Monday, June 10, 2013

"Huawei Ascend Mate စမတ်ဖုန်းအကြောင်း တစေ့တစောင်း"

Monday, June 10, 2013
ပြည်တွင်းမှာ လိုင်းဆွဲအား ကောင်းတယ်လို့  ဆို တဲ့ Hauwei စမတ်ဖုန်း ဖြစ်ပါတယ်။ မျက်နှာ ပြင်က ၆.၁ လက်မ ရှိပါတယ် ။ လက်ဖ၀ါး တစ်ခု စာအပြည့်ကိုင်ရမဲ့ဖုန်းဖြစ်ပါတယ်။ "ဖုန်း နဲ့ ပတ် သတ်ပြီး" မျက်နှာပြင်ဟာ ၆.၁ လက်မ ရှိတဲ့ အ တွက်စမတ်ဖုန်းတွေ ထဲမှာ အကြီးဆုံး လို့  ဆိုနိုင် ပြီးSamsungရဲ့  နောက်ဆုံးထွက် S4 ထက်တောင် မျက်နှာပြင် ကြီးတဲ့ ဖုန်းတစ်လုံး လို့  ဆိုရမှာ ဖြစ်ပါတယ်။ ဖုန်း တစ် ခုလုံး ရဲ့  အရွယ်အစား ကတော့ အထူ ၀.၄ လက် မ ၊ ဘေး အကျယ် ၃.၄ လက်မနဲ့  ဒေါင်လိုက် အမြင့်က ၆.၅ လက်မ ရှိပါတယ်။ Screen Resolution ကတော့ 720x1280m Pixel ထိ ရှိပါတယ်။
Quad-core 1.5CHz CPU ကို ထည့်သွင်း အသုံးပြု ထားပါတယ်။ဖုန်းအတွင်း Memory က 8GB ရှိပြီး ဆော့ဝဲလ် သွင်းပြီး 4.68GB အသုံးပြု နိုင်ပါမယ်။ External အနေနဲ့ MicroSD Card ကို 32 GB အထိ ထပ်တိုး နိုင်ပါတယ်။
ကင်မရာ နှစ်ဖက်ပါတဲ့ Dual Camera စနစ်ဖြစ်ပြီး ဖုန်းကျောဘက် ကင်မရာက 8.0 Megapixel ရှိကာ Auto Focus ၊ Geotagging ၊ LED Flash စနစ်တို့  ပါဝင်ပြီး မျက်နှာချင်းဆိုင် ဖုန်းကင်မရာက1.0 Megapixel ပါရှိပါတယ်။
Huawei ဆိုတဲ့ အတိုင်း Android OS ဖြစ်ပါတယ်။ Jelly Bean 4.1 ကို အသုံးပြုထားပါတယ်။
"ဖုန်း ရဲ့ အာရုံခံနိုင်စွမ်း "
Screen ကို အလိုအလျှောက်လှည်ပေးနိုင်မဲ့ Accelerometer Sensor ၊ ဖုန်းပြောနေစဉ် Screen ကို ပိတ်ထားနိုင်တဲ့ Proximity Sensor နဲ့ Gryo Sensor , Compass အစရှိတဲ့ အလိုအလျောက် သိရှိ တုန့်  ပြန်နိုင်တဲ့ Sensor စနစ်များကို ပြည့်ပြည့်စုံစုံ အသုံးပြုထားတာကို တွေ့ ရပါတယ်။

Hauwei K3V2 ဆိုတဲ့ Chipset ကို ထည့်သွင်း အသုံးပြု ထားပါတယ်။ Wifi အသုံးပြုနိုင်ပြီး Bluetooth ကတော့ v4.0+BLE ပါ။ ဖုန်း ဘထ္ထရီ Li-Ion 4,050mAh ကို ထည့်သွင်းထားပါတယ်။
နောက်ပြီး ဖုန်းမှာ built-in ပါဝင်တဲ့ Feature တွေကလည်း အလန်းစား ဖြစ်တယ် ဆိုပြီး ကြေ ငြာထား ပါတယ်။ GSM နဲ့  WCDMA အသုံးပြုနိုင်ပါတယ်။
အရွယ်အစားကြီးပြီး ကိုင်ရတာလည်း သက်သောင့်သက်သာ ရှိပါတယ် ။ Screen ကျယ်ကျယ်နဲ့  ဒီဇိုင်း ဆန်းဆန်း ကြိုက်သူများအတွက်တော့ အဆင်ပြေပါလိမ့်မယ်။
ဈေးနှုန်းက USD $479 ရှိပါတယ်။ အရောင်အနေနဲ့  Crystal Black နဲ့ Pure White ဆိုပြီး နှစ်မျိုး ရရှိနိုင်ပါမယ်။ ပြည်တွင်း ဈေးကွက်မှာလည်းရောင်းချနေပြီလို့ သိရပါတယ်။
--------
Ref:liaow
Freddy ( Stuff Myanmar )
Stuff Myanmar Magazine

No comments:

Post a Comment