Wednesday, June 12, 2013

မလေးရှားတွင် မြန်မာများ အကြမ်းဖက် တိုက်ခိုက်ခံရမှု တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စာနာနားလည်မှုများ ပိုမိုပြသလာ

မလေးရှား နိုင်ငံတွင် မြန်မာနိုင်ငံသားများ အကြမ်းဖက် တိုက်ခိုက်ခံနေရမှုနှင့် ပတ်သက်၍ နာမည် ကြီး သတင်း ဌာန ဘီဘီစီ အပါအ၀င် နိုင်ငံတကာ သတင်းအေဂျင်စီ အချို့တွင် အကျယ် တ၀ံ့ ဖော်ြ ပ ထားခြင်း မရှိသည်ကို တွေ့ရပြီး ဘီဘီစီ သတင်းဌာနတွင် ဇွန် ၉ ရက်က သတင်း တိုတစ်ပုဒ် ထည့် သွင်းထား သည် ကို တွေ့ရသည်။မလေးရှားတွင်သွားရောက်အလုပ်လုပ်ကိုင်နေသည့်ကိုစံမင်းက"ကျွန်တော်တို့  ဖြစ်ဖြစ်ချင်းမှာ ပြည်ပက နာမည်ကြီး သတင်းဌာနတွေက ဘာသံမှ မထွက်ပါဘူး။ ဒါကြောင့်လဲ။တချို့ လူတွေက ဘာမှ သိပ်မ သိလိုက်တော့ မရှောင်နိုင်လိုက်ကြဘူး။ ရခိုင်ကိစ္စ တုန်းကကျတော့ လူ့အခွင့် အရေးဆိုပြီး အော်
လိုက်ကြတာ ကျွန်တော်တို့ကိုကျတော့ လူ့အခွင့်အရေးနဲ့ ကာကွယ်မပေးကြဘူး" ဟု ရင်ဖွင့်သည်။


