Thursday, July 25, 2013

တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသတွင် မိုးခေါင် ရေရှားမှုကြောင့် လူပေါင်း ၃၄,ဝဝဝ ခန့် သောက်သုံးရေ ပြတ်လပ်

Photo: တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသတွင် မိုးခေါင် ရေရှားမှုကြောင့် လူပေါင်း ၃၄,ဝဝဝ ခန့် သောက်သုံးရေ ပြတ်လပ်
Wednesday, July 24, 2013 

တရုတ်နိုင်ငံ အလယ်ပိုင်း ဒေသရှိ ဟူနန်ပြည်နယ်တွင် ဇူလိုင်လ အစောပိုင်း မှ စတင်၍ ဖြစ်ပေါ်ခဲ့သော မိုးခေါင်မှုကြောင့် လူပေါင်း ၃၈၄,ဝဝဝ ခန့် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ဟူ နန်ပြည် နယ် မိုးခေါင် ရေရှားမှု ပြန်လည် ကယ်ဆယ်ရေး ဌာနက ဇူလိုင် ၂၃ ရက်တွင် ပြောကြားခဲ့သည်။

ဟူနန်ပြည်ရှိ မြို့ကြီး ၁၂ မြို့မှ တိုက်နယ် ၈၇ ခုသည် မိုးခေါင်မှု ဒဏ်ကြောင့် ကောက်ပဲသီးနှံ စိုက်ခင်း ၂၆ဝ,ဝဝဝ ဟက်တာခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မွေးမြူရေး တိရစ္ဆာန် ၂၁၆,ဝဝဝ ခန့် သောက် သုံးရေ ပြတ်လပ်လျက်ရှိကြောင်း၊ ဟူနန်ပြည်နယ် အတွင်းရှိ မြစ်ပေါင်း ၁၂၈ စင်းနှင့် ရေလှောင်ကန် ၁၂၄ ခုတွင် ရေခန်းခြောက်လျက် ရှိကြောင်း၊ လူပေါင်း ၃၆၅,၆ဝဝ ဦး အတွက် ရေဖြန့်ဝေပေးရန်နှင့် စိုက်ပျိုးမြေများကို ရေပေးဝေ ရန်အတွက် လူအင်အား ၁ ဒသမ ၈ သန်း ခန့်နှင့် ရေသယ်ယဉ် ၁၁,၃ဝဝ စီးကို ၎င်းဒေသများသို့ စေလွှတ်ပေးခဲ့ကြောင်း အဆိုပါ ဌာနက ပြောကြားခဲ့သည်။

ဟူနန်ပြည်နယ်တွင် စက်တင်ဘာလအထိ အပူချိန်မြင့်မားပြီး မိုးခေါင်ရေရှား မှု ပြဿနာဆက်လက် ဖြစ်ပွားနိုင်ဖွယ်ရှိသည်ဟု မျှော်မှန်းရကြောင်း ဒေသဆိုင်ရာ မိုးလေဝသ ဌာနက ထုတ်ပြန် ပြောကြားခဲ့သည်။

မြ၀တီ တရုတ်နိုင်ငံအလယ်ပိုင်း ဒေသရှိဟူနန်ပြည်နယ်တွင်ဇူလိုင် လအစောပိုင်းမှစတင်၍ ဖြစ်ပေါ်ခဲ့သော မိုးခေါင် မှုကြောင့် လူပေါင်း ၃၈၄,ဝဝဝ ခန့် သောက်သုံးရေ ပြတ်လပ်မှုနှင့် ရင်ဆိုင်ရလျက်ရှိကြောင်း ဟူ နန်ပြည် နယ် မိုးခေါင် ရေ ရှား မှု ပြန်လည် ကယ်ဆယ်ရေး ဌာနက ဇူလိုင် ၂၃ ရက် တွင် ပြောကြားခဲ့သည်။

ဟူနန်ပြည်ရှိ မြို့ကြီး ၁၂ မြို့မှ တိုက်နယ် ၈၇ ခုသည် မိုးခေါင်မှုဒဏ်ကြောင့် ကောက်ပဲသီးနှံ စိုက်ခင်း ၂၆ဝ,ဝဝဝ ဟက်တာခန့် ပျက်စီးဆုံးရှုံးခဲ့ပြီး မွေးမြူရေး တိရစ္ဆာန် ၂၁၆,ဝဝဝ ခန့် သောက် သုံးရေ ပြတ်လပ်လျက်ရှိကြောင်း၊ ဟူနန်ပြည်နယ်အတွင်းရှိ မြစ်ပေါင်း၁၂၈စင်းနှင့် ရေလှောင် ကန် ၁၂၄ ခုတွင် ရေခန်းခြောက်လျက် ရှိကြောင်း၊ လူပေါင်း ၃၆၅,၆ဝဝ ဦး အတွက် ရေဖြန့်ဝေပေးရန်နှင့် စိုက်ပျိုးမြေများကို ရေပေးဝေ ရန်အတွက် လူအင်အား ၁ ဒသမ ၈ သန်း ခန့်နှင့် ရေသယ်ယဉ် ၁၁,၃ဝဝ စီးကို ၎င်းဒေသများသို့ စေလွှတ်ပေးခဲ့ကြောင်း အဆိုပါ ဌာန က ပြောကြား ခဲ့ သည်။

ဟူနန်ပြည်နယ်တွင် စက်တင်ဘာလအထိ အပူချိန်မြင့်မားပြီး မိုးခေါင်ရေရှား မှု ပြဿနာဆက် လက် ဖြစ် ပွားနိုင်ဖွယ် ရှိသည်ဟု မျှော်မှန်းရကြောင်း ဒေသဆိုင်ရာ မိုးလေဝသ ဌာနက ထုတ်ပြန် ပြောကြားခဲ့သည်။


မြ၀တီ

No comments:

Post a Comment