Tuesday, July 16, 2013

နန်းသီရိမောင် နှင့် မာဂျေ - ချုံခိုတိုက်ခိုက်ခံရခြင်း

ချုံခို က်ခိုက်ခြင်းဆိုတာ စစ်တပ်ကသုံးတဲ့ စကားဖြစ်တယ်။ ရန်သူကို အသာစီးရယူပြီး ချေမှုန်းဖို့အတွက် ပုန်းကွယ်ပြီး စောင့်နေတဲ့ နေရာ။ အဲဒီနေရာကနေ ရန်သူက ဘယ်နေရာကနေ ကိုယ့်ကို ဘယ်သူပစ်နေ တယ်ဆိုတာတောင်မသိလိုက်ဘဲလုံးဝပြုတ်ပြုတ်
ပြုန်းေ အာင် လုပ်နိုင်တယ်။
အခုလည်းအင်တာနက်ပေါ်ကသတင်းဝက်ဘ်ဆိုက်
တွေမှာ၊လူမှုဆက်သွယ်ရေး ကွန်ရက်တွေမှာ မမှန်သ တင်းတွေ၊ မမှန် ရုပ်ပုံတွေတင်ပြီး တစ်ဖက်သားကို အသေဆော်နေကြတယ်။ ရံဖန်ရံခါမှာ မာဂျေတို့ လည်း အဲဒီသတ်ကွင်းမှာ အဆော်ခံရလေ့ရှိတယ်။
ဘယ်သူတွေကို အဲဒီနေရာကနေ ချုံခိုတိုက်လေ့ ရှိသ လဲဆိုတော့ ထင်ရှားကျော်ကြားသူတွေ၊ နိုင် ငံရေး သမားတွေ၊ နိုင်ငံခေါင်းဆောင်တွေ၊ နာ မည်  ကြီး စီးပွားရေးသမားတွေ၊အနုပညာရှင်တွေစသဖြင့်ပေါ့။
အင်တာနက်ဆိုတာလက်သီးပုန်း အလွန်ထိုးလို့ေ ကာင်း တဲ့ နေရာဖြစ်တယ်။ ဒါကြောင့်လည်း ဆိတ်ဖွားဆိုတဲ့ကလောင်နဲ့ လွှတ်တော်အပါအဝင် အဖွဲ့အစည်းများစွာကို၊ ပုဂ္ဂလိကတွေကို တိုက်ခိုက်နေတဲ့ ကလောင်ကို ဖော်ထုတ် မရခဲ့ဘူး။ လွှတ်တော်လို အဖွဲ့အစည်းကတောင် မဖော်ထုတ်နိုင်မှတော့ ကျန်သူတွေက သူတို့ကိုဘယ် သူ ဘယ်ဝါက တိုက်ခိုက်အပုပ်ချပါတယ်ဆိုတာ ဘယ်လိုရှာနိုင်တော့မလဲ။
မနေ့က တနင်္ဂနွေနေ့မှာ ဆရာစံပလာဇာ ငါးထပ်မှာလုပ်နေတဲ့ ဆိုရှယ် မီဒီယာနဲ့ပတ်သက်တဲ့ အလုပ်ရုံဆွေးနွေးပွဲတစ်ခု သွားတက်နေတယ်။ အဲဒီအချိန်မှာ ရွှေနိုင်ငံသစ်က ဖုန်းဝင်လာတယ်။ ကိုင် လိုက်တော့ ဆရာနဲ့ နန်းသီရိမောင်တို့ မျိုးစောင့်ဥပဒေ ဆန့်ကျင်ရေး အင်တာဗျူး လုပ်ပြီး ရွှေနိုင်ငံသစ်သတင်းစာမှာ ဖော်ပြထားတယ်ဆိုပြီး အင်တာနက်မှာ တက်နေတယ်။ ဆရာ တကယ် အင်တာဗျူး လုပ်ထားသလားတဲ့။ တိုက်တိုက်ဆိုင်ဆိုင်ဗျာ။ အမေရိကန်က ပါမောက္ခ တစ်ယောက်ရဲ့ ဆိုရှယ်မီဒီယာ ဆွေးနွေးပွဲတက်နေချိန်မှာ ဒီဖုန်းကဝင်လာတယ်။
နေစမ်းပါဦး။ နန်းသီရိမောင်ဆိုတာလည်း ငါမသိဘူး။ မင်းတို့ဆီကို နေ့စဉ် ငါပို့နေတဲ့ဆောင်း ပါးတွေက တိုင်းပြည်ရဲ့ စနစ်ကို ဝေဖန်ထောက်ပြထားတဲ့ ဆောင်းပါးတွေလေ။
ငါဘယ်သူနဲ့အင်တာဗျူးတာ မင်းတို့ဆီ ပို့ဖူးလို့လဲဆိုပြီး ပြောလိုက်မှ ဒါဆိုရင် ကျွန်တော်တို့ အင်တာ နက်ပေါ်တက်ပြီး ဆရာနဲ့မပတ်သက်ကြောင်း ရှင်းလိုက်ဦးမယ်တဲ့။
