Wednesday, June 5, 2013

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ထိခိုက်ဒဏ်ရာရခြင်း၊ အသက်ဆုံးရှုံးခြင်းများ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရ အနေဖြင့် လိုအပ်သည့် အရေးယူမှုများ ပြုလုပ်ရန် မြန်မာအစိုးရ သတိထောက်လွှာပေး

မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ ထိခိုက်ဒဏ်ရာ ရခြင်းနှင့် အသက် ဆုံးရှုံးခြင်း များ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရအနေဖြင့်လိုအပ်သည့်အရေးယူမှုများ  ပြု လုပ်ရန် မြန်မာ အစိုး ရက သတိထောက်လွှာ ပေးအပ်ခဲ့သည်ဟု ဇွန် ၄ ရက် ညပိုင်းက မြန်မာ့ ရုပ်မြင် သံကြား သတင်း အစီ အစဉ်တွင် ဖော်ပြခဲ့သည်။
ဇွန် ၄ ရက် မွန်းလွဲပိုင်းက နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဇင်ယော်က မြန်မာနိုင်ငံ ဆိုင်ရာ မလေး ရှား သံအမတ်ကြီး မစ္စတာအာမတ်ဖိုင်ဆဲ ဘင်မိုဟာမက်အား ဖိတ်ခေါ်တွေ့ဆုံပြီး မကြာမီ ရက်ပိုင်း အတွင်း က မလေးရှားနိုင်ငံတွင် နေထိုင်အလုပ် လုပ်ကိုင်လျက်ရှိ သည့် မြန်မာနိုင် ငံသားများ အတိုက်ခိုက် ခံရသည့် အတွက် အသက်ဆုံးရှုံးမှု၊ ထိခိုက်ဒဏ်ရာ ရရှိမှုများနှင့် ပတ်သက် ပြီး သတိထောက်လွှာ ပေးအပ် ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆို ပါ သတိထောက်လွှာတွင် မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရ မှုများအတွက် ချက်ချင်းစုံစမ်း စစ်ဆေးဖော် ထုတ်ရန်၊ ပြစ်မှုကျူးလွန် သူများအား ဥပဒေနှင့်အညီ အရေးယူပေးရန်တို့ ပါဝင်သည်။  ထို့ပြင် မြန်မာနိုင်ငံ သားများ၏ လုံခြုံရေးအတွက် လိုအပ်သည့် ကာကွယ်စောင့်ရှောက် မှုများ ဆောင်ရွက်ပေး ရန်၊ မြန်မာနိုင်ငံသားများ တိုက်ခိုက်ခံရမှုများနှင့် ပစ္စည်းဥစ္စာ ဆုံးရှုံးခြင်း၊ ထိခိုက် ဒဏ်ရာ ရခြင်း၊ အသက်ဆုံးရှုံးခြင်းများ ထပ်မံမဖြစ်ပေါ်စေရေး မလေးရှား အစိုးရမှ လိုအပ်သည့် အရေးယူမှုများ ဆောင် ရွက်ပေး ရန်တို့ ပါရှိကြောင်း သတင်းတွင် ဖော်ပြခဲ့သည်။
မလေးရှားနိုင်ငံရှိ မြန်မာနိုင်ငံသားများ၏လုံခြုံရေးနှင့်ပတ်သက်ပြီးမလေးရှားနိုင်ငံတွင်ရှိသည့်  မြန် မာ သံအမတ် သည်လည်း ဇွန် ၅ ရက်တွင် မလေးရှား နိုင်ငံခြားရေး ၀န်ကြီးဌာနသို့ သွားရောက် မည်ဟု သိ ရကြောင်း နိုင်ငံတော် သမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီး ဦးရဲထွဋ်က ၄င်း၏ Facebook  စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။

No comments:

Post a Comment