Thursday, June 13, 2013

ဦးဌေးဦးနဲ့ ဦးသိန်းညွန့် သုံးသပ်တဲ့ သူရရွှေမန်းသမ္မတဖြစ်လိုကြောင်းစကားနဲ့ ဒေါ်အောင်ဆန်းစုကြည် ကျော်လွှားရမယ့် ပုဒ်မ ၅၉ (စ) -

ဇွန်လ ၁၂ ရက် ၂၀၁၃
ဒေါ်အောင်ဆန်းစုကြည်ကသူမ၏ ပြည်ပခရီးစဉ်တစ်ခုအတွင်း၂၀၁၅၌သမ္မတဖြစ်လို ကြောင်း ပြော ကြား ခဲ့ပြီး နေပြည် တော်တွင် ကျင်းပပြုလုပ်ခဲ့သည့် ကမ္ဘာ့စီးပွားရေး ဖိုရမ်၌လည်း ဒုတိယ အကြိမ် ထပ်မံ၍ သမ္မတ ဖြစ်လိုကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌသူရ ဦးရွှေမန်း ကလည်း သူ၏အမေရိကန်ခရီးစဉ်၌ VOA သတင်းဌာနနှင့် မေးမြန်းခန်းပြု လုပ်ရာ၌ မိမိအနေဖြင့်လည်း ၂၀၁၅ တွင် သမ္မတ ဖြစ်လို ကြောင်း ပြောကြားခဲ့ပြီး ယင်းသို့ ပြောကြားချက်နှင့် ပတ်သက်၍ သမ္မတဖြစ်လိုကြောင်း ဆန္ဒပြုသူ နှစ်ဦးစလုံးမှာ အမိနိုင်ငံတော်၌ ဦးစွာ ပြောကြားခြင်း မျိုး မဟုတ် ဘဲ ပြည်ပနိုင်ငံများ၌သာ ပြော ကြားခြင်းမှာ ထူးခြားမှုတစ်ခုပင်  ဖြစ်ကြောင်း လေ့ လာ သူ အချို့က သုံးသပ်ကြသည်။ ယင်းနှင့်ပတ် သက်၍ နိုင်ငံရေးနှင့် လွှတ်တော် နယ်ပယ်၌ ထင်ရှား သူ အချို့ အားHot Newsမှ ဆက်သွယ်၍ သဘောထားမေးမြန်း ဖြစ်ခဲ့ပါ သည်။

ဦးဌေးဦး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်(USDP)
လွှတ်တော်ဥက္ကဋ္ဌကြီးရော ဒေါ်အောင်ဆန်းစု
ကြည်ရော နှစ် ဦးစလုံးက သူတို့ရဲ့ဆန္ဒကို ပြော တာပါ။ သူတို့တိုင်းပြည်ကို တာဝန်ယူချင်တဲ့ ဆန္ဒတို့ပြောကြ တာပါ။ ဒါနဲ့ပတ်သက်ပြီး ပြောရ မယ်ဆိုရင်သမ္မတဖြစ်ချင်ကြောင်း ဆန္ဒပြုကြတဲ့ ပုဂ်္ဂိုလ်နှစ်ဦးစလုံး ဟာလည်း တကယ့်ကို
လုပ်နိုင်တဲ့ အရည်အချင်းတွေ ရှိပါတယ်။ ပြီး တော့ တိုင်းပြည်အတွက် တကယ်အလုပ်လုပ်မယ့် လူတွေ  လည်းဖြစ်ကြပါတယ်။ ဒါပေမဲ့ ၂၀၁၅ ဆိုတာက လိုပါသေး တယ်။ လိုသေးတယ်ဆိုပေမဲ့ လည်းရှိနေတဲ့အချိန်ပေါ်မှာမူတည်ပြီးသမ္မတဆန္ဒပြုတဲ့လွှတ် တော်ဥက္ကဋ္ဌကြီးရော၊ ဒေါ် အောင်ဆန်း စုကြည်ရော ကြိုးစား ကြရလိမ့်မယ်။ ကြိုးလည်းကြိုးစား နေကြပါတယ်။

ဦးသိန်းညွန့်(NNDP) ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်နှင့် ဥပဒေပညာရှင်လွှတ်တော်ဥက္ကဋ္ဌကြီး  ၂၀၁၅ သမ္မတဖြစ်ချင်တယ်ဆိုတဲ့ စကားကို လေ့လာတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဟာ လည် ပြည်ပနိုင်ငံတစ်ခုမှာ ပထမဆုံး ပြောခဲ့တယ်။ ခုလွှတ်တော်ဥက္ကဋ္ဌ ကြီးဟာလည်း အမေရိက ခရီး စဉ်မှာ ပြောခဲ့တယ်။ ဒါနဲ့ပတ် သက်ပြီး ပြောရမယ်ဆိုရင် ပြည် တွင်းမှာ ၂၀၁၅ သမ္မတဖြစ်ရေး အတွက် ဆန္ဒပြုသူနှစ်ဦးစလုံးဟာ အမိနိုင်ငံမှာ ဦးဆုံးပြောတာ မဟုတ်ဘဲ ပြည်ပနိုင်ငံ ခရီးစဉ် တွေ မှာ ပြောကြားခဲ့တာဟာ ထူး ခြားတယ်လို့ ကျွန်တော်ယူဆ တယ်။