နေ့လယ်မှာ စကိုင်းနက်ရုပ်သံက ကိုအောင်ဖြိုးဝင်း ဖုန်းဆက်လာတယ်။ သူလည်း ဒီကိစ္စမေးတာပဲ။ သူကဘာဆက်ပြောလဲဆိုတော့နန်းသီရိမောင်ကပြောတယ်။ ရွှေနိုင်ငံသစ်သတင်းစာကို သူတရားစွဲ လို့ ရ၊ မရတဲ့။
ဒီတော့ ပြန်ပြောလိုက်ရတယ်။ ဟ...ရွှေနိုင်ငံသစ် သတင်းစာမှာ အဲဒီအကြောင်းမှ ဖော်ပြမထားပဲ။ ဒါသက်သက်မဲ့ နန်းသီရိမောင်ကိုရော၊ ငါ့ကိုရော ချတာလို့ ဖြေလိုက်ရတယ်။
ခဏနေပြန်တော့ နန်းသီရိမောင် ဆီကဖုန်းလာတယ်။ ကလေးမလေးက တော်တော်တုန်လှုပ်နေပြီး ဆရာရယ် ဆရာနဲ့သမီးသိလည်း မသိ၊ ဘာအင်တာဗျူးမှလည်း မလုပ်ဖူးပဲနဲ့ သမီးဖေ့စ်ဘွတ်ပေါ်မှာ အဲဒီလိုပြောရမလားဆိုပြီး ဝိုင်းဆဲထားကြတယ်တဲ့။
ဒီတော့မာဂျေက သမီးရေအဲဒါ လက်သီးပုန်းထိုးတာ၊ ကိုယ်ပြောတာမှ မဟုတ်ပဲ။ သိပ်လည်း ထိတ်လန့်တုန်လှုပ်မနေနဲ့။ ဒါ သမီးကိုရော၊ ဆရာ့ကိုရော တစ်ပြိုင်တည်း တိုက်ခိုက်တာဖြစ်တယ်။ ဆရာ အဲဒီစာကို ဖတ်ပြီးပြန်ရေးပေးမယ်လို့ ပြောလိုက်ရတယ်။
ပြီးခဲ့တဲ့လကလည်းနာမည်ကြီးမီဒီယာတစ်ခုရဲ့အမှုဆောင်အရာရှိချုပ်ကအသက်မပြည့် တဲ့ ကောင် မလေးနဲ့ လိင်ဆက်ဆံတဲ့သတင်းကို The Voice ဂျာနယ်မှာ ဖော်ပြဆိုပြီး အင်တာနက်ပေါ်မှာ လုပ်ကြံ ဖူးတယ်။ အဲဒါလည်း လုံးဝမဟုတ်တဲ့ ကိစ္စ။
အခုလည်း အင်တာနက်ဆိုတာကို တယ်လီဖုန်းပေါ်ကနေ သုံးလို့လည်းရပြန်၊ လူတိုင်းလည်း တယ် လီဖုန်း သုံးနိုင်ပြန်ဆိုတော့ ဒီမဟုတ်တဲ့ သတင်းကြီးက ချက်ချင်းပြန့်သွားတာပေါ့။
အဲဒီလူတွေကို ဘုရားသာ သက်တော်ထင်ရှားရှိသေးရင် မကြံအပ်မစည်အပ်တဲ့ အရာကိုကြံတတ်တဲ့ ဧတဒင်္ဂဘွဲ့ပေးမှာ သေချာတယ်။ ဒီစာရေးနေတုန်း လျှပ်တစ်ပြက်ဂျာနယ်က တာဝန်ခံအယ်ဒီတာ ဝဏ္ဏ(အွန်လိုင်း) က ဖုန်းဆက်လာပြန်တယ်။ ကျွန်တော်တို့နဲ့လည်း အင်တာဗျူးလေး ဘာလေး လုပ်ဦးလေတဲ့။ သူကတော့ စတာပါ။ ဒါပေသိ စိတ်ကအတော် နောက်လာပြီ။ မင်းတို့ကလည်း မဟုတ်မှန်း သိနေတာပဲ။ ပြန်ပြီးရှင်းပေးကြဦးလို့ ပြောလိုက်ရတယ်။
ဘယ်မှာ အဲဒီသတင်းတွေ့လဲ ဆိုတော့ myanmardailynews.org ရဲ့ ဖေ့စ်ဘွတ်မှာ မျိုးစောင့်ဥပဒေကို လက်မခံနိုင်ကြောင်း နန်းသီရိမောင် ပြောကြားဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးထားတာ။
တခြား အင်တာနက်သတင်း ဝက်ဆိုက်တွေမှာလည်း ပွနေတာပဲ တင်ထားကြတာ။ သူတို့ရေးမှ မာဂျေတောင် သတင်းထောက် ဖြစ်သွားတယ်။
