဖွင့် ပွဲစဉ်ကိုလည်း အိုမန် အသင်းနှင့် ဇန်န၀ါရီ ၁၁ ရက်နေ့ Sultan Qaboos Sports Complex တွင်ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။
အဆိုပါ ပြိုင်ပွဲအတွက် အုပ်စု မဲနှိုက် ခွဲဝေခြင်းကို သြဂုတ် ၂၄ ရက်နေ့က အိုမန်နိုင်ငံ မက်စကတ် မြို့တွင် အာရှ ဘောလုံး အဖွဲ့ချုပ် (AFC)မှ ဦးစီးကျင်းပ ခဲ့ခြင်းဖြစ်ပြီး အသင်းစုစုပေါင်း ၁၆ သင်း ပါဝင်ယှဉ်ပြိုင် ကြမည်ဖြစ်သည်။ မဲနှိုက် ရွေးချယ်မှုအရ မြန်မာ အသင်းသည် အုပ်စု(က)တွင် အိမ်ရှင် အိုမန်၊ တောင်ကိုရီးယား၊ ဂျော်ဒန် တို့နှင့် အတူ ကျရောက်ခဲ့ပြီး ပွဲစဉ်များကို လာမည့် ၂၀၁၄ ဇန်န၀ါရီ ၁၁ ရက်နေ့တွင် စတင် ကျင်းပမည် ဖြစ်သည်။ တောင်ကိုရီးယား အသင်း မှာ မြန်မာ အသင်းနှင့် ခြေစစ်ပွဲ အဆင့်တွင်လည်း အတူကျရောက် ခဲ့ပြီး ယခုတစ်ဖန် နောက်ဆုံး အဆင့် ပွဲစဉ်များ တွင်လည်း ထပ်မံ၍ တစ်အုပ်စုတည်း ကျရောက်ခြင်း ဖြစ်သည်။
AFC U-22 Championship 2014 အုပ်စု ပွဲစဉ်များကို ဇန်န၀ါရီ ၁၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ၊ ကွာတားဖိုင်နယ် ပွဲစဉ်များကို ဇန်န၀ါရီ ၁၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ၊ ဆီမီးဖိုင်နယ် ပွဲစဉ်များကို ဇန်န၀ါရီ ၂၃ ရက်နေ့၊ တတိယ နေရာလုပွဲကို ဇန်န၀ါရီ ၂၅ ရက်နေ့နှင့် ဗိုလ်လုပွဲကို ဇန်န၀ါရီ ၂၆ ရက်နေ့တွင် မက်စကတ် မြို့၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ ယူ-၂၂ အသင်းသည်  ပြီးခဲ့သည့်နှစ် ဇွန်လ ၂၃ ရက်နေ့မှ ဇူလိုင် ၃ ရက်နေ့အထိ ရန်ကုန်မြို့တွင် ကျင်းပခဲ့သည့် အာရှ ယူ ၂၂ ခြေစစ်ပွဲ အုပ်စု(G)တွင် တောင်ကိုရီးယား အသင်းနှင့်အတူ ရှုံးပွဲမရှိ ခြေစစ်ပွဲ အောင်မြင်ခဲ့ပြီး အာဆီယံ ဒေသ၏ တစ်သင်းတည်းသော ခြေစစ်ပွဲ အောင်မြင်သည့် အသင်း ဖြစ်ခဲ့သည်။

AFC U-22 Championship 2014 အုပ်စု ခွဲဝေမှု ရလဒ်

အုပ်စု(က) အိုမန်၊ မြန်မာ၊ တောင်ကိုရီးယား၊ ဂျော်ဒန်
အုပ်စု(ခ) မြောက်ကိုရီးယား၊ ယူအေအီး၊ ဆီးရီးယား၊ ယီမင်
အုပ်စု(ဂ) ဂျပန်၊ သြစတြေးလျ၊ အီရန်၊ ကူဝိတ်
အုပ်စု(ဃ) အီရတ်၊ ဆော်ဒီ အာရေဗျ၊ ဥဇဘတ် ကစ္စတန်၊ တရုတ်

By themff.org

No comments:

Post a Comment