မလေးရှားတွင် မြန်မာနိုင်ငံသားများအကြမ်းဖက်တိုက်ခိုက်ခံရမှုအတွက်တရားခံများ ဖော် ထုတ်နိုင်ခြင်း မရှိသေး ချိန်တွင် မြန်မာနိုင်ငံသား နှစ်ဦးနှင့် ဘင်္ဂလားေ ဒ့ရှ် နိုင်ငံ သား တစ်ဦး တို့ကို လူသတ်မှု သုံးခု အတွက် သံသယ ရှိသူများအဖြစ် ဆီလန်ဂေါ ရဲတပ်ဖွဲ့မှ အလို ရှိ သူ များ ဖြစ်ကြောင်း ဇွန် ၁၀ ရက်က ထုတ်ပြန်နေ သည်ကို တွေ့ရစဉ် (Photo: PolisSelangor facebook)
မလေးရှား နိုင်ငံတွင် မြန်မာများ အကြမ်းဖက်ခံရမှု ပိုမိုဆိုးရွားလာပြီး မြန်မာတစ်နိုင်ငံလုံးက အ တိုင်း အတာဖြင့် စာနာနားလည်မှုများ ပိုမိုရှိလာကြောင်း သိရှိရပါသည်။မလေး ရှားရောက် မြန် မာနိုင်ငံ သားများအား ဒေသခံ လူတစ်စုက တိုက်ခိုက်မှုများ မေ ၂၉ ရက်မှ စတင် လာခဲ့ပြီး ယနေ့ အထိ ဆက်လက်တိုက်ခိုက် နေမှုများ ဖြစ်ပွားနေသောကြောင့် မလေးရှားတွင်ရှိသော မြန်မာ လူမျိုး တို့ စိုးရိမ်ကြောက်ရွံ့လျက် ရှိနေသည်ဟု မလေးရှားတွင် ရှိနေသော မြန်မာများက ပြော ဆိုကြ သည်။
မလေးရှားတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့် ပတ်သက်ပြီး  ကိုဂျင်မီက "ကျွန်တော်တို့ မလေးမှာ ဖြစ်ပွားနေတဲ့ အခြေအနေကို သုံး သပ်ကြည့်တော့ မလေးရှားဒေသခံ မွတ်စလင်တွေ နဲ့ မြန်မာလူမျိုးတွေနဲ့ ဖြစ်တာမဟုတ်ဘူး။ မလေး ရှား နိုင်ငံထဲကို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေနဲ့ ဖြစ် တာလို့ သိရတယ်။ ကျွန်တော်တို့ကတော့ ဒီကိစ္စကို ကူညီဆောင်ရွက်ဖို့ မြန်မာအစိုးရရဲ့ သက်ဆိုင် ရာ ဌာနတွေကို အကြံပြုတာ၊ တိုက်တွန်းတာ၊ အချက် အလက် ပေးပို့တာတွေကို လုပ်ပေးပါတယ်။ အဓိက အရေးအကြီးဆုံး နှစ်ချက်က မလေးမှာ ရှိနေတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေး၊ အဓိက ကတော့ အသက်အန္တရာယ်ပေါ့။ နောက်တစ်ချက်က အရင်လို အေးအေးချမ်းချမ်းနဲ့ အလုပ်လုပ် ကိုင် နိုင်ဖို့အတွက် အဖွဲ့အစည်းတွေ အားလုံးပေါင်းပြီး အစိုးရ နှစ်ရပ်လုံးဆီကို အကြံပြုကြဖို့ လိုပါ တယ်" ဟု ၎င်းကပြောကြားခဲ့သည်။  
မလေးတွင် အလုပ်လုပ်ကိုင်နေသူ မြန်မာနိုင်ငံသား တစ်ဦးက "အခု မလေးရှားက လူတွေအတွက် တစ်နိုင်ငံလုံးကလူတွေ တွေးပူပေးကြလို့ ဒုက္ခရောက်နေတဲ့ လူတွေ ကိုယ်စား အားလုံးကို ကျေးဇူး တင်ပါတယ်လို့ ပြောပါရစေ။ အထူးသဖြင့်တော့ ဒီကလူတွေ အိမ်အပြန်ခရီး ချောမွေ့စေဖို့နဲ့ ဒဏ်ရာ ရတဲ့ သူတွေအတွက်ပါ ကူညီကြတဲ့ ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်တို့ကို ကျေးဇူးတင်ပါတယ်။ တစ်နိုင် ငံလုံးက ကိုယ့်လူမျိုးတွေကို မေ့မထားဘူးဆိုတာ သိရလို့ မျက်ရည်လည်အောင်ဝမ်းသာမိပါ တယ်။ တစ်လက်စတည်း ကျွန်တော်ပြောချင်တာက အခုဒီမှာနေပြီး ဒုက္ခပိုရောက်ကျတာ Over stay တွေပါ။ သူတို့ကို ဦးစားပေးအနေနဲ့ ကူညီစေချင်ပါတယ်။ သူတို့လည်း Over stay  ဖြစ်ချင် လို့ ဖြစ်တာမဟုတ်ပါဘူး။ အခက်အခဲ အမျိုးမျိုးကြောင့်ပါ။ အခု သူတို့က ပိုဒုက္ခ ရောက်ပါတယ်။ ကျွန်တော်အဓိက ပြောချင်တာ Over stay သမားတွေကို ဦးစားပေးပါလို့ ပြောချင်ပါတယ်" ဟု ပြောကြားသည်။
မလေးရှား နိုင်ငံအတွင်း အကြမ်းဖက် ခံခဲ့ရသဖြင့် ဒုက္ခရောက်နေသော မြန်မာနိုင်ငံ သားတို့ အား  မြန်မာတိုင်းရင်းသား စီးပွားရေး လုပ်ငန်းရှင်များဖြစ်သည့် ဦးအောင်ကိုဝင်း၊ ဦးဇော်ဇော်၊ ဦးတေဇတို့က ငွေလှူဒါန်းခြင်းများ ပြုလုပ်ခဲ့ပြီး ပြန်လာလိုသည့် သူများအား လေယာဉ်လက်မှတ် များကိုပါ လှူဒါန်းခဲ့ကြောင်း သိရသည်။ ထို့ပြင် မြန်မာနိုင်ငံ နယ်ပယ်အသီးသီးမှ အလှူရှင်များ ကလည်း မိမိတို့ တတ်နိုင်သ၍ လှူဒါန်းမှုများ ပြုလုပ်နေကြပြီ ဖြစ်သည်။


No comments:

Post a Comment