လိုရင်းကို ရေးရရင် ဦးဝီရသူကို သံဃာတစ်ပါးအဖြစ် ရှုမြင်ဖို့ တွေဝေမိတယ်တို့၊ နန်းခင်ဇေယျာ တို့၊ ကျော်သူတို့၊ နေတိုးတို့ ကလည်း မျိုးစောင့်ဥပဒေကို လက်မခံလို့ နန်းသီရိမောင်ကလည်း သူတို့နဲ့ ထပ်တူပါပဲတို့၊
နိုင်ငံရေးသမားတွေအနေနဲ့လည်း အနုပညာရှင်တွေကို အသုံးချပြီးခေတ်နောက်ပြန်ဆွဲဖို့ မကြိုးစား သင့်ကြောင်းတို့ စသဖြင့် အင်တာဗျူးမှာ ဖြေထားတာ။ ပြောရရင်ဖြင့် သံဃာထုနဲ့ နန်းသီရိမောင်ကို ထိပ်တိုက်တွေ့ခိုင်းလိုက်တာပဲ။
ဖတ်လိုက်တာနဲ့ သိပါတယ်။ ဒါသက်သက် လုပ်ကြံထားတဲ့စာ ဆိုတာကို။ ရွှေနိုင်ငံသစ် သတင်း စာ ကို နေ့စဉ်ဖတ်နေတဲ့ သူတွေကလည်း မဟုတ်ဘူးဆိုတာ သိမှာပဲ။
ခက်တာက အင်တာနက်ပဲသုံးတဲ့ အများစုက ဒီကလေးမ တကယ် ဒီလိုဖြေထားတယ် ပဲထင်ကြ မှာလေ။ နန်းသီရိမောင်ကို မေးကြည့်တယ်။ ဆရာ မဟုတ်တောင် တစ်ယောက်ယောက်ကို အဲဒီလိုများ ပြောခဲ့သလားလို့။ နန်းသီရိမောင်က ဆရာရယ် ဘယ်သူ့ကမှ သမီးကို အဲဒီလိုလာ မမေးသလို၊ သမီးကလည်း အဲဒီလိုမဖြေခဲ့ရပါဘူးတဲ့။
ဒီတော့ ဒီအင်တာဗျူးနဲ့ပတ်သက်ပြီး မေးတယ်ဆိုတဲ့ မာဂျေကလည်း မမေးခဲ့ဘူး၊ ဖြေတယ်ဆိုတဲ့ နန်းသီရိမောင်ကလည်း မဖြေခဲ့ပါဘူးဆိုရင်တော့ ပြည်သူအများ ရှင်းလောက်ပါပြီနော်။
ငယ်ရွယ်ပြီး အနုပညာလောကထဲကို ဝင်ခါစ မြန်မာတိုင်းရင်းသူလေးတစ်ယောက်ကို ဒီလိုလက်သီး ပုန်း ထိုးပြီး အညွှန့်ချိုးတာကတော့ လက်မခံနိုင်စရာ ဖြစ်ပါတယ်။
ဒီလိုကိစ္စကို အရေးမယူဘဲ လျစ်လျူရှုထားမယ်ဆိုရင် တစ်နေ့တခြား အင်တာနက်ပေါ်မှာ မဟုတ်တဲ့ သတင်းတွေ နေရာယူပြီး ကြီးကြီးကျယ်ကျယ် ပြောရရင် အာရပ်နိုင်ငံတွေ ပြိုကွဲသလို တိုင်းပြည်ပါ ဒုက္ခရောက်သွားနိုင်ပါတယ်။သက်ဆိုင်ရာအနေနဲ့ဘယ်သူတွေဘယ်လိုဝေဖန်ဝေဖန်အင်တာနက်ပေါ် က ရာဇဝတ်မှုတွေကို တားဆီးပေးပါလို့လည်း တောင်းဆိုချင်ပါတယ်။
စာပေလောက လွတ်လပ်ပြီး ရေးချင်တာရေးလို့ရနေတဲ့ အချိန်မှာ ဒီလိုပုဂ္ဂိုလ်ရေးအရ အပုပ်ချ တိုက်ခိုက်လက်သီးပုန်းထိုးတဲ့ စာတွေကိုလည်း ပြည်သူတွေအနေနဲ့ မယုံကြည်ကြဖို့ ဒီနေရာကနေ နှိုးဆော်လိုက်ရပါတယ်ဗျာ။
မာဂျေ
ဇူလိုင် ၁၅ ရက် (တနင်္လာနေ့)ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၊ အတွဲ(၂)၊ အမှတ်(၀၀၁)

No comments:

Post a Comment