Monday, July 15, 2013

ခွင့်ပြုချက်မရှိဘဲ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝတ်စုံအားဝတ်ဆင်ပြီး တပ်ဖွဲ့ဂုဏ်သိက္ခာကျဆင်း အောင် ပြုလုပ်ခဲ့သူများအား အရေးယူ

၁၃.၇.၂၀၁၃ ရက်နေ့ ၀၉၃၀ အ 
ချိန် ခန့်တွင် ရဲမှူးသာဌေး၊ အမှတ် 
(၆)ဒုတပ်ခွဲမှူး(ရန်ကုန်)၊ ယာဉ်ထိန်း ရဲ တပ်ဖွဲ့သည်facebook တွင် ယာဉ် ထိန်း ရဲ ၏ ကကွက်ဆန်းခေါင်း စဉ်ြ ဖင့်ရန်ကုန်မြို့၊အနော်ရထာ
လမ်းနှင့် ဆူးလေ ဘုရားလမ်းဆုံ မီး ပွိုင့်၌ ယာဉ်ထိန်း ရဲ တပ်ဖွဲ့ဝတ်စုံ ၀တ် ဆင်၍လမ်းလယ်တွင် ယာဉ် ထိန်းရဲလမ်းရှင်းအချက်ပြနေပုံ
အား ဒန်ဆာအကဖြင့်သရုပ်ပျက် က ခုန် လက်ပြနေသည် ကိုတွေ့ရှိရ သဖြင့်စုံစမ်းရာအဆိုပါသူမှာ ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်တစ်ဦး မဟုတ်ဘဲ သရုပ်ဆောင် မင်းမင်းထွန်းဆို သူဖြစ်ပြီး (Mango)ကုမ္မဏီ၏ ဗီတာမင်(စီ)ကြော်ငြာ အတွက် ဒါရိုက်တာဇော်ကိုကိုမှ စီစဉ်ရိုက်ကူးကြောင်း၊ သရုပ်ဆောင်မင်းမင်းထွန်းဝတ်ဆင် ရိုက် ကူးခဲ့သည့်ယာဉ်ထိန်းရဲတပ်ဖွဲ့ ၀တ်စုံအား ၎င်းတို့အစီအစဉ်ဖြင့် မင်္ဂလာဒုံဈေးမှ ချုပ်လုပ်ဝယ် ယူ ခဲ့ကြောင်း စုံစမ်းသိရှိခဲ့ရသဖြင့် ယာဉ်ထိန်းရဲ တပ်ဖွဲ့ဝတ်စုံအားခွင့်ပြု ချက် တစ်စုံတစ်ရာ မရှိ ဘဲယာဉ်ထိန်းရဲတပ်ဖွဲ့ဝင် တစ်ဦးအဖြစ် အယောင်ဆောင်ဝတ်ဆင်အသုံးပြုခဲ့ပြီး ရန်ကုန်မြို့ လယ်ရှိ လူအများ စည်ကားရာနေရာတွင်
ယာဉ်ထိန်းရဲတပ်ဖွဲ့၏ ဂုဏ်သိက္ခာညှိုးနွမ်း ကျဆင်းအောင်ရည်ရွယ်ကာ ပူးပေါင်းပြုမူဆောင်ရွက် ခဲ့ကြ သူများဖြစ်သည့် (Mango)ကုမ္ပဏီမှ အထွေထွေမန်နေဂျာ ဒေါ်ခင်သက်ခိုင်၊ ဒါရိုက် တာဇော် ကိုကိုနှင့် သရုပ်ဆောင် မင်းမင်းထွန်းတို့အား အရေးယူပေးပါရန် ရဲမှူးသာဌေးမှ တိုင်တန်း ခဲ့၍ ကျောက်တံတား ရဲစခန်း(ပ)၂၄၄/၂၀၁၃၊ ပုဒ်မ ၁၇၁/၅၀၀/၁၁၄ ဖြင့် အရေးယူဆောင်ရွက် လျက်ရှိ ကြောင်း သတင်း ရရှိပါသည်။
From: ရဲဇာနည်

No comments:

Post a Comment