နောက်တစ်ခုက သမ္မတ လောင်းနှစ်ဦး စလုံးဟာ ၂၀၁၅ မှာဝင်ပြိုင်မယ်ဆိုတဲ့အတွက် မြန်မာ့နိုင် ငံရေးစင်မြင့်မှာ လှုပ်လှုပ်ရွရွဖြစ်ပြီး အရမ်းကို ကြည့်ကောင်းတဲ့ပွဲတစ်ပွဲပဲ။ ဒါပေ မဲ့ ဖွဲ့စည်းပုံ အခြေ ခံဥပဒေအရ သုံးသပ်ရမယ်ဆိုရင် သူရဦးရွှေ မန်းဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉အပိုဒ်ခွဲ(စ) နဲ့ညီညွတ်နေ တဲ့အတွက်သူရဲ့သမ္မတ ၀င် ရောက်ယှဉ်ပြိုင်မှုမှာ ဘာအတား အဆီးမှ မရှိတော့ ဘူး။ ဒေါ် အောင်ဆန်းစုကြည်ကတော့ သူ့ခင်ပွန်းကရော၊ သူ့သားသမီး နှစ်ဦးကရော နိုင်ငံခြား သားတွေ ဖြစ်နေတယ်။ ဒီတော့ သူ့ရဲ့ သမ္မတ ၀င်ရောက်ယှဉ်ပြိုင်မှုမှာ အခြေခံဥပဒေပုဒ်မ ၅၉(စ) က အတားအဆီးသဘောဖြစ်နေတယ်။

ဒါနဲ့ပတ်သက်ပြီး အနီးဆုံးသာဓက တစ်ခုကို ကြည့်မယ်ဆိုရင် တိုင်း ဒေသကြီး ၀န်ကြီးချုပ်တစ်ဦးရဲ့ သားမက်တော်စပ်သူဟာ နိုင်ငံ ခြားသားဖြစ်တဲ့အတွက် သူ့ရဲ့ ဒုတိယ သမ္မတဖြစ် ခွင့်မရခဲ့တာ လည်း အထင်အရှားကြီးရှိနေ တယ်။ ဒီလိုသာဓကမျိုးကို သိရဲ့ သားနဲ့ ဒေါ်အောင်ဆန်းစုကြည် က သမ္မတ၀င်ပြိုင်မယ်လို့ ပြော တာဟာ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို သူလိုချင်တဲ့ပုံစံအတိုင်း လုပ်နိုင် မယ်လို့ယူဆလို့ ပြော သလားလို့ပေါ့နော်”” အထက်ပါ သုံးသပ်ချက်များအပြင် မကြာမီ ကာလအ တွင်းHot News နှင့်NLDဗဟိုအလုပ်အမှုဆောင် ကော်မတီဝင် ဦးဝင်းမြင့်တို့ တွေ့ဆုံခဲ့ရာတွင်လည်း ယင်းမှ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လိုသည်မှာ အာဏာရလိုမှု၊ လုပ်ပိုင်ခွင့်ရလိုမှုသက်သက် မဟုတ်ဘဲ လူစုအကျိုးကိုထိ ရောက်စွာ သယ်ပိုးကူညီနိုင်ရန် အတွက် လုပ်ပိုင်ခွင့်၊ အာဏာ ရှိမှသာ အထိရောက်ဆုံးလုပ်နိုင် မည်ဖြစ်သဖြင့်သာ သမ္မတလုပ်လို ကြောင်း ပြောကြားခဲ့သည်။

 နိုင်ငံ ရေးနှင့်ဥပဒေရေးနယ်ပယ်မှ လေ့လာစောင့်ကြည့်သူများ ကလည်း ဒေါ်အောင်ဆန်းစု ကြည် ၏ သမ္မတ၀င်ပြိုင်မည်ဆို သည့်စကားနှင့်ပတ်သက်၍ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေ၌ပြဋ္ဌာန်း ထားသော ပုဒ်မ (၅၉)(စ)ပါပြဋ္ဌာန်းချက်အား မည် သို့ကျော်လွှားမည်ကို စိတ်ဝင်စား စောင့် ကြည့် လျက်ရှိနေကြသည်။

ခန့်ခန့်(ဒဿနိက)

No comments:

Post a Comment